အမျိုးသမီးများကို ဘတ်စကားများပေါ်တွင် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရခြင်းမှ တားဆီးရန် နမူနာပြ အရေးယူရန်လို
433
ပုံစာ - ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ဘတ်စကားအချို့ကို တွေ့ရစဉ်
စော (NP News) - ဖေဖော်ဝါရီ ၅
အမျိုးသမီးများကို ဘတ်စကားများပေါ်တွင် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရခြင်းမှ တားဆီးရန် အတွက် နမူနာပြ အရေးယူရန်လိုကြောင်း NP News မှတစ်ဆင့်အကြံပြုပြောကြားခြင်းများရှိသည်။
ဘတ်စကားများပေါ်တွင် အချို့သော အမျိုးသားများသည် အမျိုးသမီးများကိုလူကျပ်သည်ကို အခွင့်ကောင်းယူကာ အသားယူခြင်း၊ ကာယိန္ဒြေ ပျက်ပြားစေရန် လုပ်ဆောင်ခြင်းများသည် ယခုနောက်ပိုင်းကာလများ၌ လူမှုကွန်ရက်စာမျက်နှာများ ထက်တွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့အတူ ဘတ်စကားများပေါ်တွင် အမျိုးသမီးများ၏ ခန္ဓာကိုယ်အောက်ပိုင်းများကို ဓာတ်ပုံရိုက်ယူကာ အင်တာနက်စာမျက်နှာများထက်တွင် အခကြေးငွေဖြင့် ပြန်လည်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများလည်းရှိနေခြင်းဖြစ်သည်။
“ဒီလိုလုပ်တဲ့လူတွေကိုတော့ ဘေးကမြင်တဲ့လူတွေက ကိုယ်တိုင် ငြိမ်ငြိမ်မနေသင့်ဘူး။ လူကျပ်ညပ်ပြီးတော့ ဘေးမှာရှိတဲ့ လူတွေကမြင်ရင် ဒီကောင်ဒီလိုလုပ်နေတယ်ဆိုရင် ဝင်ပြီးတော့ ဒီလိုမလုပ်ရ ဘူး အသံဝိုင်းထွက်တာမျိုးကတော့ ပိုပြီးတော့ကောင်းတယ်။ ဘေးက ကူညီပံ့ပိုးမှုအများကြီး လိုတယ်။ အမျိုးသမီးတစ်ယောက်က ဒီလိုဖြစ်ရင် အသံထွက်ဖြစ်ဖို့ကို အမျိုးသမီးရေးရာတို့ နောက်ပြီးတော့ ဘတ် စကားဝန်ဆောင်မှုလုပ်ငန်းဘက်ကလည်း ပြောထားသင့်တယ်။ စာတွေကပ်ပြီးတော့ နှိုးဆော်ထားသင့် တယ်။ ကမ်းပိန်းလေးတွေလုပ်သင့်တယ်။ တာဝန်ရှိသူဘက်ကလည်း ဒီလိုလုပ်တဲ့လူ တွေကို ထိထိ ရောက်ရောက်နမူနာပြပြီး အရေးယူပြမယ်ဆိုရင်တော့ အတိုင်းအတာတစ်ရပ်ထိတော့ လျော့ကျသွားမယ် လို့ထင်တယ်” ဟု အမျိုးသမီးအရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
အမျိုးသမီးများအနေဖြင့် ပြင်ပသို့ သွားလာပါက လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းမျိုးကြုံ တွေ့ရလျှင် ကိုယ်တိုင်ကလည်း တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း အကြံပြုမှုများလည်းရှိသည်။ အဆိုပါ ဖြစ်စဉ်များသည် ရဲအရေးပိုင်သောကြောင့် ဖမ်းဆီးနိုင်သော်လည်း ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်တန်းမှုအနေဖြင့် နည်းပါးကြောင်း သိရသည်။
“မိန်းကလေးတွေက ရှက်လို့ နောက်ပြီးတော့ ဒီဟာကို လုပ်ပါတယ်ဆိုတာကို သက်သေ လိုတယ်။ သက်သေက သူနဲ့ကိုယ်နဲ့နှစ်ယောက်တည်းရှိတဲ့အခါကျတော့ ကိုယ်ကလုပ်ပါတယ်ပြောတယ်။ သူကမလုပ်ဘူးငြင်းနေတယ်။ အဲဒါက ပြဿနာ။ ဘေးနားကလုပ်နေတာကိုမြင်တဲ့လူက သက်သေလိုက် ပေးမှ ကိုယ့်အမှန်ဖြစ်မှာ။ အဲဒီလိုအခက်အခဲတွေရှိတော့ များသောအားဖြင့် အမှုမတိုင်ကြဘူးပေါ့နော်” ဟု အငြိမ်းစား ရဲမှူးကြီးတစ်ဦးက NP News ကိုပြောသည်။
အမျိုးသမီးတစ်ဦးကို ကာယိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျူးလွန်ပါက ရာဇသတ် ကြီးပုဒ်မ (၃၅၄)အရ ငွေဒဏ်ဖြစ်စေ၊ ထောင် ဒဏ် (၂)နှစ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံ ရနိုင်ကြောင်း သိရသည်။
