မိုးပျံပူဖောင်းနှစ်ခုကြား သွယ်တန်းထားသည့် ကြိုးပေါ်တွင် လမ်းလျှောက်ပြခဲ့ပြီး ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ဂျာမနီအမျိုးသားနှစ်ဦး
164
Pika (NP News) - ဖေဖော်ဝါရီ ၅
ဂျာမနီနိုင်ငံမှ အမျိုးသားနှစ်ဦးဖြစ်သည့် ဖရက်ဒီကူနီနှင့် လူးကပ်စ်အိုင်မလာတို့သည် အမြင့် (၈၂၀၂)ပေတွင် မိုးပျံပူဖောင်းနှစ်ခုကြား သွယ်တန်းထားသော ကြိုးတန်းပေါ်တွင် လမ်းလျှောက်ခဲ့ပြီး နောက် အမြင့်ဆုံးကြိုးတန်းလမ်း လျှောက်ပြမှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် (၂၀၂၁)ခုနှစ်တွင် စံချိန်တင်ခဲ့သော ယခင်စံချိန် အမြင့် (၆၂၃၆)ပေကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ကြိုးတန်းပေါ်တွင် ပထမဆုံးလမ်းလျှောက်ပြခဲ့သူ လူးကပ်စ်အိုင်မလာက “ကမ္ဘာ့ဂင်းနစ်စံချိန်ချိုး ဖျက်နိုင်ဖို့ ကြိုးပမ်းမှုက ကျွန်တော့်အတွက် အတော် ခက်ခဲပါတယ်။ ဖိအားတွေက အရမ်းကိုမြင့်မားပါ တယ်။ ဒါပေမဲ့လည်း ဒီလိုမျိုးဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့တဲ့အခိုက်အတန့်က တကယ်ကိုဂုဏ်ယူစရာအခိုက်အတန့်ပါပဲ” ဟုပြောဆိုခဲ့သည်။
ဒုတိယမြောက်လမ်းလျှောက်ခဲ့သူ ဖရက်ဒီကူနီက “လူးကပ်စ်အိုင်မလာက ကြိုးတန်းပေါ်မှာ လမ်းလျှောက်နိုင်ဖို့အတွက် ရုန်းကန်နေတာကို မြင်တွေ့ရတာက ကျွန်တော့်အတွက် အရမ်းကို ကြောက် စရာကောင်းပါတယ်။ မိုးပျံပူဖောင်းတွေက လည်နေရုံတင်မဟုတ်ဘဲ နိမ့်သွားလိုက် မြင့်သွားလိုက်ဖြစ်နေ တာပါ။ ကြိုးတန်းနိမ့်ဆင်းသွားချိန်မှာ လမ်းလျှောက်ခဲ့ရ တာမျိုးတွေရှိသလို ကြိုးတန်းမြင့်တက်သွား ချိန်မှာလည်း လမ်းလျှောက်ခဲ့ရတာမျိုးတွေရှိခဲ့ပါတယ်။ မိုးပျံပူဖောင်းနှစ်ခုကြား သွယ်တန်းထားတဲ့ကြိုးက နိမ့်လိုက်မြင့်လိုက်ဖြစ်နေတာပါ” ဟုပြောဆိုခဲ့သည်။
zawgyi version
မိုးပ်ံပူေဖာင္းႏွစ္ခုၾကား သြယ္တန္းထားသည့္ ႀကိဳးေပၚတြင္ လမ္းေလွ်ာက္ျပခဲ့ၿပီး ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့သည့္ ဂ်ာမနီအမ်ိဳးသားႏွစ္ဦး
Pika (NP News) - ေဖေဖာ္ဝါရီ ၅
ဂ်ာမနီႏိုင္ငံမွ အမ်ိဳးသားႏွစ္ဦးျဖစ္သည့္ ဖရက္ဒီကူနီႏွင့္ လူးကပ္စ္အိုင္မလာတို႔သည္ အျမင့္ (၈၂၀၂)ေပတြင္ မိုးပ်ံပူေဖာင္းႏွစ္ခုၾကား သြယ္တန္းထားေသာ ႀကိဳးတန္းေပၚတြင္ လမ္းေလွ်ာက္ခဲ့ၿပီး ေနာက္ အျမင့္ဆုံးႀကိဳးတန္းလမ္း ေလွ်ာက္ျပမႈအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎တို႔ႏွစ္ဦးသည္ (၂၀၂၁)ခုႏွစ္တြင္ စံခ်ိန္တင္ခဲ့ေသာ ယခင္စံခ်ိန္ အျမင့္ (၆၂၃၆)ေပကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ႀကိဳးတန္းေပၚတြင္ ပထမဆုံးလမ္းေလွ်ာက္ျပခဲ့သူ လူးကပ္စ္အိုင္မလာက “ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳး ဖ်က္ႏိုင္ဖို႔ ႀကိဳးပမ္းမႈက ကြၽန္ေတာ့္အတြက္ အေတာ္ ခက္ခဲပါတယ္။ ဖိအားေတြက အရမ္းကိုျမင့္မားပါ တယ္။ ဒါေပမဲ့လည္း ဒီလိုမ်ိဳးဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အခိုက္အတန႔္က တကယ္ကိုဂုဏ္ယူစရာအခိုက္အတန႔္ပါပဲ” ဟုေျပာဆိုခဲ့သည္။
ဒုတိယေျမာက္လမ္းေလွ်ာက္ခဲ့သူ ဖရက္ဒီကူနီက “လူးကပ္စ္အိုင္မလာက ႀကိဳးတန္းေပၚမွာ လမ္းေလွ်ာက္ႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနတာကို ျမင္ေတြ႕ရတာက ကြၽန္ေတာ့္အတြက္ အရမ္းကို ေၾကာက္ စရာေကာင္းပါတယ္။ မိုးပ်ံပူေဖာင္းေတြက လည္ေန႐ုံတင္မဟုတ္ဘဲ နိမ့္သြားလိုက္ ျမင့္သြားလိုက္ျဖစ္ေန တာပါ။ ႀကိဳးတန္းနိမ့္ဆင္းသြားခ်ိန္မွာ လမ္းေလွ်ာက္ခဲ့ရ တာမ်ိဳးေတြရွိသလို ႀကိဳးတန္းျမင့္တက္သြား ခ်ိန္မွာလည္း လမ္းေလွ်ာက္ခဲ့ရတာမ်ိဳးေတြရွိခဲ့ပါတယ္။ မိုးပ်ံပူေဖာင္းႏွစ္ခုၾကား သြယ္တန္းထားတဲ့ႀကိဳးက နိမ့္လိုက္ျမင့္လိုက္ျဖစ္ေနတာပါ” ဟုေျပာဆိုခဲ့သည္။