တရုတ်ဟက်ကာများက လက်ကိုင်ဖုန်းကိုပင် ထောက်လှမ်းမွှေနှောက်လျက်ရှိဟု အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ပြော

 672

Htay Oung (NP News) - ဖေဖော်ဝါရီ ၄

အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးဖြစ်သူ ဂျိုစီမန်နျူရယ်ရိုမျူရယ်ဒက်ဇ်ဟာ အမြဲတမ်းအလုပ်များနေတတ်ပါတယ်။ ယခင် သမ္မတ ရိုဒရီဂိုဒူတာတေးလို အိမ်ဖြူတော်အပေါ် ရစရာ မရှိအောင် ဝေဖန်တတ်သူ လက်ထက်မှာပင် အမေရိကန်နဲ့ဆက်ဆံရေး မပျက်ပြားစေဖို့ လုပ်ရကိုင်ရတာလည်း ရှိခဲ့ပါတယ်။

ယခု ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယအကြိမ် အုပ်ချုပ်ရေးစတင်ချိန် ဖိလစ်ပိုင်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့မူဝါဒ တွေဘယ်လိုရှိလဲ သိရှိဖို့အရေးဟာ သံအမတ်ကြီး ရိုမျူရယ်ဒက်ဇ်အတွက် စိန်ခေါ်မှုအသစ်ဖြစ်နေပါတယ်။ ဒါပေမဲ့ သူရဲ့အကြီးမားဆုံး စိုးရိမ်ပူပန်မှုတွေထဲက တစ်ခုကတော့ တရုတ်တွေက သူ့ရဲ့ဖုန်းကို အကြိမ်ပေါင်းများစွာ ထိုးဖောက်မွှေနှောက်နေတယ်လို့ စွပ်စွဲစရာကြုံတွေ့နေရခြင်းပဲ ဖြစ်ပါတယ်။ "ကျွန်တော့်ဖုန်းကို အကြိမ်ပေါင်းများစွာ ကြားဖြတ်နားထောင်ခံခဲ့ရပြီးပါပြီ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဖုန်းတွေ အကြိမ်ကြိမ်ပြောင်းခဲ့တယ်။ ဖုန်းအသစ်ဝယ်ဖို့ မတတ်နိုင်တော့လို့ ဟက်ကာလုပ်တာတွေကို ရပ်တန့်ဖို့ ဖိလစ်ပ ပိုင်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကိုတောင် ဟာသလုပ်ပြီး ပြောခဲ့ပါတယ်။ တရုတ်သံအမတ်ကြီးကတော့ ရယ် နေတယ်ဗျ “ လို့ အင်တာဗျူးတစ်ခုမှာ ရိုမျူရယ်ဒက်ဇ်က ပြောပါတယ်။ ရယ်စရာလုပ်ပြီး ပြောနေရပေမယ့် အဲဒီပြဿနာက အတော်လေးဆိုးတယ်လို့ ဖိလစ်ပိုင်သံအမတ်ကြီးက မှတ် ချက်ပေးပါတယ်။ ဆိုက်ဘာလုံခြုံရေးကိစ္စဟာ ဖိလစ်ပိုင်မှာ အဓိကပြဿနာဖြစ်ပြီး နိုင်ငံအနေနဲ့ ဒီအတိုင်း လျစ်လျူရှုနေမယ့်အစား အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

တရုတ်လုပ် စက်ပစ္စည်းများသည် သုံးစွဲသူရဲ့ အချက်အလက်များကို ခြေရာခံနိုင်ကြောင်း အထောက်အထား များ ထွက်ပေါ်ခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ ယခု နာမည်ကြီးနေတဲ့ DeepSeek ဉာဏ်ရည်တု ချတ်ဘော့ဟာ အမေရိကန် အသုံးပြုသူတို့ရဲ့ ဒေတာများကို တရုတ်နိုင်ငံအတွင်းမှာ သိမ်းဆည်းထားတယ်လို့ စွပ်စွဲခံနေရပြီး တကယ်လို့ ကွန်မြူနစ်အစိုးရက တောင်းဆိုခဲ့ရင် မျှဝေပေးရဖွယ်ရှိခြင်းကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်နေပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက Xiaomi စမတ်ဖုန်းတွေဟာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းမျိုးလို သုံးစွဲသူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကုမ္ပဏီဆာဗာများသို့ ပေးပို့နေကြောင်းတွေ့ရှိခဲ့ပါတယ်။ ၂၀၂၀- ခုနှစ်တုန်းကလည်း Xiaomi ရဲ့ ဘရောက်ဆာတွေဟာ သင့်လျော်တဲ့ လုံခြုံရေးစနစ် မရှိကြောင်း၊ သုံးစွဲသူများက ဘာတွေလုပ်နေ တယ်ဆိုတာ သိရှိနိုင်ကြောင်း၊ ဒီအတွက် ထောင်ပေါင်းများစွာသော အမေရိကန် မိုဘိုင်းဖုန်းအသုံးပြုသူများထံမှ အချက်အလက်တွေကို စုဆောင်းတဲ့ ‘တရုတ်ထောက်လှမ်းရေးလှုပ်ရှားမှုအစီအစဉ်’ လုပ်ဆောင်နေတယ်လို့ စိုးရိမ်လျှက်ရှိကြောင်း “နယူးယောက်ပို့စ်” (29 January 2025)၊ Acc News (5 December 2024) တို့က ရေးသားခဲ့ဖူးပါတယ်။

