ရခိုင်ရိုးမနယ်မြေ သာပေါင်းမြို့နယ်ရဲ့ လုံ/တည် အခြေအနေ

 906

သုတကျော် (NP News) - ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီးသို့ စစ်မီးအပူက ဟပ်လာခဲ့သည်။ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုသူများ က စစ်ဖြစ်မည်ကိုစိုးရိမ်သည်။ ကိုယ့်မြို့ကိုယ်ရွာတွင် အေးအေးချမ်းချမ်းနေထိုင်စားသောက်လိုသူများအ တွက် အိပ်မက်ဆိုးလည်း ဖြစ်လာခဲ့သည်။ ပို၍ မှိုင်းတိုက်နေသူများက အွန်လိုင်းထက်တွင် ချဲ့ကားသူ များ ဖြစ်သည်။ မြေပြင်အခြေအနေနှင့်ကင်းကွာပြီး ပြည် သူများ၏စိုးရိမ်စိတ်ကို ပိုမိုတိုးပွားစေရန် ဆောင်ရွက်နေကြကြောင်း တွေ့မြင်ရသည်။ အဆိုပါ အခြေအနေ များနှင့်ပတ်သက်၍ သာပေါင်းမြို့ခံတစ်ဦးထံ NP News မှ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးအနေနဲ့မေးချင်တာက သာပေါင်းမြို့ ခံတွေရဲ့စိုးရိမ်မှုကို အရင်မေးပါရစေ။ မြို့ခံတွေက စစ်နဲ့ပတ်သက်လို့ စိုးရိမ်မှုက ဘယ်လိုရှိပါသလဲ။
ဖြေ - ဒါကတော့ သတင်းတွေက အမျိုးမျိုးတွေ၊ ဒေသခံထဲမှာလည်း အရောင်အသွေးအမျိုးမျိုးနဲ့ ဖွနေတဲ့ သူတွေရှိတာပေါ့။ ဖွနေတဲ့အခါကျတော့ တချို့ကလည်း စိုးရိမ်ရေမှတ် ရောက်နေသလို ဆုံးဖြတ်ပြီးတော့ ကြောက်လန့်သွားသူတွေလည်းရှိတယ်။ မြေပြင် ပကတိအခြေအနေကိုသိတဲ့သူတွေကလည်း အေးဆေး ပဲပေါ့။ မဟုတ်က ဟုတ်က သတင်းတွေအပေါ်မှာ လှုပ်ရှားနေတဲ့သူတွေလည်းရှိသလို အေးအေးချမ်းချမ်း နဲ့ နေနေတဲ့သူတွေလည်း ဒေသထဲမှာရှိနေကြတာပဲလေ။ ကျွန်တော်တို့ မြို့နယ်အစပ်တွေကတော့ ရခိုင် နဲ့ နဂိုတည်းကထိစပ်နေတာ။ ထိစပ်နေတဲ့အခါ အစွန်အဖျားမှာတော့ ပဋိပက္ခတွေဖြစ်နေတာ ရှိတာပေါ့။ ရေကြည်နဲ့လည်း ထိစပ်နေတယ်၊ ရခိုင်နဲ့လည်း ထိစပ်နေတယ်ဆိုတဲ့အခါကျတော့ ထိစပ်နေတဲ့နေရာ တွေကနေ ပဋိပက္ခအသံလေးတွေကြားတာနဲ့ ဖွပြီးတော့ မနက်ဖြန်၊ သန်ဘက်ခါပဲ ရောက်လာမလို၊ ဒီနေ့ ပဲရောက်လာမလိုနဲ့ တစ်လခွဲ၊ နှစ်လခွဲရှိပြီ ဒီလိုပဲနေကြတာ။

မေး - သာပေါင်းမြို့ရဲ့ အဓိက စီးပွားရေးက ဘာများ လုပ်ကိုင်စားသောက်ကြပါသလဲ။
ဖြေ - မြို့ရဲ့အရှေ့ဘက်ကမ်းက လယ်ယာ၊ သား၊ ငါးပေါ့။ အနောက်ဘက်ကမ်းကျတော့ လယ်ယာလေး က အနည်းအကျဉ်းရှိပြီး သစ်၊ ဝါး၊ မီးသွေးအပေါ် မှီခို ကြတယ်။ ဒီလိုပဲ ရုန်းကန်လှုပ်ရှားနေကြတာပေါ့။

မေး - အခုဆိုရင် ကောလာဟလသတင်းတွေက မျိုးစုံထွက်နေတာပေါ့။ စစ်သတင်းတွေ စထွက်တော့ အစ်ကိုတို့အတွေ့အကြုံအနေနဲ့ တိုက်ပွဲသတင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာမျိုးရှိလား။
ဖြေ - ရုတ်ရုတ်သဲသဲ မရှိဘူး။ မထင်ထားတာပေါ့။ ဂွမှာ တိုက်ပွဲဖြစ်ပြီးတဲ့အချိန်က ဘာမှမဖြစ်ဘူး။ ဒါပေ မဲ့ သူတို့ ဂွကျော်လာပြီ။ မကျီးဇင်ဆိုတာက အစက သာပေါင်းအပိုင်ပေါ့။ မကျည်းဇင်တိုက်ပြီ ဘာညာဆို ပေမယ့် တကယ်တော့တို့က ရိုးမကြီးခြားတယ်။ လူတွေက ဘာတွေးလဲဆိုတော့ မကျည်းဇင်၊ ဘောမိပြီး ရင် သာပေါင်းကိုလာမယ်လို့တွေးကြတယ်။ အဲဒီလိုမျိုးတွေ ဝါဒဖြန့်ကြတာပေါ့။ လူတွေကောင်းကောင်း မနေရအောင်လို့။ တချို့ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ကို ပြောနေကြတာ။ တချို့က သီးသန့်ကို မတည် ငြိမ်စေချင်ဘူး သီးသန့်ပြောတယ်ပေါ့။ တချို့ကလည်း သူတို့ဌာနဆိုင်ရာအောက်က ကလေးတွေတချို့ ကိုယ်တိုင်ကလည်း သူတို့အယူအဆတစ်ခုကိုပြော တဲ့အခါ ဌာနဆိုင်ရာဝန်ထမ်းလေးတချို့ကပြောရင် မှန်တယ်လို့ ယူဆတာလေ။ သူတို့ကလည်း ပုထုဇဉ်ဆိုတော့ ကြားတာနဲ့ သူတို့အမြင်ကိုပြောတာ။ သူတို့ ကလည်း ဝန်ထမ်းဆိုတော့ မှန်သလိုလို၊ မနက်ဖြန် သန်ဘက်ခါ လာတော့မလိုလိုပိုပြီး တွေးလိုက်တာ ပေါ့။ ပိုပြီးကြောက်တယ်၊ အကြောက်တရားဝင်တာပေါ့။ တို့ အနောက်ရိုးမအပေါ်မှာ လက်ရှိချနေတဲ့ အင်အားတွေနဲ့၊ ဒီဘက်မှာချနေတဲ့အင်အားတွေနဲ့ ပြီးတော့ တို့က ဗမာနယ်လေ။ ပွင့်ပွင့်လင်းလင်း ပြော ရရင် ဧရာဝတီဆိုတာလည်း ကိုယ့်ဟာနဲ့ကိုယ် စည်းကမ်းတကျရှိ နေတဲ့နေရာပဲလေ။ အဲဒီအပေါ်မှာ ဝင်ချင်တိုင်းဝင်ရအောင် ဈေးအိမ်သာမှမဟုတ်တာ ညီလေးရာ။ သီးခြားကတော့ ထွေထွေထူးထူး၊ ရုတ်ရုတ်သဲသဲ ခက်ခက်ခဲခဲ ဘာမှမရှိဘူး။ ပစ်ဟယ်ခတ်ဟယ်လည်း မရှိသလို လုပ်ကြံခံရတဲ့ဇာတ်လမ်း ကိစ္စတွေလည်း ဘာမှမရှိဘူး။

