Bar နှင့် စားသောက်ဆိုင်၊ KTV အချို့ မီတာခိုးယူသုံးစွဲမှုများ ရှိနေနိုင်
325
ယွန်း (NP News) - ဖေဖော်ဝါရီ ၄
နာမည်ကြီးစားသောက်ဆိုင်အချို့နှင့် KTV များတွင် မီတာခိုးယူသုံးစွဲမှုများရှိနေရာ ပျောက်ဆုံးယူနစ်များကြောင့် နိုင်ငံတော်၌မလိုအပ်ဘဲ အရှုံးပေါ်နေရကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။
တရားမဝင်ဓာတ်အားသုံးစွဲမှုများသည် နှစ်စဉ်တိုးပွားလျက်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲနေသူ အချို့သည် မီတာများကို မသမာသည့်နည်းလမ်းများ အသုံးပြု၍ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသကဲ့သို့ ဓာတ်အားသုံးစွဲခွင့်မရရှိသေးသူများကလည်း တိုက်ရိုက်ချိတ်ဆက်ခိုးယူသုံးစွဲမှုများရှိနေကြောင်း သိရသည်။ ထို့ပြင် KTV များ၊ Bar များ အပါအဝင် စက်ရုံအလုပ်ရုံအချို့တွင်လည်း မီတာခိုးယူသုံးစွဲမှုများရှိနေရာ ၎င်းတို့၏ယူနစ်များကို ပြန်လည်စိစစ်သင့်ကြောင်း အကြံပြုမှုများလည်းရှိနေသည်။
“ရေခဲစက်တို့၊ စက္ကူစက်တို့။ စက္ကူစက်ဆိုတာ လျှပ်စစ်နဲ့အပူပေးပြီး အခြောက်ခံတဲ့စနစ်သုံးတဲ့ စက္ကူစက်တွေ၊ နောက် ပလတ်စတစ်စက်ရုံတွေ၊ KTV တွေ၊ ဟိုတယ်တချို့ပေါ့။ အဲဒီဟာတွေမှာ သုံးတဲ့ မီးကို ယူနစ်ကိုပြန်စိစစ်ဖို့လိုလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြန်စိစစ်လို့ရှိရင် ပျောက်ဆုံးယူနစ်က အများ ကြီး ပြန်ထွက်လာနိုင်တယ်။ လုပ်တာကလည်း မြို့နယ်အင်ဂျင်နီယာတွေနဲ့ပေါင်းပြီးတော့ မြို့နယ် တာ ဝန်ခံနဲ့လုပ်တယ်။ အဲဒီတော့ ရှုံးလို့ဆိုပြီး မီတာဈေးတက်တော့ ပြည်သူပဲခံရတာ”ဟု အထက်ပါစီးပွားရေး လုပ်ငန်းရှင်က အကြံပြုထားသည်။
ပြည်တွင်းရှိ မီတာဈေးနှုန်းသည် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက ဈေးနည်းသည့်အနေအထားတွင် ရှိနေသော်လည်း ပျောက်ဆုံးယူနစ်များကြောင့် နိုင်ငံတော်အနေဖြင့် အရှုံးပေါ်နေရကြောင်း သိရသည်။ “မျှမျှတတဖြစ်စေချင်တယ်ဆိုရင် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ အစိုးရဆိုတာ တချို့လုပ်ငန်းတွေ မှာ အရှုံးခံပြီးလုပ်ပေးသင့်တဲ့ဟာ လုပ်ရတယ်။ အဲဒီအတွက်ကြောင့် သူတို့အရှုံးသက်သာအောင် ဆိုရင် ဘာကြောင့် ရှုံးလဲဆိုရင် ပျောက်ဆုံးယူနစ်တွေ ကြောင့်ရှုံးတာ။ တချို့အိမ်ရာဝင်းတွေဆိုရင် မဆောင်တာ တွေရှိတယ်။ ပိုက်ဆံတွေကောက်လိုက်ရော အိမ်ရာတွေကနေသတ်မှတ်ဈေးတွေနဲ့ကောက်တော့ ဈေးက အရမ်းများတော့ အိမ်ရှင်တွေက မဆောင်ဘူး။ မဆောင်တဲ့အခန်းတွေများလာတော့ EPC ကိုလည်း မဆောင်နိုင်ဘူး။ အဲဒီလိုဖြစ်တာတွေကလည်း အများကြီးရှိတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်များသည် အစိုးရအဆက်ဆက်တွင်ရှိခဲ့ရာ လွန်ခဲ့သည့်နှစ်နှစ်အတွင်းက နာမည် ကြီး Hot Pot ဆိုင်နှစ်ဆိုင်နှင့် သံရည်ကျို စက်ရုံနှစ်ရုံကို မီတာခိုးယူခြင်းကြောင့်ဖမ်းဆီးခဲ့သည့်ဖြစ်စဉ် လည်း ဖြစ်ပွားခဲ့ဖူးသည်။ မီတာခိုးယူမှုများကြောင့် ပျောက်ဆုံးယူနစ်များမှာ နှစ်စဉ်တိုးမြင့်လျက်ရှိပြီး ယခုနောက်ပိုင်းတွင် ပိုမိုဆိုးရွားလျက်ရှိရာ လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
