SEA Games နှင့် နိုင်ငံတကာ ပြိုင်ပွဲများ ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသား U-22 နှင့် U-19 အသင်းတို့အတွက် နည်းပြသစ်များ ခန့်အပ်

 497

သန့်ဇင်(NP News) - ဖေဖော်ဝါရီ ၅

ထိုင်းနိုင်ငံတွင် ကျင်းပမည့် SEA Games နှင့် နိုင်ငံတကာ ပြိုင်ပွဲများ ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသား U-22 နှင့် U-19 အသင်းတို့အတွက် နည်းပြသစ်များ ပြောင်းလဲခန့်အပ်လာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ထုတ်ပြန်ထားသည်။ မြန်မာ့လက်ရွေးစင် အမျိုးသား U-22 အသင်း၊ အမျိုးသား U-19 အသင်းများအတွက် နည်းပြသစ်များကို ယမန်နေ့(ဖေဖော်ဝါရီလ ၄ရက်)က တရားဝင်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင်အမျိုးသား U-22 ဘောလုံးအသင်း၏ နည်းပြချုပ်အဖြစ် အသက် (၅၆) နှစ်အရွယ် ဂျပန်လူမျိုး မစ္စတာ Hisashi kurosaki အား (၁)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း သိရသည်။ Hisashi kurosaki သည် ဂျပန်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး UEFA Pro လိုင်စင်နှင့် JFA Coach (Level S) လိုင်စင်ရ နည်းပြတစ်ဦးဖြစ်ပြီး ဂျေလိဂ်ကလပ် Albirex Niigata အသင်း၊ တရုတ်စူပါလိဂ်ကလပ် Qingdao West Coast စသည့် အသင်းများ အပြင် ဂျပန်ကလပ် ကာရှီးမားအန်းတလားစ်အသင်းတွင်လည်း အကယ်ဒမီ၊ လူငယ်အသင်းများ၊ စီနီယာ အသင်းများကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

Hisashi kurosaki အနေဖြင့် ၂၀၂၅ SEA Games နှင့် အာဆီယံ U-22 ချန်ပီယံရှစ်၊ AFC U23 ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိရန် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း (MFF)၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင် အမျိုးသား U-19 အသင်း နည်းပြချုပ်အဖြစ် အသက် (၄၆)နှစ်အရွယ် မစ္စတာ Ryuji sueoka အား(၂)နှစ် စာချုပ်ဖြင့် ခန့်အပ်ခြင်းဖြစ်ကြောင်း သိရသည်။Ryuji sueoka သည် ကစားသမားဘဝတွင် စင်ကာပူ၊ ထိုင်းစသည့် အရှေ့တောင်အာရှကလပ်များနှင့် အိန္ဒိယ ကလပ်အသင်းများတွင် ကွင်းလယ်နှင့် တိုက်စစ်မှူးအဖြစ် ကစားခဲ့သူဖြစ်ပြီး UEFA Pro လိုင်စင်ရ နည်းပြတစ်ဦးဖြစ်ကြောင်း သိရသည်။

Ryuji sueoka သည် မြန်မာ U-19 အသင်းအား အာရှ U-20၊ အာဆီယံ U-19 ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် နည်းပြချုပ်အဖြစ် ဦးဆောင်ရမည်ဖြစ်ကာ SEA Games ပြိုင်ပွဲဝင် မြန်မာU-22 အသင်းကိုလည်း Hisashi kurosaki ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင်ပင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ထိုင်းနည်းပြ Pattaya Piemkum ကို ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ထုတ်ပြန်ထားသည်။

zawgyi version
SEA Games ႏွင့္ ႏိုင္ငံတကာ ၿပိဳင္ပြဲမ်ား ျပင္ဆင္မႈအျဖစ္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသား U-22 ႏွင့္ U-19 အသင္းတို႔အတြက္ နည္းျပသစ္မ်ား ခန႔္အပ္

