ကျားဖျန့်နှိမ်နင်းရေးသတင်းများကြောင့် ဘုရားသုံးဆူမြို့ဘက်သို့ ပြောင်းရွှေ့သူများပြားလာပြီး ကုန်ဈေးနှုန်းပါ မြင့်တက်နေ
473
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၄
ကျားဖျန့်နှိမ်နင်းရေးသတင်းများကြောင့် ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့သို့ ပြောင်းရွှေ့သူများပြားလာပြီး ကုန်ဈေးနှုန်းပါ မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမြို့၊ ရွှေကုက္ကိုမြို့နှင့် KK Park ရှိ ကျားဖျန့် လုပ်ငန်း များကို မြန်မာ၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းနှိမ်နင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ပြင် ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သည့် BGF အဖွဲ့ကလည်း ကျားဖျန့်လုပ်ငန်းနှင့် ကျူးလွန်သူများကို နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းနှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ (၂၂) ရက်က ထုတ်ပြန်ခဲ့ဖူးသည်။
အဆိုပါ သတင်းများထွက်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပင် ဘုရားသုံးဆူမြို့သို့ ရွှေ့ပြောင်းနေထိုင် သူများပြားလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက NP News သို့ ပြောသည်။ “အဲဒီဘက်ကလူတွေက ဒီဘက်ကိုရွှေ့လာတဲ့သဘောရှိတယ်။ ဘာကြောင့်လဲဆိုတော့ ပူးပေါင်းဖမ်းမယ်ဆိုတဲ့ သတင်းတွေ ကြောင့်လေ။ အခုက ဘုရားသုံးဆူမှာ မြေကွက်ဆိုတာတောင်မရှိသလောက် ဖြစ်လာပြီ။ မြေကွက်တွေ မှာ အဆောက်အအုံတွေဆောက်တယ်။ တချို့မဆောက်နိုင်တဲ့ခြံတွေမှာတောင် အငှားပုံစံမျိုးနဲ့ ဆောက် နေကြတာတွေရှိတယ်”ဟု ၎င်းကပြောသည်။
ထိုသို့ ရွှေ့ပြောင်းနေထိုင်သူများပြားလာသည့်အတွက် ဘုရားသုံးဆူမြို့တွင် ကုန်ပစ္စည်းအချို့ အဆမတန်ဈေးမြင့်တက်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်း အထက်ပါဒေသခံက ဆိုသည်။ “လူဦးရေ သိပ်သည်းပြီးအရမ်းများလာတယ်။ ကုန်ဈေးနှုန်းတွေကလည်း မတရားတက်လာတယ်။ ကျားဖျန့်တွေ ဖမ်းမယ်ဆိုတဲ့သတင်းတွေကြောင့် လည်း ဒီဘုရာသုံးဆူက ဒေသခံတွေကလည်း စိုးရိမ်မှုတွေ ဖြစ်လာ တာပေါ့”ဟု ၎င်းက ပြောသည်။
ထို့ပြင် ဘုရားသုံးမြို့သို့ ဝင်ရောက်လိုသည့် တရုတ်နိုင်ငံသားများကို DKBA လက်နက်ကိုင် အဖွဲ့ကပင် ကားများဖြင့် မြို့အတွင်းသို့ အလောတကြီး ခေါ်ဆောင်လာခြင်းများရှိနေကြောင်း သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့ကို DKBA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည့်သဘောရှိသော်လည်း လက်နက်ကိုင်အဖွဲ့များစွာနှင့် တရုတ်လူမျိုးများစွာ ရောနှောနေထိုင်သည့်နယ်စပ်မြို့တစ်မြို့ ဖြစ်နေ ကြောင်း သိရသည်။ ပြီးခဲ့သည့်ကာလကလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ကျားဖျန့်၊ Online လောင်းကစားနှင့် ကာစီနိုရုံများ ပိုမိုများလာပြီး လောင်းကစားမြို့တော်ဖြစ်လာမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများက ပြောဆိုခဲ့ဖူးသည်။
zawgyi version