မေး - သာပေါင်းမြို့ဟာ ဧရာဝတီတိုင်းဒေသကြီးက အတည်ငြိမ်ဆုံးမြို့လို့ ဆိုနိုင်မလား။
ဖြေ - အကုန်တည်ငြိမ်ပါတယ်။ ခုနကလို တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ခလုတ်တိုက်တာကနေ တရုတ် ရိုက်တဲ့ဇာတ်လမ်းမလုပ်ရင် အကုန်လုံးက အေးအေးချမ်းချမ်းပဲလေ ညီလေးရ။ အေးအေး ချမ်းချမ်းရှိပါ တယ်။

မေး - တိုက်ပွဲနဲ့ပတ်သက်ပြီး ချဲ့ကားတဲ့သတင်းတွေ ထွက်လာတော့ သာပေါင်းမြို့က သာမန်လူတန်းစား တွေအတွက် ဘယ်လောက်ရိုက်ခတ်မှုရှိလဲ။
ဖြေ - တချို့ကျတော့လည်း ဘာမှမရှိတဲ့သူက ယုံပြီး တော့ပြောနေကြတာ။ ဒီဇာတ်လမ်းတစ်ခုအပေါ် လိုက်၊ ယစ်မူးပြီးတော့ ပျော်နေတဲ့သဘော ဖြစ်နေတာပေါ့။ သူတို့က ဘာမှရှိတာမဟုတ်ဘူးလေ။ အလုပ် လုပ်မရတော့ တောင်သွားချင်၊ မြောက်သွားချင်ပေါ့ညီရာ။ သူတို့က အလုပ်မရှိအကိုင်မရှိသူတွေက ပျော် နေတာပေါ့။ ပြေးရရင်လည်း ဘာမှမဖြစ်ဘူး အလုပ်က မရှိဘူးလေ။ အဲဒီလို လူတန်းစားတစ်ရပ်ရှိသလို တချို့ကလည်း ကြံဖန်ပြီးပူလောင်နေတာပေါ့။ အဲဒီ လိုလူလည်းရှိတယ်။ ကိုယ့်နားမှာ ကြမ်းပြင်နဲ့ ဖိနပ် ရိုက်သံကို သေနတ်ပစ်သံလို့ထင်နေတဲ့ ကောင်တွေလည်းရှိတယ်။ သူတို့စိတ်နဲ့သူတို့ ဖြစ်နေကြတာ။ ပကတိ မြေပြင်အခြေအနေ၊ ပထဝီအနေအထားကို သိနေ၊ ကြား နေရတာတော့ ဘာမှမဖြစ်ပါဘူး။ မြို့နဲ့ စစ်တပ်ရဲ့ အနေအထားကလည်း (၄) မိုင်လောက်ဝေးတယ်။ အနီးအနားမှာလည်း ပျော့ဖတ်စက်ရုံကြီးရှိ တယ်။ အဲဒီနေရာတွေအကုန်လုံးလည်း အေးအေးချမ်းချမ်းရှိ နေတယ်။ အရံအတားတွေလည်း သူ့ဟာနဲ့ သူလုပ်ထားတာတော့ ရှိတာပေါ့။ လက်ရှိအခြေအနေအထိတော့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံရှိတယ်။

မေး - ပြည်ပသတင်းတွေမှာ ဧရာဝတီတိုင်းနဲ့ပတ်သက်ပြီး ရေးကြ၊ ပြောကြတာတွေရှိတယ်။ ဒါနဲ့ပတ် သက်လို့ ဧရာတီသားတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ - ကိုယ်ချင်းမစာဘဲ ဒီအချိန်မှာ သွပ်တစ်ချပ်ရဖို့ တောင် ပိုက်ဆံကို ခက်ခက်ခဲခဲ ရုန်းကန်ရှာနေရတဲ့ သူတွေ ရှိသလို၊ အေးအေးချမ်းချမ်းနေချင်သူတွေချည်းပဲ။ ဘယ်သူမှ ကိုယ့်အသားလည်းအနာမခံချင် သလို ဘယ်သူ့အသားမှလည်း နာအောင် သွားမလုပ်ချင်တာ မြန်မာလူမျိုးတွေလေ။ အဲဒီတော့ အဆိုး စိတ်ဝင်ပြီး သူများပျက်မှ၊ သူများစရိုက်ဆိုးမှ၊ သူများအောက်တန်း စားစိတ်ဝင်မှရှင်သန်ရမယ်လို့ တမင် သက်သက် လူရမ်းကားစိတ်ဓာတ်တစ်ခုကို မပေါက်ဖွား၊ ပေါက်ဖွားအောင် လုပ်ကြံပြောနေကြတာ၊ လူဆို ရင်တော့ နားလည်တယ်၊ ဘယ်လိုနေရ၊ စားရမလဲသိတယ်။ တို့ ဗမာလူမျိုးတွေရဲ့ စိတ်ဓာတ်၊ တို့ဗုဒ္ဓ ဘာသာ လူမျိုးတွေရဲ့စိတ်ဓာတ်က မနက်မိုးလင်းကတည်းက ကံငါးပါးကို စောင့်ထိန်းပြီးနေကြတယ်။ အဲတော့ သူများအ သက်မသတ်လိုပါ၊ သူများကို ဒုက္ခမပေးလိုပါဆိုတဲ့ လူတွေက ဒီအစွဲတစ်ခုနဲ့ လာပြော ရင်တော့ အောက်တန်းစားပဲဖြစ်သွားမှာ။ ဒါကို လက်ခံလိုက်မယ်ဆိုရင်လည်း ကိုယ်တိုင် အောက်တန်း စား ဖြစ်သွားမယ်။ ဒါကြောင့် တို့ကတော့ အေးအေးချမ်းချမ်းရှိတယ်။ ဘယ်သူ့ကိုမှလည်း ဒုက္ခမရောက် စေချင်ဘူး။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးတဲ့စိတ်နဲ့နေတာ။ ဒါ သရဲဘောကြောင်တာမဟုတ်ဘူး ညီလေး အင်မတန်မှ နှလုံးရည်ကောင်းတဲ့ တို့တိုင်းပဲလေ ညီလေး။

