စင်ကာပူနိုင်ငံရဲ့ အသက်အကြီးဆုံး ပန်းချီ အနုပညာရှင်၊ နိုင်ငံ့ရတနာ လင်တက်ပန် အသက် (၁၀၃)နှစ်မှာ ကွယ်လွန်
135
ရောင်နီ(NP News) - ဖေဖော်ဝါရီ ၄
ရှေးဟောင်း တရုတ်တန်းနဲ့ စင်ကာပူမြစ်ဟောင်း တရုတ်မှင်မြင်ကွင်း ပန်းချီတွေကြောင့် လူသိများတဲ့ စင်ကာပူရဲ့ အသက်အကြီးဆုံး သက်ရှိအနုပညာရှင်၊ နိုင်ငံ့ရတနာ လင်တက်ပန်ဟာ အသက် (၁၀၃)နှစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
တရုတ် နေ့စဉ်ထုတ် သတင်းစာ Lianhe Zaobao ရဲ့ အစီရင်ခံစာအရ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီက ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ မစ္စတာလင်ဟာ ဇန်နဝါရီလကတည်းက အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံရဲ့ နိုင်ငံတော်ရတနာနဲ့ ယဉ်ကျေးမှု တိုက်တန်အဖြစ် အမည်ရရှိထားတဲ့ လင်ဟာ ၁၉၂၁ ခုနှစ်၊ စင်ကာပူနိုင်ငံမှာ ရော်ဘာစိုက်ပျိုးသူဖခင်နဲ့ အိမ်ရှင်မမိခင်တို့မှ မွေးဖွားပြီး မွေးချင်းထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက တရုတ်မင်ဆေး ပန်းချီဆရာ လျူကန်နဲ့ ယိချီဝေ ကို ကြိုက်နှစ်သက်ခဲ့ပြီး ပန်းချီပညာကို လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ သူ့တစ်သက်တာမှာ အနုပညာပန်းချီလက်ရာပေါင်း ၂၀,၀၀၀ ကျော် ဖန်တီးခဲ့တယ်လို့ သိရပါတယ်။
zawgyi version
စင္ကာပူႏိုင္ငံရဲ႕ အသက္အႀကီးဆုံး ပန္းခ်ီ အႏုပညာရွင္၊ ႏိုင္ငံ့ရတနာ လင္တက္ပန္ အသက္ (၁၀၃)ႏွစ္မွာ ကြယ္လြန္
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၄
ေရွးေဟာင္း တ႐ုတ္တန္းနဲ႔ စင္ကာပူျမစ္ေဟာင္း တ႐ုတ္မွင္ျမင္ကြင္း ပန္းခ်ီေတြေၾကာင့္ လူသိမ်ားတဲ့ စင္ကာပူရဲ႕ အသက္အႀကီးဆုံး သက္ရွိအႏုပညာရွင္၊ ႏိုင္ငံ့ရတနာ လင္တက္ပန္ဟာ အသက္ (၁၀၃)ႏွစ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
တ႐ုတ္ ေန႔စဥ္ထုတ္ သတင္းစာ Lianhe Zaobao ရဲ႕ အစီရင္ခံစာအရ ေဖေဖာ္ဝါရီ ၃ ရက္ ညေန ၆ နာရီက ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။ မစၥတာလင္ဟာ ဇန္နဝါရီလကတည္းက အဆုတ္ေရာင္ေရာဂါနဲ႔ ေဆး႐ုံတက္ခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္။
စင္ကာပူႏိုင္ငံရဲ႕ ႏိုင္ငံေတာ္ရတနာနဲ႔ ယဥ္ေက်းမႈ တိုက္တန္အျဖစ္ အမည္ရရွိထားတဲ့ လင္ဟာ ၁၉၂၁ ခုႏွစ္၊ စင္ကာပူႏိုင္ငံမွာ ေရာ္ဘာစိုက္ပ်ိဳးသူဖခင္နဲ႔ အိမ္ရွင္မမိခင္တို႔မွ ေမြးဖြားၿပီး ေမြးခ်င္းထဲမွာ အႀကီးဆုံးသား ျဖစ္ပါတယ္။ ငယ္စဥ္ကေလးဘဝကတည္းက တ႐ုတ္မင္ေဆး ပန္းခ်ီဆရာ လ်ဴကန္နဲ႔ ယိခ်ီေဝ ကို ႀကိဳက္ႏွစ္သက္ခဲ့ၿပီး ပန္းခ်ီပညာကို ေလ့က်င့္ခဲ့သူ ျဖစ္ပါတယ္။ သူ႔တစ္သက္တာမွာ အႏုပညာပန္းခ်ီလက္ရာေပါင္း ၂၀,၀၀၀ ေက်ာ္ ဖန္တီးခဲ့တယ္လို႔ သိရပါတယ္။