က်ားဖ်န႔္ႏွိမ္နင္းေရးသတင္းမ်ားေၾကာင့္ ဘုရားသုံးဆူၿမိဳ႕ဘက္သို႔ ေျပာင္းေ႐ႊ႕သူမ်ားျပားလာၿပီး ကုန္ေဈးႏႈန္းပါ ျမင့္တက္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၄
က်ားဖ်န႔္ႏွိမ္နင္းေရးသတင္းမ်ားေၾကာင့္ ကရင္ျပည္နယ္၊ ျမန္မာ-ထိုင္းနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕သူမ်ားျပားလာၿပီး ကုန္ေဈးႏႈန္းပါ ျမင့္တက္ေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ျမန္မာ-ထိုင္းနယ္စပ္ရွိ ျမဝတီၿမိဳ႕၊ ေ႐ႊကုကၠိဳၿမိဳ႕ႏွင့္ KK Park ရွိ က်ားဖ်န႔္ လုပ္ငန္း မ်ားကို ျမန္မာ၊ ထိုင္းႏွင့္ တ႐ုတ္ႏိုင္ငံတို႔ ပူးေပါင္းႏွိမ္နင္းမည္ဟု သတင္းမ်ားထြက္ေပၚခဲ့သည္။ ထို႔ျပင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူဦးေဆာင္သည့္ BGF အဖြဲ႕ကလည္း က်ားဖ်န႔္လုပ္ငန္းႏွင့္ က်ဴးလြန္သူမ်ားကို ႏိုင္ငံေတာ္အစိုးရ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္အတူ ပူးေပါင္းႏွိမ္နင္းသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဇန္နဝါရီ (၂၂) ရက္က ထုတ္ျပန္ခဲ့ဖူးသည္။
အဆိုပါ သတင္းမ်ားထြက္ေပၚၿပီး ရက္ပိုင္းအတြင္းမွာပင္ ဘုရားသုံးဆူၿမိဳ႕သို႔ ေ႐ႊ႕ေျပာင္းေနထိုင္ သူမ်ားျပားလာေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက NP News သို႔ ေျပာသည္။ “အဲဒီဘက္ကလူေတြက ဒီဘက္ကိုေ႐ႊ႕လာတဲ့သေဘာရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပူးေပါင္းဖမ္းမယ္ဆိုတဲ့ သတင္းေတြ ေၾကာင့္ေလ။ အခုက ဘုရားသုံးဆူမွာ ေျမကြက္ဆိုတာေတာင္မရွိသေလာက္ ျဖစ္လာၿပီ။ ေျမကြက္ေတြ မွာ အေဆာက္အအုံေတြေဆာက္တယ္။ တခ်ိဳ႕မေဆာက္ႏိုင္တဲ့ၿခံေတြမွာေတာင္ အငွားပုံစံမ်ိဳးနဲ႔ ေဆာက္ ေနၾကတာေတြရွိတယ္”ဟု ၎ကေျပာသည္။
ထိုသို႔ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားျပားလာသည့္အတြက္ ဘုရားသုံးဆူၿမိဳ႕တြင္ ကုန္ပစၥည္းအခ်ိဳ႕ အဆမတန္ေဈးျမင့္တက္ျခင္းမ်ားလည္း ျဖစ္ေပၚေနေၾကာင္း အထက္ပါေဒသခံက ဆိုသည္။ “လူဦးေရ သိပ္သည္းၿပီးအရမ္းမ်ားလာတယ္။ ကုန္ေဈးႏႈန္းေတြကလည္း မတရားတက္လာတယ္။ က်ားဖ်န႔္ေတြ ဖမ္းမယ္ဆိုတဲ့သတင္းေတြေၾကာင့္ လည္း ဒီဘုရာသုံးဆူက ေဒသခံေတြကလည္း စိုးရိမ္မႈေတြ ျဖစ္လာ တာေပါ့”ဟု ၎က ေျပာသည္။
ထို႔ျပင္ ဘုရားသုံးၿမိဳ႕သို႔ ဝင္ေရာက္လိုသည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို DKBA လက္နက္ကိုင္ အဖြဲ႕ကပင္ ကားမ်ားျဖင့္ ၿမိဳ႕အတြင္းသို႔ အေလာတႀကီး ေခၚေဆာင္လာျခင္းမ်ားရွိေနေၾကာင္း သိရသည္။ လက္ရွိတြင္ ဘုရားသုံးဆူၿမိဳ႕ကို DKBA လက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားသည့္သေဘာရွိေသာ္လည္း လက္နက္ကိုင္အဖြဲ႕မ်ားစြာႏွင့္ တ႐ုတ္လူမ်ိဳးမ်ားစြာ ေရာေႏွာေနထိုင္သည့္နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေန ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ကာလကလည္း ျမန္မာ-ထိုင္းနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ က်ားဖ်န႔္၊ Online ေလာင္းကစားႏွင့္ ကာစီႏို႐ုံမ်ား ပိုမိုမ်ားလာၿပီး ေလာင္းကစားၿမိဳ႕ေတာ္ျဖစ္လာမည္ကို စိုးရိမ္ေၾကာင္းလည္း ေဒသခံမ်ားက ေျပာဆိုခဲ့ဖူးသည္။