တစ်ကိုယ်တော်သီချင်း “Seven” ဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့သည့် BTS အဖွဲ့ဝင် ဂျောင်ကွတ်

 143

Pika (NP News) - ဖေဖော်ဝါရီ ၄

တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျောင်ကွတ်သည် ၎င်း၏တစ်ကိုယ်တော်သီချင်း “ Seven ” ဖြင့် အောင်မြင်ကျော်ကြားမှုများကို ဆက် လက်ရယူနေဆဲဖြစ်ကြောင်းသိရသည်။ ကမ္ဘာ့အကြီးဆုံး ဂီတထုတ်လွှင့်မှု ပလက်ဖောင်းတစ်ခုဖြစ်သော Spotify ကထုတ်ပြန်ခဲ့သည့် နောက်ဆုံးဇယား အရ (၂၀၂၃)ခုနှစ် ဇူလိုင်လတွင်ထွက်ရှိခဲ့သော ဂျောင် ကွတ်၏ ပထမဆုံးတစ်ကိုယ်တော်သီချင်း “ Seven ” သည် အပတ်စဉ်ထိပ်တန်းသီချင်း ကမ္ဘာလုံး ဆိုင်ရာ ဇယားတွင် အဆင့်(၈၄)နေရာ၌ ရပ်တည် လျက်ရှိကြောင်းသိရသည်။ ထွက်ရှိလာခဲ့သည်မှာ အချိန်(၁၈)လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ဂျောင်ကွတ်၏ “ Seven ” သီချင်းသည် ပြီးခဲ့သည့် သီတင်းပတ်နှင့် နှိုင်းယှဉ်မည်ဆို ပါက အဆင့်(၂)ဆင့် တက်လာခဲ့ပြီး အဆိုပါဇယားတွင် သီတင်းပတ် (၈၀)ပတ် ဆက်တိုက် ပါဝင်ခဲ့သည့် သီချင်းတစ်ပုဒ် ဖြစ်ခဲ့ကြောင်းလည်းသိရသည်။

အဆိုပါအောင်မြင်မှုက “ Seven’’ သီချင်းကို Spotify သမိုင်းတွင် အာရှတစ်ကိုယ်တော် အနုပညာရှင်တစ်ဦး၏ အရှည်ကြာဆုံး ဇယားဝင်သီချင်းတစ်ပုဒ် ဖြစ်လာစေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဂျောင်ကွတ်၏ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ် GOLDEN သည် အလားတူကာလအတွင်း အပတ်စဉ်ထိပ်တန်း အယ်လ်ဘမ်ကမ္ဘာလုံးဆိုင်ရာ ဇယားတွင် အဆင့်(၄၆)နေရာ၌ ရပ်တည်ခဲ့ပြီး အဆိုပါဇယားတွင် သီတင်းပတ်(၆၄)ပတ် ဆက်တိုက် ပါဝင်ခဲ့သည့် အယ်လ်ဘမ်တစ်ခု ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအောင်မြင်မှုများသည် ဂျောင်ကွတ်၏ လက်ရှိကမ္ဘာလုံးဆိုင်ရာ ကျော်ကြားမှုများနှင့် ကမ္ဘာ တစ်ဝန်းရှိ ပရိသတ်များ၏ မယိမ်းယိုင်သော အားပေးမှုများကို မီးမောင်းထိုးပြနေခြင်းမျိုးလည်း ဖြစ်သည်။ စစ်မှုထမ်းတာဝန်ကို ဆက်လက်ထမ်းဆောင်နေဆဲဖြစ်သော်လည်း ဂျောင်ကွတ်သည် အပတ် စဉ် ထိပ်တန်း အနုပညာရှင် ကမ္ဘာလုံးဆိုင်ရာဇယားတွင် အဆင့်(၁၄၆) နေရာကို ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

zawgyi version
တစ္ကိုယ္ေတာ္သီခ်င္း “Seven” ျဖင့္ စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့သည့္ BTS အဖြဲ႕ဝင္ ေဂ်ာင္ကြတ္
Pika (NP News) - ေဖေဖာ္ဝါရီ ၄