မေး - ဧရာဝတီတိုင်းဒေသကြီးဟာ တော်တော်လေးပဲ တည်ငြိမ်တဲ့တိုင်းဒေသကြီးပါ။ ဒီအပေါ်မှာ ဘယ်လို ထိန်းသိမ်းထားတာလဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ထင်မြင်ချက်လေး သုံးသပ်ပေးပါဦးခင်ဗျ။
ဖြေ - ဒီလိုညီလေးရ၊ ကျန်းမာရေးနဲ့စီးပွားရေးက တို့တွေ လူမှုအဖွဲ့အစည်းမှာ လိုကိုလိုတယ်လေ။ အဲဒီ တော့ အားလုံးတည်ငြိမ်နေခြင်းသည် တည်တည်ငြိမ်ငြိမ် သွားလာရမယ်၊ တည်တည်ငြိမ်ငြိမ် ဖြစ်နေရ မယ်။ မှန်ကန်တဲ့အဖြေရှာမှုနဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက် ကို ပုံဖော်ရမယ်။ ဖျက်လိုဖျက်ဆီး တစ်ခုကို အပျက်နဲ့ပဲ သွားမယ်ဆိုရင် အလုံးစုံပျက်စီးရင် ဒီပျက်တာကို လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့သူလည်းရှိ မယ်။ ဘယ်သူမှ ဒုက္ခမရောက်ချင်ကြတဲ့သူတွေချည်းပဲ။ အဲဒီတော့ ဒုက္ခမရောက်တဲ့နည်းလမ်းကို အသိ ဉာဏ်ရှိတဲ့ သူတွေအားလုံးက ပုံဖော်ရမယ်။ ဒါကြောင့်မို့ အစ်ကို့အမြင်နဲ့ပြောရရင် ဒီဒုက္ခမရောက် စေတဲ့ နည်းလမ်းကိုသာ စတင်ပုံဖော်တဲ့သူက သူရဲကောင်းပဲ။ ပြောရမယ်ဆို ငြိမ်းချမ်းရေးကိုပုံဖော်တဲ့သူက သူရဲ ကောင်းပဲ။ အစ်ကိုတို့ကတော့ အေးအေးချမ်းချမ်းရှိချင်ကြတယ်။ ဘယ်သူ မှားတယ် /မှန်တယ်ဆိုတာ ကတော့ ပုဂ္ဂလိ ကခံစားချက်လေ။ ကိုယ့်အစွဲ၊ ကိုယ့်အယူအဆကို ရှေ့တန်းတင်ပြီး ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးမယ်ဆို ဒါတွေက မှားယွင်းတဲ့ ယူဆချက်တွေပဲ ညီလေးရာ။

မေး - သာပေါင်းဟာ AA တွေ အလွယ်တကူ စိမ့်ဝင်နိုင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါသလားခင်ဗျ။
ဖြေ - အနောက်ရိုးမက ကားလမ်းတော့ပေါက်တယ်။ ဒါပေမဲ့ မိုးရာသီရောက်ရင်တော့ ကားလမ်းက ပျက်စီးသွားတယ်။ ပြောရမယ်ဆိုရင် အနောက်ရိုးမဆိုတာ အင်မတန်မှကြမ်းတမ်းတဲ့ခရီးပါ။ ဘာ အနှောင့်အယှက်မှမရှိဘဲ သွားမယ်ဆိုရင်တောင် တစ်ရက်၊ နှစ်ရက်လောက်သွားနေရတဲ့ ခရီးဖြစ်တယ်။ အဲဒီတော့ ဒီလိုခရီးမျိုးကို အလွယ်တကူဝင်လာဖို့ဆိုတာ မဖြစ်နိုင် လောက်ဘူး။ ဒီဘက်ကလည်း ဘာမှမလုပ်ထားတာမှ မဟုတ်တာ။ အလွယ်တကူဝင်လာနိုင်မယ်လို့လည်း တွေးလည်းမတွေးပါဘူး ညီလေးရာ။

မေး - ဧရာဝတီတိုင်းကို AA နဲ့အတူ ဗမာ PDF အပေါင်းအပါတချို့ကလည်း တို့ကနန်း ဆိတ်ကနန်း လုပ်လာတာတွေ့နေရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ - အရပ်စကားနဲ့ပြောရရင် သူ့အကန့်နဲ့ သူနေ၊ ကိုယ့်အကန့်နဲ့ကိုယ်နေတာ အကောင်းဆုံးပေါ့ညီလေး ရာ။ တို့တွေဘာသာ အေးအေးချမ်းချမ်းနေချင်တာကို သူတို့ဖန်တီးလို့ မအေးမချမ်းဖြစ်ပြီး အပူကူးလာရင် တော့ တို့တွေ ဘယ်လက်ခံနိုင်မလဲ ညီလေးရ။

