အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို USAID အဖွဲ့ရဲ့အကြီး အကဲအဖြစ် ခန့်အပ်
740
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ အမေရိကန်အစိုးရရဲ့နိုင်ငံတကာဖွံ့ဖြိုးတိုး တက်ရေးဌာန(USAID)အဖွဲ့ရဲ့အကြီးအကဲအဖြစ် တာဝန်ယူလိုက်ကြောင်း သိရပါတယ်။ အမေရိကန်မီဒီယာတွေက USAID ဌာနချုပ်တွေကို ပိတ်သိမ်းလိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုးပြောခဲ့တာ ဖြစ်ပါတယ်။
USAID ဌာနဟာ အမေရိကန်သမ္မတအသစ်ဒေါ်နယ်ထရမ့်လက်ထက်မှာစတင်ဖွဲ့စည်းခဲ့တဲ့အစိုးရရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ရေးအဖွဲ့ (DOGE) နဲ့အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက် (USAID)ဌာနတွေကို ပိတ်ခဲ့တာဖြစ်ပါတယ်။ DOGE အဖွဲ့ဟာ USAID ဌာနရဲ့စာရင်းတွေကို စစ်ဆေးဖို့ ကြိုးပမ်းချိန်မှာ အငြင်းပွားမှုတွေပိုမိုဖြစ်လာခဲ့ပြီး USAID ဌာနအကြီးအကဲ နှစ်ဦး နုတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်ဟာ (USAID)ဌာနအကြီးအကဲအဖြစ်တာဝန်ယူလိုက်ပါတယ်။ အဲဒီလုပ်ငန်းတာဝန်တွေကိုနေ့စဉ်လွှဲပြောင်းသွားမယ်။ ဒီလိုမျိုး လုပ် ဆောင်လိုက်တာဟာ USAID ရဲ့လုပ်ငန်းတွေကို အဆုံးသတ်မှာမဟုတ်ဘူး၊ USAID အဖွဲ့မှာရှိနေတဲ့ လူအချို့က ကောင်းမွန်ပေမယ့်အချို့ရဲ့လုပ်ရပ်က မေးခွန်းထုတ်စရာဖြစ်နေတယ်။ USAID ကို အမေရိကန်အစိုးရရဲ့နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအကျိုးစီးပွားနဲ့အညီလုပ်ကိုင်သွားမယ်"လို့ပြောပါတယ်။
ဝါရှင်တန်မြို့မှာအခြေစိုက်စိုက်ထားတဲ့ (USAID) ရုံးချုပ်ကို ပိတ်လိုက်ပြီးနောက် ဝန်ထမ်းတွေကိုလည်း ရုံးနဲ့အဝေးမှာနေထိုင်ဖို့ သတိပေးထားကြောင်း သိရပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အကူညီပေးရေးအဖွဲ့ (USAID) ကို ၁၉၆၀ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့ပြီး ကမ္ဘာတဝန်းရှိ နိုင်ငံတွေအတွက် အမေရိကန်အစိုးရရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေကို ကြီးကြပ်ဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီ (USAID) အဖွဲ့မှာ ဝန်ထမ်းပေါင်း (၁)သောင်းကျော်ရှိနေပြီး ပြည်ပနိုင်ငံတွေရှိ လုပ်ငန်းများကို ဝန်ထမ်းအားလုံးရဲ့သုံးပုံနှစ်ပုံက ကြီးကြပ်ထားပါတယ်။ သမ္မတထရမ့်က USAID ကိုပိတ်သိမ်းမယ်ဆိုတာကို တိတိကျကျ မပြောဘဲ USAID ကို အစွန်းရောက် ရူးသွပ်သူတစ်စုက အုပ်ချုပ်နေတယ်ဆိုပြီး သတင်း ထောက်တွေကို ပြောဆိုထားသလို အဲဒီ USAID အဖွဲ့က ရူးသွပ်သူတစ်စုကို နှင်ထုတ်မယ်"လို့ ပြောဆိုထားပါတယ်။
zawgyi version
အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးကို USAID အဖြဲ႕ရဲ႕အႀကီး အကဲအျဖစ္ ခန႔္အပ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၄
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုဟာ အေမရိကန္အစိုးရရဲ႕ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုး တက္ေရးဌာန(USAID)အဖြဲ႕ရဲ႕အႀကီးအကဲအျဖစ္ တာဝန္ယူလိုက္ေၾကာင္း သိရပါတယ္။ အေမရိကန္မီဒီယာေတြက USAID ဌာနခ်ဳပ္ေတြကို ပိတ္သိမ္းလိုက္တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက အခုလိုမ်ိဳးေျပာခဲ့တာ ျဖစ္ပါတယ္။
USAID ဌာနဟာ အေမရိကန္သမၼတအသစ္ေဒၚနယ္ထရမ့္လက္ထက္မွာစတင္ဖြဲ႕စည္းခဲ့တဲ့အစိုးရရဲ႕စြမ္းေဆာင္ရည္ကိုအကဲျဖတ္ေရးအဖြဲ႕ (DOGE) နဲ႔အျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ (USAID)ဌာနေတြကို ပိတ္ခဲ့တာျဖစ္ပါတယ္။ DOGE အဖြဲ႕ဟာ USAID ဌာနရဲ႕စာရင္းေတြကို စစ္ေဆးဖို႔ ႀကိဳးပမ္းခ်ိန္မွာ အျငင္းပြားမႈေတြပိုမိုျဖစ္လာခဲ့ၿပီး USAID ဌာနအႀကီးအကဲ ႏွစ္ဦး ႏုတ္ထြက္သြားခဲ့တယ္လို႔သိရပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတာ္ဟာ (USAID)ဌာနအႀကီးအကဲအျဖစ္တာဝန္ယူလိုက္ပါတယ္။ အဲဒီလုပ္ငန္းတာဝန္ေတြကိုေန႔စဥ္လႊဲေျပာင္းသြားမယ္။ ဒီလိုမ်ိဳး လုပ္ ေဆာင္လိုက္တာဟာ USAID ရဲ႕လုပ္ငန္းေတြကို အဆုံးသတ္မွာမဟုတ္ဘူး၊ USAID အဖြဲ႕မွာရွိေနတဲ့ လူအခ်ိဳ႕က ေကာင္းမြန္ေပမယ့္အခ်ိဳ႕ရဲ႕လုပ္ရပ္က ေမးခြန္းထုတ္စရာျဖစ္ေနတယ္။ USAID ကို အေမရိကန္အစိုးရရဲ႕ႏိုင္ငံျခားေရးမူဝါဒ၊ ႏိုင္ငံအက်ိဳးစီးပြားနဲ႔အညီလုပ္ကိုင္သြားမယ္"လို႔ေျပာပါတယ္။
ဝါရွင္တန္ၿမိဳ႕မွာအေျခစိုက္စိုက္ထားတဲ့ (USAID) ႐ုံးခ်ဳပ္ကို ပိတ္လိုက္ၿပီးေနာက္ ဝန္ထမ္းေတြကိုလည္း ႐ုံးနဲ႔အေဝးမွာေနထိုင္ဖို႔ သတိေပးထားေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရရဲ႕ ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုးတက္ေရး အကူညီေပးေရးအဖြဲ႕ (USAID) ကို ၁၉၆၀ ခုႏွစ္မွာ စတင္ဖြဲ႕ စည္းခဲ့ၿပီး ကမာၻတဝန္းရွိ ႏိုင္ငံေတြအတြက္ အေမရိကန္အစိုးရရဲ႕လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြကို ႀကီးၾကပ္ေဆာင္႐ြက္တဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။ အဲဒီ (USAID) အဖြဲ႕မွာ ဝန္ထမ္းေပါင္း (၁)ေသာင္းေက်ာ္ရွိေနၿပီး ျပည္ပႏိုင္ငံေတြရွိ လုပ္ငန္းမ်ားကို ဝန္ထမ္းအားလုံးရဲ႕သုံးပုံႏွစ္ပုံက ႀကီးၾကပ္ထားပါတယ္။ သမၼတထရမ့္က USAID ကိုပိတ္သိမ္းမယ္ဆိုတာကို တိတိက်က် မေျပာဘဲ USAID ကို အစြန္းေရာက္ ႐ူးသြပ္သူတစ္စုက အုပ္ခ်ဳပ္ေနတယ္ဆိုၿပီး သတင္း ေထာက္ေတြကို ေျပာဆိုထားသလို အဲဒီ USAID အဖြဲ႕က ႐ူးသြပ္သူတစ္စုကို ႏွင္ထုတ္မယ္"လို႔ ေျပာဆိုထားပါတယ္။