သန႔္ဇင္(NP News) - ေဖေဖာ္ဝါရီ ၅

ထိုင္းႏိုင္ငံတြင္ က်င္းပမည့္ SEA Games ႏွင့္ ႏိုင္ငံတကာ ၿပိဳင္ပြဲမ်ား ျပင္ဆင္မႈအျဖစ္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသား U-22 ႏွင့္ U-19 အသင္းတို႔အတြက္ နည္းျပသစ္မ်ား ေျပာင္းလဲခန႔္အပ္လာခဲ့ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)က ထုတ္ျပန္ထားသည္။ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသား U-22 အသင္း၊ အမ်ိဳးသား U-19 အသင္းမ်ားအတြက္ နည္းျပသစ္မ်ားကို ယမန္ေန႔(ေဖေဖာ္ဝါရီလ ၄ရက္)က တရားဝင္ခန္႔အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့ လက္ေ႐ြးစင္အမ်ိဳးသား U-22 ေဘာလုံးအသင္း၏ နည္းျပခ်ဳပ္အျဖစ္ အသက္ (၅၆) ႏွစ္အ႐ြယ္ ဂ်ပန္လူမ်ိဳး မစၥတာ Hisashi kurosaki အား (၁)ႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။ Hisashi kurosaki သည္ ဂ်ပန္လက္ေ႐ြးစင္ ကစားသမားေဟာင္း တစ္ဦးျဖစ္ၿပီး UEFA Pro လိုင္စင္ႏွင့္ JFA Coach (Level S) လိုင္စင္ရ နည္းျပတစ္ဦးျဖစ္ၿပီး ေဂ်လိဂ္ကလပ္ Albirex Niigata အသင္း၊ တ႐ုတ္စူပါလိဂ္ကလပ္ Qingdao West Coast စသည့္ အသင္းမ်ား အျပင္ ဂ်ပန္ကလပ္ ကာရွီးမားအန္းတလားစ္အသင္းတြင္လည္း အကယ္ဒမီ၊ လူငယ္အသင္းမ်ား၊ စီနီယာ အသင္းမ်ားကို နည္းျပခ်ဳပ္အျဖစ္ ကိုင္တြယ္ခဲ့ဖူးသူျဖစ္ေၾကာင္း သိရသည္။

Hisashi kurosaki အေနျဖင့္ ၂၀၂၅ SEA Games ႏွင့္ အာဆီယံ U-22 ခ်န္ပီယံရွစ္၊ AFC U23 ေျခစစ္ပြဲမ်ားတြင္ ေအာင္ျမင္မႈရရွိရန္ တာဝန္ယူ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း (MFF)၏ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသား U-19 အသင္း နည္းျပခ်ဳပ္အျဖစ္ အသက္ (၄၆)ႏွစ္အ႐ြယ္ မစၥတာ Ryuji sueoka အား(၂)ႏွစ္ စာခ်ဳပ္ျဖင့္ ခန႔္အပ္ျခင္းျဖစ္ေၾကာင္း သိရသည္။Ryuji sueoka သည္ ကစားသမားဘဝတြင္ စင္ကာပူ၊ ထိုင္းစသည့္ အေရွ႕ေတာင္အာရွကလပ္မ်ားႏွင့္ အိႏၵိယ ကလပ္အသင္းမ်ားတြင္ ကြင္းလယ္ႏွင့္ တိုက္စစ္မႉးအျဖစ္ ကစားခဲ့သူျဖစ္ၿပီး UEFA Pro လိုင္စင္ရ နည္းျပတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Ryuji sueoka သည္ ျမန္မာ U-19 အသင္းအား အာရွ U-20၊ အာဆီယံ U-19 ၿပိဳင္ပြဲမ်ားတြင္ ေအာင္ျမင္မႈရရွိေစရန္ နည္းျပခ်ဳပ္အျဖစ္ ဦးေဆာင္ရမည္ျဖစ္ကာ SEA Games ၿပိဳင္ပြဲဝင္ ျမန္မာU-22 အသင္းကိုလည္း Hisashi kurosaki ၏ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူေဆာင္ ႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ယင္းေန႔တြင္ပင္ ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္အသင္း နည္းျပခ်ဳပ္အျဖစ္ ထိုင္းနည္းျပ Pattaya Piemkum ကို ခန႔္အပ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF) က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.