မေး - AA နဲ့အပေါင်းအပါဆိုတဲ့ ဧရာဝတီ PDF တွေကိုကော ဘာများပြောချင်ပါသလဲ ခင်ဗျ။
ဖြေ - တန်ဖိုးမရှိတဲ့သူတွေပါသလို တန်ဖိုးရှိတဲ့သူတွေလည်း အများကြီးပါ။ တန်ဖိုးရှိရှိ၊ မရှိရှိ အားလုံးက မိဘနှစ်ပါးက မွေးထုတ်ပေးလိုက်တဲ့ အသက်တွေနဲ့ပါ။ အေးအေးချမ်းချမ်း လမ်းကြောင်းတစ်ခုကို ဖန်တီးရင်တော့ အားလုံးအတွက်ကောင်းမယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ့်အသက်ကို တန်ဖိုးရှိမှန်းမသိ၊ ကိုယ့်အနာဂတ်ကို တန်ဖိုးရှိမှန်းမသိဘဲ အဝိဇ္ဇာအမှောင်ဖုံးနေမယ်ဆိုရင်တော့ အင်မတန်မှ နှမြောဖို့ ကောင်းပါတယ်။ သူတို့အ ရင်းအမြစ်တွေနဲ့ ပြန်တည်ဆောက်မယ်ဆိုရင် အကောင်းဆုံးတွေဖြစ်လာမှာ။

မေး - သူတို့တွေစခဲ့တဲ့စစ်မီးကြောင့် နယ်မြေ မငြိမ်သက်တာအပြင် စီးပွားရေးမှာကော ထိခိုက်မှုတွေရှိသ လားခင်ဗျာ။
ဖြေ - စီးပွားရေးမှာတော့ ထိခိုက်မှုရှိတာပေါ့။ နယ်စပ်ကုန်သွယ်ရေးကနေ ဝင်လာမယ့်ပစ္စည်းတွေ တန့် နေမယ်။ အခြေခံလူတန်းစားတွေ ဝယ်သုံးနေရတဲ့ ပစ္စည်းတွေက ဈေးတွေတက်လာတယ်။ ဒီတိုက်ခိုက် နေတဲ့လူတွေရဲ့ မိသားစုတွေပင်လျှင် ဒီအခက်အခဲတွေနဲ့အတူတူ ဝယ်ခြမ်းစားသောက်နေရတာပဲ။ တချို့ဆို ပညာမသင်ရတဲ့ကလေးတွေရှိတယ်။ အသက်က တဖြည်းဖြည်းကြီးလာတာ။ ငယ်တဲ့အချိန်မှာ ပညာရှာရမယ်ဆိုတဲ့အတိုင်း ပညာရှာဖို့လိုတယ်။ ဒါပေမဲ့ ဒီလို ကဖျက်ယဖျက်လုပ်နေမယ်ဆို ဒီနေရာက ကလေးတွေ ပညာရှာခွင့်မရတော့ဘူးပေါ့။ စီးပွားရေးဆိုလည်း တို့အခြေခံလူတန်းစားတွေ ထုတ်လုပ်တဲ့ ထုတ်ကုန်၊ အလုပ်နေရာ၊ ရပေါက်ရလမ်းတွေကလည်း ဘယ်တော့ဘာဖြစ်မှန်းမသိတဲ့ အကြောက်တ ရားနဲ့ အတင်းပြေးလွှားရုန်းကန်နေရတော့ ဘယ်လိုလုပ်ဖြစ်ထွန်းတော့မလဲ။ မဖြစ်တော့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ငွေလိုရင်လည်း မရှိတော့ဘူး။ အဲဒီတော့ တစ်ယောက်စားရမယ့်ဟာကို ငါး ယောက် လောက်ဝိုင်းစားနေရတဲ့ဘဝဖြစ်နေတယ်။ ဒါကြောင့် အောက်ခြေလူတန်းစားတွေမှာလည်း အားလုံး ဒုက္ခရောက်နေကြတယ်။ အဲတော့ AA က သူတို့ တိုက်စရာရှိတာတိုက်ပြီး လွတ်လပ်ရေးရမှ ဘာမှမရှိတော့တဲ့ မြေကြီးပေါ်မှာ ဘာမှလုပ်လို့ မရတဲ့ဘဝ။ ရုန်းကန်စရာ လူကဘယ်မှာလဲ သေသွားပါပြီ ဆိုမှ။ သူတို့ကအပြင်မှာနေပြီး အဝေးကြီးမှာနေပြီး ဘာဒုက္ခမှမရှိတဲ့သူပြောတာ ဒါတန်ဖိုးမှ မဟုတ်တာ။ ရုန်းကန်ရတဲ့သူက နေရာအေးအေးချမ်းချမ်းရှိမှ၊ လူရှိမှ သာယာတဲ့ မိသားစုတွေ ဖြစ်မှာပေါ့။ စားပွဲပေါ်မှာ နိုင်ငံရေးက ရှင်းကြ၊ လင်းကြ၊ သူတို့ဘာသာ သူတို့ ပြောကြဆိုကြ၊ ကောင်းကောင်းမွန်မွန် အဆင်ပြေ၏၊ မပြေ၏က သူတို့သဘောထားတွေ လွန်ဆွဲပြီးပြောကြ။ တို့ပြည်သူတွေ အေးအေးချမ်းချမ်းနေချင်တယ်။ ကျန်တာ ဘာမှမလိုချင်ဘူး။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

zawgyi version
ရခိုင္႐ိုးမနယ္ေျမ သာေပါင္းၿမိဳ႕နယ္ရဲ႕ လုံ/တည္ အေျခအေန
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၅