zawgyi version
အမ်ိဳးသမီးမ်ားကို ဘတ္စကားမ်ားေပၚတြင္ လိင္ပိုင္းဆိုင္ရာထိပါးေစာ္ကားခံရျခင္းမွ တားဆီးရန္ နမူနာျပ အေရးယူရန္လို
ေစာ (NP News) - ေဖေဖာ္ဝါရီ ၅
အမ်ိဳးသမီးမ်ားကို ဘတ္စကားမ်ားေပၚတြင္ လိင္ပိုင္းဆိုင္ရာထိပါးေစာ္ကားခံရျခင္းမွ တားဆီးရန္ အတြက္ နမူနာျပ အေရးယူရန္လိုေၾကာင္း NP News မွတစ္ဆင့္အႀကံျပဳေျပာၾကားျခင္းမ်ားရွိသည္။
ဘတ္စကားမ်ားေပၚတြင္ အခ်ိဳ႕ေသာ အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားကိုလူက်ပ္သည္ကို အခြင့္ေကာင္းယူကာ အသားယူျခင္း၊ ကာယိေျႏၵ ပ်က္ျပားေစရန္ လုပ္ေဆာင္ျခင္းမ်ားသည္ ယခုေနာက္ပိုင္းကာလမ်ား၌ လူမႈကြန္ရက္စာမ်က္ႏွာမ်ား ထက္တြင္ ပိုမိုက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔အတူ ဘတ္စကားမ်ားေပၚတြင္ အမ်ိဳးသမီးမ်ား၏ ခႏၶာကိုယ္ေအာက္ပိုင္းမ်ားကို ဓာတ္ပုံ႐ိုက္ယူကာ အင္တာနက္စာမ်က္ႏွာမ်ားထက္တြင္ အခေၾကးေငြျဖင့္ ျပန္လည္ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္းမ်ားလည္းရွိေနျခင္းျဖစ္သည္။
“ဒီလိုလုပ္တဲ့လူေတြကိုေတာ့ ေဘးကျမင္တဲ့လူေတြက ကိုယ္တိုင္ ၿငိမ္ၿငိမ္မေနသင့္ဘူး။ လူက်ပ္ညပ္ၿပီးေတာ့ ေဘးမွာရွိတဲ့ လူေတြကျမင္ရင္ ဒီေကာင္ဒီလိုလုပ္ေနတယ္ဆိုရင္ ဝင္ၿပီးေတာ့ ဒီလိုမလုပ္ရ ဘူး အသံဝိုင္းထြက္တာမ်ိဳးကေတာ့ ပိုၿပီးေတာ့ေကာင္းတယ္။ ေဘးက ကူညီပံ့ပိုးမႈအမ်ားႀကီး လိုတယ္။ အမ်ိဳးသမီးတစ္ေယာက္က ဒီလိုျဖစ္ရင္ အသံထြက္ျဖစ္ဖို႔ကို အမ်ိဳးသမီးေရးရာတို႔ ေနာက္ၿပီးေတာ့ ဘတ္ စကားဝန္ေဆာင္မႈလုပ္ငန္းဘက္ကလည္း ေျပာထားသင့္တယ္။ စာေတြကပ္ၿပီးေတာ့ ႏႈိးေဆာ္ထားသင့္ တယ္။ ကမ္းပိန္းေလးေတြလုပ္သင့္တယ္။ တာဝန္ရွိသူဘက္ကလည္း ဒီလိုလုပ္တဲ့လူ ေတြကို ထိထိ ေရာက္ေရာက္နမူနာျပၿပီး အေရးယူျပမယ္ဆိုရင္ေတာ့ အတိုင္းအတာတစ္ရပ္ထိေတာ့ ေလ်ာ့က်သြားမယ္ လို႔ထင္တယ္” ဟု အမ်ိဳးသမီးအေရးေဆာင္႐ြက္သူတစ္ဦးက ေျပာသည္။
အမ်ိဳးသမီးမ်ားအေနျဖင့္ ျပင္ပသို႔ သြားလာပါက လိင္ပိုင္းဆိုင္ရာထိပါးေႏွာင့္ယွက္ျခင္းမ်ိဳးႀကဳံ ေတြ႕ရလွ်င္ ကိုယ္တိုင္ကလည္း တုံ႔ျပန္ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳမႈမ်ားလည္းရွိသည္။ အဆိုပါ ျဖစ္စဥ္မ်ားသည္ ရဲအေရးပိုင္ေသာေၾကာင့္ ဖမ္းဆီးႏိုင္ေသာ္လည္း ယင္းျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ တိုင္တန္းမႈအေနျဖင့္ နည္းပါးေၾကာင္း သိရသည္။
“မိန္းကေလးေတြက ရွက္လို႔ ေနာက္ၿပီးေတာ့ ဒီဟာကို လုပ္ပါတယ္ဆိုတာကို သက္ေသ လိုတယ္။ သက္ေသက သူနဲ႔ကိုယ္နဲ႔ႏွစ္ေယာက္တည္းရွိတဲ့အခါက်ေတာ့ ကိုယ္ကလုပ္ပါတယ္ေျပာတယ္။ သူကမလုပ္ဘူးျငင္းေနတယ္။ အဲဒါက ျပႆနာ။ ေဘးနားကလုပ္ေနတာကိုျမင္တဲ့လူက သက္ေသလိုက္ ေပးမွ ကိုယ့္အမွန္ျဖစ္မွာ။ အဲဒီလိုအခက္အခဲေတြရွိေတာ့ မ်ားေသာအားျဖင့္ အမႈမတိုင္ၾကဘူးေပါ့ေနာ္” ဟု အၿငိမ္းစား ရဲမႉးႀကီးတစ္ဦးက NP News ကိုေျပာသည္။
အမ်ိဳးသမီးတစ္ဦးကို ကာယိေျႏၵပ်က္စီးေစရန္ ကိုယ္ထိလက္ေရာက္က်ဴးလြန္ပါက ရာဇသတ္ ႀကီးပုဒ္မ (၃၅၄)အရ ေငြဒဏ္ျဖစ္ေစ၊ ေထာင္ ဒဏ္ (၂)ႏွစ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ျပစ္ဒဏ္ခ်မွတ္ခံ ရႏိုင္ေၾကာင္း သိရသည္။