ဖိလစ်ပိုင်မှာ နိုင်ငံခြားသူလျှိုလုပ်မှုကိစ္စဟာ ၂၀၂၅- နှစ်ဆန်းပိုင်းမှာ အရေးအကြီးဆုံး ခေါင်းစဉ်တစ်ခုဖြစ်လာ ပါတယ်။ ဇန်နဝါရီလတုန်းက အငြင်းပွား အနောက်ဖိလစ်ပိုင်ပင်လယ်အနီး လူဇုန်နဲ ပယ်လဝမ်ကျွန်းများမှာ သူ လျှိုလုပ်ကြောင်း သံသယရှိသူ တရုတ်အမျိုးသားများကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပါတယ်။ ဒီအတွက် ဖိလစ် ပိုင် အမျိုးသားလုံခြုံရေးကောင်စီဟာ တိုင်းပြည်အတွင်း လှုပ်ရှားနေတဲ့ နိုင်ငံခြားထောက်လှမ်းရေးသမားများကို စောင့်ကြည့်နိုင်ဖို့အတွက် တင်းကျပ်တဲ့သူလျှိုဥပဒေများနဲ့ မူဝါဒအသစ်များကို စီစဉ်နေပါတယ်။

တောင်တရုတ်ပင်လယ်အငြင်းပွားမှုကြောင့် မနီလာနဲ့ပေကျင်းအကြား တင်းမာမှုများ မြင့်တက်နေချိန် ရေ တပ်နဲ့ကမ်းရိုးတန်းစောင့်တပ်စခန်းများအပေါ် သူလျှိုလုပ်ကြောင်း သံသယရှိသူ နောက်ထပ် တရုတ်လူမျိုး ငါးဦးကို ဖိလစ်ပိုင်တာဝန်ရှိသူများက ဖမ်းဆီးလိုက်တယ်လို့ “ဘန်နာနယူးစ်” (30 January 2025) က ရေးပါတယ်။ အဲဒီအချိန်အထိ သူလျှိုလုပ်ကြောင်း သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်လူမျိုး စုစုပေါင်း ခြောက်ဦးအထိ ရှိလာခဲ့ပါတယ်။ အငြင်းပွားရေပြင်မှာ ပေကျင်းက ဖိလစ်ပိုင် ငါးဖမ်းသမားတွေနဲ့ သင်္ဘောတွေကို နှောင့်ယှက် နေတာ ရပ်တန့်ခဲ့လျှင် မနီလာကလည်း ဖိလစ်ပိုင်မှာ ချထားတဲ့ အမေရိကန် ဒုံးကျည်တွေကို ဖယ်ရှားပေးရေး ဆွေးနွေးမယ်လို့ သမ္မတဖာဒီနန် မားကို့စ်ဂျူနီယာက တရုတ်ထံ ကမ်းလှမ်းတဲ့နေ့မှာပဲ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ထိုင်ဝမ်တိုးရစ်လို့ပြောတဲ့ သံသယရှိသူ ငါးဦးတို့ဟာ တောင်တရုတ်ပင်လယ် အဓိက အငြင်းပွားရာနေရာဖြစ်တဲ့ ပါလာဝမ်ကျွန်း ဖိလစ်ပိုင်ရေတပ်အခြေစိုက်စခန်းအနီး သူလျှိုလုပ်တဲ့ ဒရုန်းများနဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း၊ သူတို့ဟာ စောစောပိုင်း စောစောပိုင်း ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးနဲ့အတူ ဖမ်းဆီးခံရတဲ့ အခြားတရုတ် အမျိုးသား တိန့်ယွမ်ကျင်းဆိုသူနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူတို့ရဲ့ထံမှာ လူဇုန်ကျွန်းအနောက်ပိုင်း အမေရိကန်ရေတပ်အခြေစိုက်စခန်းဟောင်းတည်ရှိရာ ဆူးဗစ်ပင် လယ်အော်ရဲ့ မြေပုံများ၊ ဖိလစ်ပိုင်ရေတပ်သင်္ဘောများ၊ ကမ်းခြေစောင့်စခန်းများနဲ့ အဓိကစစ်ဘက်တည်နေရာ များကို ဓါတ်ပုံရိုက်ကူးထားတဲ့ လက်ကိုင်ဖုန်းများကို တွေ့ရှိရတယ်လို့ အာဏာပိုင်များက ပြောပါတယ်။ ဖမ်းဆီး ခံရသူ အသီးသီးတို့ဟာ ဖိလစ်ပိုင်ရှိ တရုတ်အရပ်ဘက်အုပ်စုများနဲ့ အချိတ်အဆက်ရှိတယ်လို့ ဆိုပေမယ့် ဒီ ကိစ္စနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့အစည်းများက တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါဘူး။