ဧရာဝတီတိုင္းေဒသႀကီးသို႔ စစ္မီးအပူက ဟပ္လာခဲ့သည္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနထိုင္လိုသူမ်ား က စစ္ျဖစ္မည္ကိုစိုးရိမ္သည္။ ကိုယ့္ၿမိဳ႕ကိုယ္႐ြာတြင္ ေအးေအးခ်မ္းခ်မ္းေနထိုင္စားေသာက္လိုသူမ်ားအ တြက္ အိပ္မက္ဆိုးလည္း ျဖစ္လာခဲ့သည္။ ပို၍ မႈိင္းတိုက္ေနသူမ်ားက အြန္လိုင္းထက္တြင္ ခ်ဲ႕ကားသူ မ်ား ျဖစ္သည္။ ေျမျပင္အေျခအေနႏွင့္ကင္းကြာၿပီး ျပည္ သူမ်ား၏စိုးရိမ္စိတ္ကို ပိုမိုတိုးပြားေစရန္ ေဆာင္႐ြက္ေနၾကေၾကာင္း ေတြ႕ျမင္ရသည္။ အဆိုပါ အေျခအေန မ်ားႏွင့္ပတ္သက္၍ သာေပါင္းၿမိဳ႕ခံတစ္ဦးထံ NP News မွ ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဆုံးအေနနဲ႔ေမးခ်င္တာက သာေပါင္းၿမိဳ႕ ခံေတြရဲ႕စိုးရိမ္မႈကို အရင္ေမးပါရေစ။ ၿမိဳ႕ခံေတြက စစ္နဲ႔ပတ္သက္လို႔ စိုးရိမ္မႈက ဘယ္လိုရွိပါသလဲ။
ေျဖ - ဒါကေတာ့ သတင္းေတြက အမ်ိဳးမ်ိဳးေတြ၊ ေဒသခံထဲမွာလည္း အေရာင္အေသြးအမ်ိဳးမ်ိဳးနဲ႔ ဖြေနတဲ့ သူေတြရွိတာေပါ့။ ဖြေနတဲ့အခါက်ေတာ့ တခ်ိဳ႕ကလည္း စိုးရိမ္ေရမွတ္ ေရာက္ေနသလို ဆုံးျဖတ္ၿပီးေတာ့ ေၾကာက္လန႔္သြားသူေတြလည္းရွိတယ္။ ေျမျပင္ ပကတိအေျခအေနကိုသိတဲ့သူေတြကလည္း ေအးေဆး ပဲေပါ့။ မဟုတ္က ဟုတ္က သတင္းေတြအေပၚမွာ လႈပ္ရွားေနတဲ့သူေတြလည္းရွိသလို ေအးေအးခ်မ္းခ်မ္း နဲ႔ ေနေနတဲ့သူေတြလည္း ေဒသထဲမွာရွိေနၾကတာပဲေလ။ ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္အစပ္ေတြကေတာ့ ရခိုင္ နဲ႔ နဂိုတည္းကထိစပ္ေနတာ။ ထိစပ္ေနတဲ့အခါ အစြန္အဖ်ားမွာေတာ့ ပဋိပကၡေတြျဖစ္ေနတာ ရွိတာေပါ့။ ေရၾကည္နဲ႔လည္း ထိစပ္ေနတယ္၊ ရခိုင္နဲ႔လည္း ထိစပ္ေနတယ္ဆိုတဲ့အခါက်ေတာ့ ထိစပ္ေနတဲ့ေနရာ ေတြကေန ပဋိပကၡအသံေလးေတြၾကားတာနဲ႔ ဖြၿပီးေတာ့ မနက္ျဖန္၊ သန္ဘက္ခါပဲ ေရာက္လာမလို၊ ဒီေန႔ ပဲေရာက္လာမလိုနဲ႔ တစ္လခြဲ၊ ႏွစ္လခြဲရွိၿပီ ဒီလိုပဲေနၾကတာ။

ေမး - သာေပါင္းၿမိဳ႕ရဲ႕ အဓိက စီးပြားေရးက ဘာမ်ား လုပ္ကိုင္စားေသာက္ၾကပါသလဲ။
ေျဖ - ၿမိဳ႕ရဲ႕အေရွ႕ဘက္ကမ္းက လယ္ယာ၊ သား၊ ငါးေပါ့။ အေနာက္ဘက္ကမ္းက်ေတာ့ လယ္ယာေလး က အနည္းအက်ဥ္းရွိၿပီး သစ္၊ ဝါး၊ မီးေသြးအေပၚ မွီခို ၾကတယ္။ ဒီလိုပဲ ႐ုန္းကန္လႈပ္ရွားေနၾကတာေပါ့။

ေမး - အခုဆိုရင္ ေကာလာဟလသတင္းေတြက မ်ိဳးစုံထြက္ေနတာေပါ့။ စစ္သတင္းေတြ စထြက္ေတာ့ အစ္ကိုတို႔အေတြ႕အႀကဳံအေနနဲ႔ တိုက္ပြဲသတင္းေၾကာင့္ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားတာမ်ိဳးရွိလား။
ေျဖ - ႐ုတ္႐ုတ္သဲသဲ မရွိဘူး။ မထင္ထားတာေပါ့။ ဂြမွာ တိုက္ပြဲျဖစ္ၿပီးတဲ့အခ်ိန္က ဘာမွမျဖစ္ဘူး။ ဒါေပ မဲ့ သူတို႔ ဂြေက်ာ္လာၿပီ။ မက်ီးဇင္ဆိုတာက အစက သာေပါင္းအပိုင္ေပါ့။ မက်ည္းဇင္တိုက္ၿပီ ဘာညာဆို ေပမယ့္ တကယ္ေတာ့တို႔က ႐ိုးမႀကီးျခားတယ္။ လူေတြက ဘာေတြးလဲဆိုေတာ့ မက်ည္းဇင္၊ ေဘာမိၿပီး ရင္ သာေပါင္းကိုလာမယ္လို႔ေတြးၾကတယ္။ အဲဒီလိုမ်ိဳးေတြ ဝါဒျဖန႔္ၾကတာေပါ့။ လူေတြေကာင္းေကာင္း မေနရေအာင္လို႔။ တခ်ိဳ႕ကလည္း ရည္႐ြယ္ခ်က္ရွိရွိနဲ႔ကို ေျပာေနၾကတာ။ တခ်ိဳ႕က သီးသန႔္ကို မတည္ ၿငိမ္ေစခ်င္ဘူး သီးသန႔္ေျပာတယ္ေပါ့။ တခ်ိဳ႕ကလည္း သူတို႔ဌာနဆိုင္ရာေအာက္က ကေလးေတြတခ်ိဳ႕ ကိုယ္တိုင္ကလည္း သူတို႔အယူအဆတစ္ခုကိုေျပာ တဲ့အခါ ဌာနဆိုင္ရာဝန္ထမ္းေလးတခ်ိဳ႕ကေျပာရင္ မွန္တယ္လို႔ ယူဆတာေလ။ သူတို႔ကလည္း ပုထုဇဥ္ဆိုေတာ့ ၾကားတာနဲ႔ သူတို႔အျမင္ကိုေျပာတာ။ သူတို႔ ကလည္း ဝန္ထမ္းဆိုေတာ့ မွန္သလိုလို၊ မနက္ျဖန္ သန္ဘက္ခါ လာေတာ့မလိုလိုပိုၿပီး ေတြးလိုက္တာ ေပါ့။ ပိုၿပီးေၾကာက္တယ္၊ အေၾကာက္တရားဝင္တာေပါ့။ တို႔ အေနာက္႐ိုးမအေပၚမွာ လက္ရွိခ်ေနတဲ့ အင္အားေတြနဲ႔၊ ဒီဘက္မွာခ်ေနတဲ့အင္အားေတြနဲ႔ ၿပီးေတာ့ တို႔က ဗမာနယ္ေလ။ ပြင့္ပြင့္လင္းလင္း ေျပာ ရရင္ ဧရာဝတီဆိုတာလည္း ကိုယ့္ဟာနဲ႔ကိုယ္ စည္းကမ္းတက်ရွိ ေနတဲ့ေနရာပဲေလ။ အဲဒီအေပၚမွာ ဝင္ခ်င္တိုင္းဝင္ရေအာင္ ေဈးအိမ္သာမွမဟုတ္တာ ညီေလးရာ။ သီးျခားကေတာ့ ေထြေထြထူးထူး၊ ႐ုတ္႐ုတ္သဲသဲ ခက္ခက္ခဲခဲ ဘာမွမရွိဘူး။ ပစ္ဟယ္ခတ္ဟယ္လည္း မရွိသလို လုပ္ႀကံခံရတဲ့ဇာတ္လမ္း ကိစၥေတြလည္း ဘာမွမရွိဘူး။