zawgyi version
Bar ႏွင့္ စားေသာက္ဆိုင္၊ KTV အခ်ိဳ႕ မီတာခိုးယူသုံးစြဲမႈမ်ား ရွိေနႏိုင္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၄
နာမည္ႀကီးစားေသာက္ဆိုင္အခ်ိဳ႕ႏွင့္ KTV မ်ားတြင္ မီတာခိုးယူသုံးစြဲမႈမ်ားရွိေနရာ ေပ်ာက္ဆုံးယူနစ္မ်ားေၾကာင့္ ႏိုင္ငံေတာ္၌မလိုအပ္ဘဲ အရႈံးေပၚေနရေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က သုံးသပ္ထားသည္။
တရားမဝင္ဓာတ္အားသုံးစြဲမႈမ်ားသည္ ႏွစ္စဥ္တိုးပြားလ်က္ရွိၿပီး လွ်ပ္စစ္ဓာတ္အားသုံးစြဲေနသူ အခ်ိဳ႕သည္ မီတာမ်ားကို မသမာသည့္နည္းလမ္းမ်ား အသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အားခိုးယူသုံးစြဲေနသကဲ့သို႔ ဓာတ္အားသုံးစြဲခြင့္မရရွိေသးသူမ်ားကလည္း တိုက္႐ိုက္ခ်ိတ္ဆက္ခိုးယူသုံးစြဲမႈမ်ားရွိေနေၾကာင္း သိရသည္။ ထို႔ျပင္ KTV မ်ား၊ Bar မ်ား အပါအဝင္ စက္႐ုံအလုပ္႐ုံအခ်ိဳ႕တြင္လည္း မီတာခိုးယူသုံးစြဲမႈမ်ားရွိေနရာ ၎တို႔၏ယူနစ္မ်ားကို ျပန္လည္စိစစ္သင့္ေၾကာင္း အႀကံျပဳမႈမ်ားလည္းရွိေနသည္။
“ေရခဲစက္တို႔၊ စကၠဴစက္တို႔။ စကၠဴစက္ဆိုတာ လွ်ပ္စစ္နဲ႔အပူေပးၿပီး အေျခာက္ခံတဲ့စနစ္သုံးတဲ့ စကၠဴစက္ေတြ၊ ေနာက္ ပလတ္စတစ္စက္႐ုံေတြ၊ KTV ေတြ၊ ဟိုတယ္တခ်ိဳ႕ေပါ့။ အဲဒီဟာေတြမွာ သုံးတဲ့ မီးကို ယူနစ္ကိုျပန္စိစစ္ဖို႔လိုလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ျပန္စိစစ္လို႔ရွိရင္ ေပ်ာက္ဆုံးယူနစ္က အမ်ား ႀကီး ျပန္ထြက္လာႏိုင္တယ္။ လုပ္တာကလည္း ၿမိဳ႕နယ္အင္ဂ်င္နီယာေတြနဲ႔ေပါင္းၿပီးေတာ့ ၿမိဳ႕နယ္ တာ ဝန္ခံနဲ႔လုပ္တယ္။ အဲဒီေတာ့ ရႈံးလို႔ဆိုၿပီး မီတာေဈးတက္ေတာ့ ျပည္သူပဲခံရတာ”ဟု အထက္ပါစီးပြားေရး လုပ္ငန္းရွင္က အႀကံျပဳထားသည္။
ျပည္တြင္းရွိ မီတာေဈးႏႈန္းသည္ ႏိုင္ငံတကာႏွင့္ႏႈိင္းယွဥ္ပါက ေဈးနည္းသည့္အေနအထားတြင္ ရွိေနေသာ္လည္း ေပ်ာက္ဆုံးယူနစ္မ်ားေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ အရႈံးေပၚေနရေၾကာင္း သိရသည္။ “မွ်မွ်တတျဖစ္ေစခ်င္တယ္ဆိုရင္ ဝန္ေဆာင္မႈလုပ္ငန္းတစ္ခုအေနနဲ႔ အစိုးရဆိုတာ တခ်ိဳ႕လုပ္ငန္းေတြ မွာ အရႈံးခံၿပီးလုပ္ေပးသင့္တဲ့ဟာ လုပ္ရတယ္။ အဲဒီအတြက္ေၾကာင့္ သူတို႔အရႈံးသက္သာေအာင္ ဆိုရင္ ဘာေၾကာင့္ ရႈံးလဲဆိုရင္ ေပ်ာက္ဆုံးယူနစ္ေတြ ေၾကာင့္ရႈံးတာ။ တခ်ိဳ႕အိမ္ရာဝင္းေတြဆိုရင္ မေဆာင္တာ ေတြရွိတယ္။ ပိုက္ဆံေတြေကာက္လိုက္ေရာ အိမ္ရာေတြကေနသတ္မွတ္ေဈးေတြနဲ႔ေကာက္ေတာ့ ေဈးက အရမ္းမ်ားေတာ့ အိမ္ရွင္ေတြက မေဆာင္ဘူး။ မေဆာင္တဲ့အခန္းေတြမ်ားလာေတာ့ EPC ကိုလည္း မေဆာင္ႏိုင္ဘူး။ အဲဒီလိုျဖစ္တာေတြကလည္း အမ်ားႀကီးရွိတယ္”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္မ်ားသည္ အစိုးရအဆက္ဆက္တြင္ရွိခဲ့ရာ လြန္ခဲ့သည့္ႏွစ္ႏွစ္အတြင္းက နာမည္ ႀကီး Hot Pot ဆိုင္ႏွစ္ဆိုင္ႏွင့္ သံရည္က်ိဳ စက္႐ုံႏွစ္႐ုံကို မီတာခိုးယူျခင္းေၾကာင့္ဖမ္းဆီးခဲ့သည့္ျဖစ္စဥ္ လည္း ျဖစ္ပြားခဲ့ဖူးသည္။ မီတာခိုးယူမႈမ်ားေၾကာင့္ ေပ်ာက္ဆုံးယူနစ္မ်ားမွာ ႏွစ္စဥ္တိုးျမင့္လ်က္ရွိၿပီး ယခုေနာက္ပိုင္းတြင္ ပိုမိုဆိုး႐ြားလ်က္ရွိရာ လက္ရွိအခ်ိန္ထိ ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။