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ေဂ်ာင္ကြတ္သည္ ၎၏တစ္ကိုယ္ေတာ္သီခ်င္း “ Seven ” ျဖင့္ ေအာင္ျမင္ေက်ာ္ၾကားမႈမ်ားကို ဆက္ လက္ရယူေနဆဲျဖစ္ေၾကာင္းသိရသည္။ ကမာၻ႔အႀကီးဆုံး ဂီတထုတ္လႊင့္မႈ ပလက္ေဖာင္းတစ္ခုျဖစ္ေသာ Spotify ကထုတ္ျပန္ခဲ့သည့္ ေနာက္ဆုံးဇယား အရ (၂၀၂၃)ခုႏွစ္ ဇူလိုင္လတြင္ထြက္ရွိခဲ့ေသာ ေဂ်ာင္ ကြတ္၏ ပထမဆုံးတစ္ကိုယ္ေတာ္သီခ်င္း “ Seven ” သည္ အပတ္စဥ္ထိပ္တန္းသီခ်င္း ကမာၻလုံး ဆိုင္ရာ ဇယားတြင္ အဆင့္(၈၄)ေနရာ၌ ရပ္တည္ လ်က္ရွိေၾကာင္းသိရသည္။ ထြက္ရွိလာခဲ့သည္မွာ အခ်ိန္(၁၈)လေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း ေဂ်ာင္ကြတ္၏ “ Seven ” သီခ်င္းသည္ ၿပီးခဲ့သည့္ သီတင္းပတ္ႏွင့္ ႏႈိင္းယွဥ္မည္ဆို ပါက အဆင့္(၂)ဆင့္ တက္လာခဲ့ၿပီး အဆိုပါဇယားတြင္ သီတင္းပတ္ (၈၀)ပတ္ ဆက္တိုက္ ပါဝင္ခဲ့သည့္ သီခ်င္းတစ္ပုဒ္ ျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။

အဆိုပါေအာင္ျမင္မႈက “ Seven’’ သီခ်င္းကို Spotify သမိုင္းတြင္ အာရွတစ္ကိုယ္ေတာ္ အႏုပညာရွင္တစ္ဦး၏ အရွည္ၾကာဆုံး ဇယားဝင္သီခ်င္းတစ္ပုဒ္ ျဖစ္လာေစခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေဂ်ာင္ကြတ္၏ ပထမဆုံးတစ္ကိုယ္ေတာ္ အယ္လ္ဘမ္ GOLDEN သည္ အလားတူကာလအတြင္း အပတ္စဥ္ထိပ္တန္း အယ္လ္ဘမ္ကမာၻလုံးဆိုင္ရာ ဇယားတြင္ အဆင့္(၄၆)ေနရာ၌ ရပ္တည္ခဲ့ၿပီး အဆိုပါဇယားတြင္ သီတင္းပတ္(၆၄)ပတ္ ဆက္တိုက္ ပါဝင္ခဲ့သည့္ အယ္လ္ဘမ္တစ္ခု ျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါေအာင္ျမင္မႈမ်ားသည္ ေဂ်ာင္ကြတ္၏ လက္ရွိကမာၻလုံးဆိုင္ရာ ေက်ာ္ၾကားမႈမ်ားႏွင့္ ကမာၻ တစ္ဝန္းရွိ ပရိသတ္မ်ား၏ မယိမ္းယိုင္ေသာ အားေပးမႈမ်ားကို မီးေမာင္းထိုးျပေနျခင္းမ်ိဳးလည္း ျဖစ္သည္။ စစ္မႈထမ္းတာဝန္ကို ဆက္လက္ထမ္းေဆာင္ေနဆဲျဖစ္ေသာ္လည္း ေဂ်ာင္ကြတ္သည္ အပတ္ စဥ္ ထိပ္တန္း အႏုပညာရွင္ ကမာၻလုံးဆိုင္ရာဇယားတြင္ အဆင့္(၁၄၆) ေနရာကို ရယူႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.