မြန်မာ-ထိုင်းနယ်စပ်၌ ထိုင်းနိုင်ငံမှ လျှပ်စစ်မီးရယူထားသည့် မြို့များတွင် ယနေ့မှစ၍ မီးပြတ်နေ
374
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၅
မြန်မာ-ထိုင်းနယ်စပ်၌ ထိုင်းနိုင်ငံမှ လျှပ်စစ်မီးရယူထားသည့် မြဝတီမြို့၊ ရွှေကုက္ကိုမြို့၊ တာချီလိတ်မြို့နှင့် ဘုရားသုံးဆူမြို့များတွင် ယနေ့ (ဖေဖော်ဝါရီလ ၅ရက်) နံနက်ပိုင်းမှစ၍ လျှပ်စစ်မီးပြတ်တောက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံတွင်းရှိ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် နေရာ(၂)ခု၊ မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသ၊ ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်းရှိ နေရာ(၂)ခုတို့သည် ထိုင်းနိုင်ငံမှပေးပို့သော လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနေရခြင်းဖြစ်ကြောင်း သိရသည်။ “မီးကတော့ ပြတ်သွားပြီ။ ထိုင်းအချိန် ၉နာရီ။ မြန်မာအချိန် ၈နာရီခွဲမှာစပြီး ပြတ်သွားတာ”ဟု ဘုရားသုံးဆူဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ထိုင်းဘက်မှ နယ်စပ်ဂိတ်တွင် လုံခြုံရေး တင်းကျပ်စွာချထားသည်များရှိကြောင်းလည်း သိရသည်။ အလားတူ တာချီလိတ်မြို့တွင်လည်း ယနေ့နံနက်ပိုင်းမှစ၍ အမှတ် (၁) ချစ်ကြည်ရေးတံတားထိပ်နှင့် Mungdang ရပ်ကွက်တို့ရှိ အဓိက လျှပ်စစ်မီးဓာတ်အားသွယ်တန်းထားသောနေရာတို့ မီးဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်းရှိ မြဝတီမြို့၊ ရွှေကုက္ကိုနှင့် KK Park ဒေသသို့ ပေးထားသော လျှပ်စစ်မီး ဖြတ်တောက်ရန် ထိုင်းအစိုးရမှ PEA (ပြည်နယ်လျှပ်စစ်အာဏာပိုင်)ကို ပြီးခဲ့သည့်ရက်ပိုင်းက အမိန့်ပေးခဲ့ပြီး လက်ရှိတွင် လျှပ်စစ်မီးများစတင်ဖြတ်တောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်ကလည်း မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ မြဝတီမြို့နယ်အတွင်းမှ ကျားဖျန့်ဂိုဏ်းများသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို ရယူအသုံးပြုနေကြောင်း သံသယရှိသည့် ဧရိယာတစ်ဝိုက်ကို လျှပ်စစ်မီး (၅၀)ရာခိုင်နှုန်းအထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ဖူးသည်။
zawgyi version
ျမန္မာ-ထိုင္းနယ္စပ္၌ ထိုင္းႏိုင္ငံမွ လွ်ပ္စစ္မီးရယူထားသည့္ ၿမိဳ႕မ်ားတြင္ ယေန႔မွစ၍ မီးျပတ္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၅
ျမန္မာ-ထိုင္းနယ္စပ္၌ ထိုင္းႏိုင္ငံမွ လွ်ပ္စစ္မီးရယူထားသည့္ ျမဝတီၿမိဳ႕၊ ေ႐ႊကုကၠိဳၿမိဳ႕၊ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ဘုရားသုံးဆူၿမိဳ႕မ်ားတြင္ ယေန႔ (ေဖေဖာ္ဝါရီလ ၅ရက္) နံနက္ပိုင္းမွစ၍ လွ်ပ္စစ္မီးျပတ္ေတာက္သြားၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျမန္မာႏိုင္ငံတြင္းရွိ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေနရာ(၂)ခု၊ မြန္ျပည္နယ္၊ ဘုရားသုံးဆူေဒသ၊ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္တြင္းရွိ ေနရာ(၂)ခုတို႔သည္ ထိုင္းႏိုင္ငံမွေပးပို႔ေသာ လွ်ပ္စစ္ဓာတ္အားကို ရယူသုံးစြဲေနရျခင္းျဖစ္ေၾကာင္း သိရသည္။ “မီးကေတာ့ ျပတ္သြားၿပီ။ ထိုင္းအခ်ိန္ ၉နာရီ။ ျမန္မာအခ်ိန္ ၈နာရီခြဲမွာစၿပီး ျပတ္သြားတာ”ဟု ဘုရားသုံးဆူေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ထိုင္းဘက္မွ နယ္စပ္ဂိတ္တြင္ လုံၿခဳံေရး တင္းက်ပ္စြာခ်ထားသည္မ်ားရွိေၾကာင္းလည္း သိရသည္။ အလားတူ တာခ်ီလိတ္ၿမိဳ႕တြင္လည္း ယေန႔နံနက္ပိုင္းမွစ၍ အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားထိပ္ႏွင့္ Mungdang ရပ္ကြက္တို႔ရွိ အဓိက လွ်ပ္စစ္မီးဓာတ္အားသြယ္တန္းထားေသာေနရာတို႔ မီးျဖတ္ေတာက္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္းရွိ ျမဝတီၿမိဳ႕၊ ေ႐ႊကုကၠိဳႏွင့္ KK Park ေဒသသို႔ ေပးထားေသာ လွ်ပ္စစ္မီး ျဖတ္ေတာက္ရန္ ထိုင္းအစိုးရမွ PEA (ျပည္နယ္လွ်ပ္စစ္အာဏာပိုင္)ကို ၿပီးခဲ့သည့္ရက္ပိုင္းက အမိန႔္ေပးခဲ့ၿပီး လက္ရွိတြင္ လွ်ပ္စစ္မီးမ်ားစတင္ျဖတ္ေတာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ ၃ ရက္ကလည္း ျမန္မာ-ထိုင္းနယ္စပ္တေလွ်ာက္ရွိ ျမဝတီၿမိဳ႕နယ္အတြင္းမွ က်ားဖ်န႔္ဂိုဏ္းမ်ားသည္ ထိုင္းႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားကို ရယူအသုံးျပဳေနေၾကာင္း သံသယရွိသည့္ ဧရိယာတစ္ဝိုက္ကို လွ်ပ္စစ္မီး (၅၀)ရာခိုင္ႏႈန္းအထိ ျဖတ္ေတာက္သြားမည္ျဖစ္ေၾကာင္း ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ဖူးသည္။