zawgyi version
တ႐ုတ္ဟက္ကာမ်ားက လက္ကိုင္ဖုန္းကိုပင္ ေထာက္လွမ္းေမႊေႏွာက္လ်က္ရွိဟု အေမရိကန္ႏိုင္ငံဆိုင္ရာ ဖိလစ္ပိုင္သံအမတ္ႀကီး ေျပာ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၄

အေမရိကန္ႏိုင္ငံဆိုင္ရာ ဖိလစ္ပိုင္သံအမတ္ႀကီးျဖစ္သူ ဂ်ိဳစီမန္န်ဴရယ္႐ိုမ်ဴရယ္ဒက္ဇ္ဟာ အၿမဲတမ္းအလုပ္မ်ားေနတတ္ပါတယ္။ ယခင္ သမၼတ ႐ိုဒရီဂိုဒူတာေတးလို အိမ္ျဖဴေတာ္အေပၚ ရစရာ မရွိေအာင္ ေဝဖန္တတ္သူ လက္ထက္မွာပင္ အေမရိကန္နဲ႔ဆက္ဆံေရး မပ်က္ျပားေစဖို႔ လုပ္ရကိုင္ရတာလည္း ရွိခဲ့ပါတယ္။

ယခု ေဒၚနယ္ထရမ့္ရဲ႕ ဒုတိယအႀကိမ္ အုပ္ခ်ဳပ္ေရးစတင္ခ်ိန္ ဖိလစ္ပိုင္နဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕မူဝါဒ ေတြဘယ္လိုရွိလဲ သိရွိဖို႔အေရးဟာ သံအမတ္ႀကီး ႐ိုမ်ဴရယ္ဒက္ဇ္အတြက္ စိန္ေခၚမႈအသစ္ျဖစ္ေနပါတယ္။ ဒါေပမဲ့ သူရဲ႕အႀကီးမားဆုံး စိုးရိမ္ပူပန္မႈေတြထဲက တစ္ခုကေတာ့ တ႐ုတ္ေတြက သူ႔ရဲ႕ဖုန္းကို အႀကိမ္ေပါင္းမ်ားစြာ ထိုးေဖာက္ေမႊေႏွာက္ေနတယ္လို႔ စြပ္စြဲစရာႀကဳံေတြ႕ေနရျခင္းပဲ ျဖစ္ပါတယ္။ "ကြၽန္ေတာ့္ဖုန္းကို အႀကိမ္ေပါင္းမ်ားစြာ ၾကားျဖတ္နားေထာင္ခံခဲ့ရၿပီးပါၿပီ။ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ ဖုန္းေတြ အႀကိမ္ႀကိမ္ေျပာင္းခဲ့တယ္။ ဖုန္းအသစ္ဝယ္ဖို႔ မတတ္ႏိုင္ေတာ့လို႔ ဟက္ကာလုပ္တာေတြကို ရပ္တန႔္ဖို႔ ဖိလစ္ပ ပိုင္ႏိုင္ငံမွာရွိတဲ့ တ႐ုတ္သံအမတ္ကိုေတာင္ ဟာသလုပ္ၿပီး ေျပာခဲ့ပါတယ္။ တ႐ုတ္သံအမတ္ႀကီးကေတာ့ ရယ္ ေနတယ္ဗ် “ လို႔ အင္တာဗ်ဴးတစ္ခုမွာ ႐ိုမ်ဴရယ္ဒက္ဇ္က ေျပာပါတယ္။ ရယ္စရာလုပ္ၿပီး ေျပာေနရေပမယ့္ အဲဒီျပႆနာက အေတာ္ေလးဆိုးတယ္လို႔ ဖိလစ္ပိုင္သံအမတ္ႀကီးက မွတ္ ခ်က္ေပးပါတယ္။ ဆိုက္ဘာလုံၿခဳံေရးကိစၥဟာ ဖိလစ္ပိုင္မွာ အဓိကျပႆနာျဖစ္ၿပီး ႏိုင္ငံအေနနဲ႔ ဒီအတိုင္း လ်စ္လ်ဴရႈေနမယ့္အစား အေရးယူေဆာင္႐ြက္ဖို႔ လိုအပ္ေနၿပီလို႔ ဆိုပါတယ္။

