ဂရမ်မီပွဲမှာ ဇနီးသည်က အဝတ်မပါတဲ့ဖက်ရှင်နဲ့ ပွဲတက်လာတဲ့အတွက် ကန်နေးဝင် ကန်ဒေါ်လာ သန်း (၂၀)တန်စာချုပ် ဆုံးရှုံး

 1432

ရောင်နီ(NP News) - ဖေဖော်ဝါရီ ၅

၂၀၂၅ ခုနှစ် ဂရမ်မီဆုပေးပွဲ ကော်ဇောနီထက်မှာ ဇနီးသည် ဘီရာနာဆန်ဆိုရီ ဝတ်ဆင်ခဲ့တဲ့ ကိုယ်လုံးတီးဖက်ရှင်ကြောင့် ကန်နေးဝက်ဟာ ကန်ဒေါ်လာ သန်း(၂၀) ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂ ရက်) က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မှာ ကျင်းပတဲ့ ဂရမ်မီဆုပေးပွဲမှာ အသက်(၄၇)နှစ်အရွယ် ရက်ပ်ပါ ကန်နေးဝက်နဲ့ ဇနီးဘီယာနာဆန်ဆိုရီ တို့ရဲ့ စတန့်ထွင်တဲ့ ဖက်ရှင်ဟာ အခြားအခွင့်အရေးတွေအတွက် လမ်းပိတ်သွားစေတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဆိုပါတယ်။ ကန်နေးဝက်ဟာ လာမယ့်မေလမှာ ဂျပန်နိုင်ငံ၊ Tokyo Dome မှာ ရှိုးနှစ်ခုဖျော်ဖြေဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ ဂရမ်မီပွဲ ဖက်ရှင်ဟာ ပွဲစီစဉ်သူတွေကို စိတ်ပြောင်းလဲစေခဲ့ပါတယ်။

"ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး MeToo လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ နိုင်ငံပါ၊ ကန်နေးဝက်ကတော့ ဂရမ်မီဆုပေးပွဲမှာ ဇနီးသည်ကို အတင်းအကြပ် ထိန်းချုပ်နေတဲ့ပုံ ရှုမြင်ခံနေရပါတယ်၊ ဒါဟာ ဂျပန်ယဉ်ကျေးမှုအရ လုံးလုံးလျားလျား လွဲမှားနေတာပါ" လို့ ပွဲစီစဉ်တဲ့အတွင်းလူတစ်ယောက်က ဆိုပါတယ်။

ကန်နေးဝက်နဲ့ ဆန်ဆိုရီတို့ ဇနီးမောင်နှံဟာ ၂၀၂၂ ခုနှစ်က လက်ထပ်ခဲ့ကြတဲ့ နာမည်ကြီး စုံတွဲဖြစ်ပါတယ်။

zawgyi version
ဂရမ္မီပြဲမွာ ဇနီးသည္က အဝတ္မပါတဲ့ဖက္ရွင္နဲ႔ ပြဲတက္လာတဲ့အတြက္ ကန္ေနးဝင္ ကန္ေဒၚလာ သန္း (၂၀)တန္စာခ်ဳပ္ ဆုံးရႈံး
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၅

၂၀၂၅ ခုႏွစ္ ဂရမ္မီဆုေပးပြဲ ေကာ္ေဇာနီထက္မွာ ဇနီးသည္ ဘီရာနာဆန္ဆိုရီ ဝတ္ဆင္ခဲ့တဲ့ ကိုယ္လုံးတီးဖက္ရွင္ေၾကာင့္ ကန္ေနးဝက္ဟာ ကန္ေဒၚလာ သန္း(၂၀) ဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

တနဂၤေႏြေန႔ (ေဖေဖာ္ဝါရီ ၂ ရက္) က အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္မွာ က်င္းပတဲ့ ဂရမ္မီဆုေပးပြဲမွာ အသက္(၄၇)ႏွစ္အ႐ြယ္ ရက္ပ္ပါ ကန္ေနးဝက္နဲ႔ ဇနီးဘီယာနာဆန္ဆိုရီ တို႔ရဲ႕ စတန႔္ထြင္တဲ့ ဖက္ရွင္ဟာ အျခားအခြင့္အေရးေတြအတြက္ လမ္းပိတ္သြားေစတယ္လို႔ ၿဗိတိန္သတင္းစာ Daily Mail က ဆိုပါတယ္။ ကန္ေနးဝက္ဟာ လာမယ့္ေမလမွာ ဂ်ပန္ႏိုင္ငံ၊ Tokyo Dome မွာ ရႈိးႏွစ္ခုေဖ်ာ္ေျဖဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ သူရဲ႕ ဂရမ္မီပြဲ ဖက္ရွင္ဟာ ပြဲစီစဥ္သူေတြကို စိတ္ေျပာင္းလဲေစခဲ့ပါတယ္။

"ဂ်ပန္ႏိုင္ငံက အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရး၊ ယဥ္ေက်းမႈနဲ႔ ပတ္သက္ၿပီး MeToo လႈပ္ရွားမႈေတြ ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံပါ၊ ကန္ေနးဝက္ကေတာ့ ဂရမ္မီဆုေပးပြဲမွာ ဇနီးသည္ကို အတင္းအၾကပ္ ထိန္းခ်ဳပ္ေနတဲ့ပုံ ရႈျမင္ခံေနရပါတယ္၊ ဒါဟာ ဂ်ပန္ယဥ္ေက်းမႈအရ လုံးလုံးလ်ားလ်ား လြဲမွားေနတာပါ" လို႔ ပြဲစီစဥ္တဲ့အတြင္းလူတစ္ေယာက္က ဆိုပါတယ္။

ကန္ေနးဝက္နဲ႔ ဆန္ဆိုရီတို႔ ဇနီးေမာင္ႏွံဟာ ၂၀၂၂ ခုႏွစ္က လက္ထပ္ခဲ့ၾကတဲ့ နာမည္ႀကီး စုံတြဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.