ေမး - သာေပါင္းၿမိဳ႕ဟာ ဧရာဝတီတိုင္းေဒသႀကီးက အတည္ၿငိမ္ဆုံးၿမိဳ႕လို႔ ဆိုႏိုင္မလား။
ေျဖ - အကုန္တည္ၿငိမ္ပါတယ္။ ခုနကလို တစ္စိတ္ကို တစ္အိတ္လုပ္ၿပီး ခလုတ္တိုက္တာကေန တ႐ုတ္ ႐ိုက္တဲ့ဇာတ္လမ္းမလုပ္ရင္ အကုန္လုံးက ေအးေအးခ်မ္းခ်မ္းပဲေလ ညီေလးရ။ ေအးေအး ခ်မ္းခ်မ္းရွိပါ တယ္။

ေမး - တိုက္ပြဲနဲ႔ပတ္သက္ၿပီး ခ်ဲ႕ကားတဲ့သတင္းေတြ ထြက္လာေတာ့ သာေပါင္းၿမိဳ႕က သာမန္လူတန္းစား ေတြအတြက္ ဘယ္ေလာက္႐ိုက္ခတ္မႈရွိလဲ။
ေျဖ - တခ်ိဳ႕က်ေတာ့လည္း ဘာမွမရွိတဲ့သူက ယုံၿပီး ေတာ့ေျပာေနၾကတာ။ ဒီဇာတ္လမ္းတစ္ခုအေပၚ လိုက္၊ ယစ္မူးၿပီးေတာ့ ေပ်ာ္ေနတဲ့သေဘာ ျဖစ္ေနတာေပါ့။ သူတို႔က ဘာမွရွိတာမဟုတ္ဘူးေလ။ အလုပ္ လုပ္မရေတာ့ ေတာင္သြားခ်င္၊ ေျမာက္သြားခ်င္ေပါ့ညီရာ။ သူတို႔က အလုပ္မရွိအကိုင္မရွိသူေတြက ေပ်ာ္ ေနတာေပါ့။ ေျပးရရင္လည္း ဘာမွမျဖစ္ဘူး အလုပ္က မရွိဘူးေလ။ အဲဒီလို လူတန္းစားတစ္ရပ္ရွိသလို တခ်ိဳ႕ကလည္း ႀကံဖန္ၿပီးပူေလာင္ေနတာေပါ့။ အဲဒီ လိုလူလည္းရွိတယ္။ ကိုယ့္နားမွာ ၾကမ္းျပင္နဲ႔ ဖိနပ္ ႐ိုက္သံကို ေသနတ္ပစ္သံလို႔ထင္ေနတဲ့ ေကာင္ေတြလည္းရွိတယ္။ သူတို႔စိတ္နဲ႔သူတို႔ ျဖစ္ေနၾကတာ။ ပကတိ ေျမျပင္အေျခအေန၊ ပထဝီအေနအထားကို သိေန၊ ၾကား ေနရတာေတာ့ ဘာမွမျဖစ္ပါဘူး။ ၿမိဳ႕နဲ႔ စစ္တပ္ရဲ႕ အေနအထားကလည္း (၄) မိုင္ေလာက္ေဝးတယ္။ အနီးအနားမွာလည္း ေပ်ာ့ဖတ္စက္႐ုံႀကီးရွိ တယ္။ အဲဒီေနရာေတြအကုန္လုံးလည္း ေအးေအးခ်မ္းခ်မ္းရွိ ေနတယ္။ အရံအတားေတြလည္း သူ႔ဟာနဲ႔ သူလုပ္ထားတာေတာ့ ရွိတာေပါ့။ လက္ရွိအေျခအေနအထိေတာ့ ေအးေအးခ်မ္းခ်မ္း လုံလုံၿခဳံၿခဳံရွိတယ္။

ေမး - ျပည္ပသတင္းေတြမွာ ဧရာဝတီတိုင္းနဲ႔ပတ္သက္ၿပီး ေရးၾက၊ ေျပာၾကတာေတြရွိတယ္။ ဒါနဲ႔ပတ္ သက္လို႔ ဧရာတီသားတစ္ေယာက္အေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ - ကိုယ္ခ်င္းမစာဘဲ ဒီအခ်ိန္မွာ သြပ္တစ္ခ်ပ္ရဖို႔ ေတာင္ ပိုက္ဆံကို ခက္ခက္ခဲခဲ ႐ုန္းကန္ရွာေနရတဲ့ သူေတြ ရွိသလို၊ ေအးေအးခ်မ္းခ်မ္းေနခ်င္သူေတြခ်ည္းပဲ။ ဘယ္သူမွ ကိုယ့္အသားလည္းအနာမခံခ်င္ သလို ဘယ္သူ႔အသားမွလည္း နာေအာင္ သြားမလုပ္ခ်င္တာ ျမန္မာလူမ်ိဳးေတြေလ။ အဲဒီေတာ့ အဆိုး စိတ္ဝင္ၿပီး သူမ်ားပ်က္မွ၊ သူမ်ားစ႐ိုက္ဆိုးမွ၊ သူမ်ားေအာက္တန္း စားစိတ္ဝင္မွရွင္သန္ရမယ္လို႔ တမင္ သက္သက္ လူရမ္းကားစိတ္ဓာတ္တစ္ခုကို မေပါက္ဖြား၊ ေပါက္ဖြားေအာင္ လုပ္ႀကံေျပာေနၾကတာ၊ လူဆို ရင္ေတာ့ နားလည္တယ္၊ ဘယ္လိုေနရ၊ စားရမလဲသိတယ္။ တို႔ ဗမာလူမ်ိဳးေတြရဲ႕ စိတ္ဓာတ္၊ တို႔ဗုဒၶ ဘာသာ လူမ်ိဳးေတြရဲ႕စိတ္ဓာတ္က မနက္မိုးလင္းကတည္းက ကံငါးပါးကို ေစာင့္ထိန္းၿပီးေနၾကတယ္။ အဲေတာ့ သူမ်ားအ သက္မသတ္လိုပါ၊ သူမ်ားကို ဒုကၡမေပးလိုပါဆိုတဲ့ လူေတြက ဒီအစြဲတစ္ခုနဲ႔ လာေျပာ ရင္ေတာ့ ေအာက္တန္းစားပဲျဖစ္သြားမွာ။ ဒါကို လက္ခံလိုက္မယ္ဆိုရင္လည္း ကိုယ္တိုင္ ေအာက္တန္း စား ျဖစ္သြားမယ္။ ဒါေၾကာင့္ တို႔ကေတာ့ ေအးေအးခ်မ္းခ်မ္းရွိတယ္။ ဘယ္သူ႔ကိုမွလည္း ဒုကၡမေရာက္ ေစခ်င္ဘူး။ ဘယ္သူ႔ကိုမွလည္း ဒုကၡမေပးတဲ့စိတ္နဲ႔ေနတာ။ ဒါ သရဲေဘာေၾကာင္တာမဟုတ္ဘူး ညီေလး အင္မတန္မွ ႏွလုံးရည္ေကာင္းတဲ့ တို႔တိုင္းပဲေလ ညီေလး။