တ႐ုတ္လုပ္ စက္ပစၥည္းမ်ားသည္ သုံးစြဲသူရဲ႕ အခ်က္အလက္မ်ားကို ေျခရာခံႏိုင္ေၾကာင္း အေထာက္အထား မ်ား ထြက္ေပၚခဲ့တာ အမွန္ပဲျဖစ္ပါတယ္။ ယခု နာမည္ႀကီးေနတဲ့ DeepSeek ဉာဏ္ရည္တု ခ်တ္ေဘာ့ဟာ အေမရိကန္ အသုံးျပဳသူတို႔ရဲ႕ ေဒတာမ်ားကို တ႐ုတ္ႏိုင္ငံအတြင္းမွာ သိမ္းဆည္းထားတယ္လို႔ စြပ္စြဲခံေနရၿပီး တကယ္လို႔ ကြန္ျမဴနစ္အစိုးရက ေတာင္းဆိုခဲ့ရင္ မွ်ေဝေပးရဖြယ္ရွိျခင္းေၾကာင့္ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈမ်ား ျမင့္တက္ေနပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းက Xiaomi စမတ္ဖုန္းေတြဟာ ဖုန္းေခၚဆိုမႈမွတ္တမ္းမ်ိဳးလို သုံးစြဲသူရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားကို ကုမၸဏီဆာဗာမ်ားသို႔ ေပးပို႔ေနေၾကာင္းေတြ႕ရွိခဲ့ပါတယ္။ ၂၀၂၀- ခုႏွစ္တုန္းကလည္း Xiaomi ရဲ႕ ဘေရာက္ဆာေတြဟာ သင့္ေလ်ာ္တဲ့ လုံၿခဳံေရးစနစ္ မရွိေၾကာင္း၊ သုံးစြဲသူမ်ားက ဘာေတြလုပ္ေန တယ္ဆိုတာ သိရွိႏိုင္ေၾကာင္း၊ ဒီအတြက္ ေထာင္ေပါင္းမ်ားစြာေသာ အေမရိကန္ မိုဘိုင္းဖုန္းအသုံးျပဳသူမ်ားထံမွ အခ်က္အလက္ေတြကို စုေဆာင္းတဲ့ ‘တ႐ုတ္ေထာက္လွမ္းေရးလႈပ္ရွားမႈအစီအစဥ္’ လုပ္ေဆာင္ေနတယ္လို႔ စိုးရိမ္လွ်က္ရွိေၾကာင္း “နယူးေယာက္ပို႔စ္” (29 January 2025)၊ Acc News (5 December 2024) တို႔က ေရးသားခဲ့ဖူးပါတယ္။