ေမး - ဧရာဝတီတိုင္းေဒသႀကီးဟာ ေတာ္ေတာ္ေလးပဲ တည္ၿငိမ္တဲ့တိုင္းေဒသႀကီးပါ။ ဒီအေပၚမွာ ဘယ္လို ထိန္းသိမ္းထားတာလဲ။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထင္ျမင္ခ်က္ေလး သုံးသပ္ေပးပါဦးခင္ဗ်။
ေျဖ - ဒီလိုညီေလးရ၊ က်န္းမာေရးနဲ႔စီးပြားေရးက တို႔ေတြ လူမႈအဖြဲ႕အစည္းမွာ လိုကိုလိုတယ္ေလ။ အဲဒီ ေတာ့ အားလုံးတည္ၿငိမ္ေနျခင္းသည္ တည္တည္ၿငိမ္ၿငိမ္ သြားလာရမယ္၊ တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေနရ မယ္။ မွန္ကန္တဲ့အေျဖရွာမႈနဲ႔ မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္ ကို ပုံေဖာ္ရမယ္။ ဖ်က္လိုဖ်က္ဆီး တစ္ခုကို အပ်က္နဲ႔ပဲ သြားမယ္ဆိုရင္ အလုံးစုံပ်က္စီးရင္ ဒီပ်က္တာကို လက္ခံတဲ့သူရွိသလို၊ လက္မခံတဲ့သူလည္းရွိ မယ္။ ဘယ္သူမွ ဒုကၡမေရာက္ခ်င္ၾကတဲ့သူေတြခ်ည္းပဲ။ အဲဒီေတာ့ ဒုကၡမေရာက္တဲ့နည္းလမ္းကို အသိ ဉာဏ္ရွိတဲ့ သူေတြအားလုံးက ပုံေဖာ္ရမယ္။ ဒါေၾကာင့္မို႔ အစ္ကို႔အျမင္နဲ႔ေျပာရရင္ ဒီဒုကၡမေရာက္ ေစတဲ့ နည္းလမ္းကိုသာ စတင္ပုံေဖာ္တဲ့သူက သူရဲေကာင္းပဲ။ ေျပာရမယ္ဆို ၿငိမ္းခ်မ္းေရးကိုပုံေဖာ္တဲ့သူက သူရဲ ေကာင္းပဲ။ အစ္ကိုတို႔ကေတာ့ ေအးေအးခ်မ္းခ်မ္းရွိခ်င္ၾကတယ္။ ဘယ္သူ မွားတယ္ /မွန္တယ္ဆိုတာ ကေတာ့ ပုဂၢလိ ကခံစားခ်က္ေလ။ ကိုယ့္အစြဲ၊ ကိုယ့္အယူအဆကို ေရွ႕တန္းတင္ၿပီး ပတ္ဝန္းက်င္ကိုပါ ဒုကၡေပးမယ္ဆို ဒါေတြက မွားယြင္းတဲ့ ယူဆခ်က္ေတြပဲ ညီေလးရာ။

ေမး - သာေပါင္းဟာ AA ေတြ အလြယ္တကူ စိမ့္ဝင္ႏိုင္တဲ့ ၿမိဳ႕နယ္တစ္ခု ျဖစ္ပါသလားခင္ဗ်။
ေျဖ - အေနာက္႐ိုးမက ကားလမ္းေတာ့ေပါက္တယ္။ ဒါေပမဲ့ မိုးရာသီေရာက္ရင္ေတာ့ ကားလမ္းက ပ်က္စီးသြားတယ္။ ေျပာရမယ္ဆိုရင္ အေနာက္႐ိုးမဆိုတာ အင္မတန္မွၾကမ္းတမ္းတဲ့ခရီးပါ။ ဘာ အေႏွာင့္အယွက္မွမရွိဘဲ သြားမယ္ဆိုရင္ေတာင္ တစ္ရက္၊ ႏွစ္ရက္ေလာက္သြားေနရတဲ့ ခရီးျဖစ္တယ္။ အဲဒီေတာ့ ဒီလိုခရီးမ်ိဳးကို အလြယ္တကူဝင္လာဖို႔ဆိုတာ မျဖစ္ႏိုင္ ေလာက္ဘူး။ ဒီဘက္ကလည္း ဘာမွမလုပ္ထားတာမွ မဟုတ္တာ။ အလြယ္တကူဝင္လာႏိုင္မယ္လို႔လည္း ေတြးလည္းမေတြးပါဘူး ညီေလးရာ။

ေမး - ဧရာဝတီတိုင္းကို AA နဲ႔အတူ ဗမာ PDF အေပါင္းအပါတခ်ိဳ႕ကလည္း တို႔ကနန္း ဆိတ္ကနန္း လုပ္လာတာေတြ႕ေနရတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဘာမ်ား ေျပာခ်င္ပါသလဲခင္ဗ်။
ေျဖ - အရပ္စကားနဲ႔ေျပာရရင္ သူ႔အကန႔္နဲ႔ သူေန၊ ကိုယ့္အကန႔္နဲ႔ကိုယ္ေနတာ အေကာင္းဆုံးေပါ့ညီေလး ရာ။ တို႔ေတြဘာသာ ေအးေအးခ်မ္းခ်မ္းေနခ်င္တာကို သူတို႔ဖန္တီးလို႔ မေအးမခ်မ္းျဖစ္ၿပီး အပူကူးလာရင္ ေတာ့ တို႔ေတြ ဘယ္လက္ခံႏိုင္မလဲ ညီေလးရ။

ေမး - AA နဲ႔အေပါင္းအပါဆိုတဲ့ ဧရာဝတီ PDF ေတြကိုေကာ ဘာမ်ားေျပာခ်င္ပါသလဲ ခင္ဗ်။
ေျဖ - တန္ဖိုးမရွိတဲ့သူေတြပါသလို တန္ဖိုးရွိတဲ့သူေတြလည္း အမ်ားႀကီးပါ။ တန္ဖိုးရွိရွိ၊ မရွိရွိ အားလုံးက မိဘႏွစ္ပါးက ေမြးထုတ္ေပးလိုက္တဲ့ အသက္ေတြနဲ႔ပါ။ ေအးေအးခ်မ္းခ်မ္း လမ္းေၾကာင္းတစ္ခုကို ဖန္တီးရင္ေတာ့ အားလုံးအတြက္ေကာင္းမယ္။ အဲလိုမွမဟုတ္ဘဲ ကိုယ့္အသက္ကို တန္ဖိုးရွိမွန္းမသိ၊ ကိုယ့္အနာဂတ္ကို တန္ဖိုးရွိမွန္းမသိဘဲ အဝိဇၨာအေမွာင္ဖုံးေနမယ္ဆိုရင္ေတာ့ အင္မတန္မွ ႏွေျမာဖို႔ ေကာင္းပါတယ္။ သူတို႔အ ရင္းအျမစ္ေတြနဲ႔ ျပန္တည္ေဆာက္မယ္ဆိုရင္ အေကာင္းဆုံးေတြျဖစ္လာမွာ။

ေမး - သူတို႔ေတြစခဲ့တဲ့စစ္မီးေၾကာင့္ နယ္ေျမ မၿငိမ္သက္တာအျပင္ စီးပြားေရးမွာေကာ ထိခိုက္မႈေတြရွိသ လားခင္ဗ်ာ။
ေျဖ - စီးပြားေရးမွာေတာ့ ထိခိုက္မႈရွိတာေပါ့။ နယ္စပ္ကုန္သြယ္ေရးကေန ဝင္လာမယ့္ပစၥည္းေတြ တန႔္ ေနမယ္။ အေျခခံလူတန္းစားေတြ ဝယ္သုံးေနရတဲ့ ပစၥည္းေတြက ေဈးေတြတက္လာတယ္။ ဒီတိုက္ခိုက္ ေနတဲ့လူေတြရဲ႕ မိသားစုေတြပင္လွ်င္ ဒီအခက္အခဲေတြနဲ႔အတူတူ ဝယ္ျခမ္းစားေသာက္ေနရတာပဲ။ တခ်ိဳ႕ဆို ပညာမသင္ရတဲ့ကေလးေတြရွိတယ္။ အသက္က တျဖည္းျဖည္းႀကီးလာတာ။ ငယ္တဲ့အခ်ိန္မွာ ပညာရွာရမယ္ဆိုတဲ့အတိုင္း ပညာရွာဖို႔လိုတယ္။ ဒါေပမဲ့ ဒီလို ကဖ်က္ယဖ်က္လုပ္ေနမယ္ဆို ဒီေနရာက ကေလးေတြ ပညာရွာခြင့္မရေတာ့ဘူးေပါ့။ စီးပြားေရးဆိုလည္း တို႔အေျခခံလူတန္းစားေတြ ထုတ္လုပ္တဲ့ ထုတ္ကုန္၊ အလုပ္ေနရာ၊ ရေပါက္ရလမ္းေတြကလည္း ဘယ္ေတာ့ဘာျဖစ္မွန္းမသိတဲ့ အေၾကာက္တ ရားနဲ႔ အတင္းေျပးလႊား႐ုန္းကန္ေနရေတာ့ ဘယ္လိုလုပ္ျဖစ္ထြန္းေတာ့မလဲ။ မျဖစ္ေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ေငြလိုရင္လည္း မရွိေတာ့ဘူး။ အဲဒီေတာ့ တစ္ေယာက္စားရမယ့္ဟာကို ငါး ေယာက္ ေလာက္ဝိုင္းစားေနရတဲ့ဘဝျဖစ္ေနတယ္။ ဒါေၾကာင့္ ေအာက္ေျခလူတန္းစားေတြမွာလည္း အားလုံး ဒုကၡေရာက္ေနၾကတယ္။ အဲေတာ့ AA က သူတို႔ တိုက္စရာရွိတာတိုက္ၿပီး လြတ္လပ္ေရးရမွ ဘာမွမရွိေတာ့တဲ့ ေျမႀကီးေပၚမွာ ဘာမွလုပ္လို႔ မရတဲ့ဘဝ။ ႐ုန္းကန္စရာ လူကဘယ္မွာလဲ ေသသြားပါၿပီ ဆိုမွ။ သူတို႔ကအျပင္မွာေနၿပီး အေဝးႀကီးမွာေနၿပီး ဘာဒုကၡမွမရွိတဲ့သူေျပာတာ ဒါတန္ဖိုးမွ မဟုတ္တာ။ ႐ုန္းကန္ရတဲ့သူက ေနရာေအးေအးခ်မ္းခ်မ္းရွိမွ၊ လူရွိမွ သာယာတဲ့ မိသားစုေတြ ျဖစ္မွာေပါ့။ စားပြဲေပၚမွာ ႏိုင္ငံေရးက ရွင္းၾက၊ လင္းၾက၊ သူတို႔ဘာသာ သူတို႔ ေျပာၾကဆိုၾက၊ ေကာင္းေကာင္းမြန္မြန္ အဆင္ေျပ၏၊ မေျပ၏က သူတို႔သေဘာထားေတြ လြန္ဆြဲၿပီးေျပာၾက။ တို႔ျပည္သူေတြ ေအးေအးခ်မ္းခ်မ္းေနခ်င္တယ္။ က်န္တာ ဘာမွမလိုခ်င္ဘူး။

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.