ဖိလစ္ပိုင္မွာ ႏိုင္ငံျခားသူလွ်ိဳလုပ္မႈကိစၥဟာ ၂၀၂၅- ႏွစ္ဆန္းပိုင္းမွာ အေရးအႀကီးဆုံး ေခါင္းစဥ္တစ္ခုျဖစ္လာ ပါတယ္။ ဇန္နဝါရီလတုန္းက အျငင္းပြား အေနာက္ဖိလစ္ပိုင္ပင္လယ္အနီး လူဇုန္နဲ ပယ္လဝမ္ကြၽန္းမ်ားမွာ သူ လွ်ိဳလုပ္ေၾကာင္း သံသယရွိသူ တ႐ုတ္အမ်ိဳးသားမ်ားကို အာဏာပိုင္မ်ားက ဖမ္းဆီးခဲ့ပါတယ္။ ဒီအတြက္ ဖိလစ္ ပိုင္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီဟာ တိုင္းျပည္အတြင္း လႈပ္ရွားေနတဲ့ ႏိုင္ငံျခားေထာက္လွမ္းေရးသမားမ်ားကို ေစာင့္ၾကည့္ႏိုင္ဖို႔အတြက္ တင္းက်ပ္တဲ့သူလွ်ိဳဥပေဒမ်ားနဲ႔ မူဝါဒအသစ္မ်ားကို စီစဥ္ေနပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈေၾကာင့္ မနီလာနဲ႔ေပက်င္းအၾကား တင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္ ေရ တပ္နဲ႔ကမ္း႐ိုးတန္းေစာင့္တပ္စခန္းမ်ားအေပၚ သူလွ်ိဳလုပ္ေၾကာင္း သံသယရွိသူ ေနာက္ထပ္ တ႐ုတ္လူမ်ိဳး ငါးဦးကို ဖိလစ္ပိုင္တာဝန္ရွိသူမ်ားက ဖမ္းဆီးလိုက္တယ္လို႔ “ဘန္နာနယူးစ္” (30 January 2025) က ေရးပါတယ္။ အဲဒီအခ်ိန္အထိ သူလွ်ိဳလုပ္ေၾကာင္း သံသယနဲ႔ ဖမ္းဆီးခံထားရတဲ့ တ႐ုတ္လူမ်ိဳး စုစုေပါင္း ေျခာက္ဦးအထိ ရွိလာခဲ့ပါတယ္။ အျငင္းပြားေရျပင္မွာ ေပက်င္းက ဖိလစ္ပိုင္ ငါးဖမ္းသမားေတြနဲ႔ သေဘၤာေတြကို ေႏွာင့္ယွက္ ေနတာ ရပ္တန႔္ခဲ့လွ်င္ မနီလာကလည္း ဖိလစ္ပိုင္မွာ ခ်ထားတဲ့ အေမရိကန္ ဒုံးက်ည္ေတြကို ဖယ္ရွားေပးေရး ေဆြးေႏြးမယ္လို႔ သမၼတဖာဒီနန္ မားကို႔စ္ဂ်ဴနီယာက တ႐ုတ္ထံ ကမ္းလွမ္းတဲ့ေန႔မွာပဲ အခုလို ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

ထိုင္ဝမ္တိုးရစ္လို႔ေျပာတဲ့ သံသယရွိသူ ငါးဦးတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္ အဓိက အျငင္းပြားရာေနရာျဖစ္တဲ့ ပါလာဝမ္ကြၽန္း ဖိလစ္ပိုင္ေရတပ္အေျခစိုက္စခန္းအနီး သူလွ်ိဳလုပ္တဲ့ ဒ႐ုန္းမ်ားနဲ႔အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ ေၾကာင္း၊ သူတို႔ဟာ ေစာေစာပိုင္း ေစာေစာပိုင္း ဖိလစ္ပိုင္ႏိုင္ငံသားႏွစ္ဦးနဲ႔အတူ ဖမ္းဆီးခံရတဲ့ အျခားတ႐ုတ္ အမ်ိဳးသား တိန႔္ယြမ္က်င္းဆိုသူနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။ သူတို႔ရဲ႕ထံမွာ လူဇုန္ကြၽန္းအေနာက္ပိုင္း အေမရိကန္ေရတပ္အေျခစိုက္စခန္းေဟာင္းတည္ရွိရာ ဆူးဗစ္ပင္ လယ္ေအာ္ရဲ႕ ေျမပုံမ်ား၊ ဖိလစ္ပိုင္ေရတပ္သေဘၤာမ်ား၊ ကမ္းေျခေစာင့္စခန္းမ်ားနဲ႔ အဓိကစစ္ဘက္တည္ေနရာ မ်ားကို ဓါတ္ပုံ႐ိုက္ကူးထားတဲ့ လက္ကိုင္ဖုန္းမ်ားကို ေတြ႕ရွိရတယ္လို႔ အာဏာပိုင္မ်ားက ေျပာပါတယ္။ ဖမ္းဆီး ခံရသူ အသီးသီးတို႔ဟာ ဖိလစ္ပိုင္ရွိ တ႐ုတ္အရပ္ဘက္အုပ္စုမ်ားနဲ႔ အခ်ိတ္အဆက္ရွိတယ္လို႔ ဆိုေပမယ့္ ဒီ ကိစၥနဲ႔ပတ္သက္ၿပီး အဲဒီအဖြဲ႕အစည္းမ်ားက တစုံတရာ မွတ္ခ်က္ေပးျခင္း မရွိပါဘူး။

Related news

© 2021. All rights reserved.