ပုဂံမြို့ဟောင်း သရပါတံခါးကို ယာယီပိတ်မည်

 857

ပြည့်ဖြိုး (NP News) - ဖေ‌ဖော်ဝါရီ ၅

ပုဂံအမွေအနှစ်ဒေသအတွင်းရှိ ပုဂံမြို့ဟောင်း သရပါတံခါးအား ဖေဖော်ဝါရီ ပထမပတ်ကစတင်ကာ မတ်လစတုတ္ထပတ်အထိ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ( ပုဂံဌာနခွဲ )မှ သိရသည်။ ပုဂံဒေသအတွင်း ရေကြီး၊ ရေဝပ်တာတွေလျော့ချနိုင်စေရန်နှင့်ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပုဂံမြို့ဟောင်း သရပါတံခါးကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

"သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတစ်ရပ်အနေနဲ့ ပုဂံဒေသအတွင်း ရေကြီးရေဝပ်တာတွေလျှော့ချနိုင်ဖို့နဲ့ ရေစီးရေလာကောင်းမွန်ဖို့ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလိုဆောင်ရွက်တာမှာ ပုဂံခေတ် မူလရေလမ်းကြောင်းတွေကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းတဲ့လုပ်ငန်းတွေပါဝင်တဲ့ ကျုံးကနေ ဧရာဝတီမြစ်အထိ စီးဆင်းရေလမ်းကြောင်းရှိ ကျုံးဧရိယာကို ရေစီးဆင်းမှုကောင်းမွန်ဖို့ ဆောင်ရွက်နေသလို၊ လိုအပ်တဲ့နေရာတွေမှာ ရေပြွန်တွေပြုပြင်တာတွေကို ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီ ပထမပတ်ကနေ မတ်လ စတုတ္ထပတ်အတွင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် ပုဂံမြို့ဟောင်း သရပါတံခါးကို ခေတ္တပိတ်ထားမှာဖြစ်ပါတယ်"ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) က ထုတ်ပြန်ပြောကြားထားသည်။

ယင်းကဲ့သို့ လုပ်ဆောင်စဉ်ကာလအတွင်း လမ်းအသုံးပြုခြင်းများ ခေတ္တယာယီပိတ်ထားမည်ဖြစ်သည်။ လမ်းအသုံးပြုတာခေတ္တယာယီပိတ်ထားသည့်ကာလအတွင်း အများပြည်သူသွားလာစေရန်အတွက် ညောင်ဦးမြို့မှတဆင့် ပုဂံမြို့ဟောင်းကိုသွားလိုသူများသည် သရပါတံခါး အရှေ့ဘက်ရှိ အာနန္ဒာဘုရား အဝင်လမ်းမှတဆင့် အနော်ရထာလမ်းမကြီး၊ တဖန်ပုဂံမြို့ဟောင်းလမ်းအတိုင်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီမြစ်ဆိပ်မှတဆင့် ပုဂံမြို့ဟောင်းသို့ သွားရောက်မည့်သူများအတွက် မြောက်ဘက်ကျုံးဘေးလမ်းရှိ တောင်ဘီရွာအတွင်းလမ်းမှ ဖြစ်စေ၊ သရပါဟိုတယ်အနောက်ဘက်လမ်းမှ ဖြစ်စေဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သွားလာသူများ အဆင်ပြေစေရန်အတွက် ဖြတ်သန်းသွားလာနိုင်မည့် လမ်းကြောင်းပြအသိပေးဆိုင်ဘုတ်များကိုလည်း အများပြည်သူမြင်သာသည့်နေရာများ၌ စိုက်ထူပေးထားမည်ဖြစ်ကြောင်း သိရသည်။ ပုဂံဒေသ၏ အမွေအနှစ်တစ်ရပ်ဖြစ်သည့် သရပါတံခါးနတ်မောင်နှမနတ်ကွန်းများကို အနော်ရထာမင်းနှင့်ကျန်စစ်မင်းနန်းတော်ရာ အနောက်ဘက်ကားလမ်းမှတဆင့်လာရောက်ပူဇော်နိုင်မည်ဖြစ်ပြီး ရိုးရာအစဉ်လာမပြတ်အများပြည်သူ ပူဇော်ပသနိုင်ရန်အတွက် လည်း သီးသန့်ဧရိယာတွေထားရှိပေးသွားမည်ဟုရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

zawgyi version
ပုဂံၿမိဳ႕ေဟာင္း သရပါတံခါးကို ယာယီပိတ္မည္
ျပည့္ၿဖိဳး (NP News) - ေဖ‌ေဖာ္ဝါရီ ၅

ပုဂံအေမြအႏွစ္ေဒသအတြင္းရွိ ပုဂံၿမိဳ႕ေဟာင္း သရပါတံခါးအား ေဖေဖာ္ဝါရီ ပထမပတ္ကစတင္ကာ မတ္လစတုတၳပတ္အထိ ေခတၱယာယီပိတ္ထားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန ( ပုဂံဌာနခြဲ )မွ သိရသည္။ ပုဂံေဒသအတြင္း ေရႀကီး၊ ေရဝပ္တာေတြေလ်ာ့ခ်ႏိုင္ေစရန္ႏွင့္ေရစီးေရလာေကာင္းမြန္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္အတြက္ ပုဂံၿမိဳ႕ေဟာင္း သရပါတံခါးကို ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

"သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈတစ္ရပ္အေနနဲ႔ ပုဂံေဒသအတြင္း ေရႀကီးေရဝပ္တာေတြေလွ်ာ့ခ်ႏိုင္ဖို႔နဲ႔ ေရစီးေရလာေကာင္းမြန္ဖို႔ကို ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ အခုလိုေဆာင္႐ြက္တာမွာ ပုဂံေခတ္ မူလေရလမ္းေၾကာင္းေတြကို ျပန္လည္ေဖာ္ထုတ္ထိန္းသိမ္းတဲ့လုပ္ငန္းေတြပါဝင္တဲ့ က်ဳံးကေန ဧရာဝတီျမစ္အထိ စီးဆင္းေရလမ္းေၾကာင္းရွိ က်ဳံးဧရိယာကို ေရစီးဆင္းမႈေကာင္းမြန္ဖို႔ ေဆာင္႐ြက္ေနသလို၊ လိုအပ္တဲ့ေနရာေတြမွာ ေရႁပြန္ေတြျပဳျပင္တာေတြကို ၂၀၂၅ခုႏွစ္ ၊ ေဖေဖာ္ဝါရီ ပထမပတ္ကေန မတ္လ စတုတၳပတ္အတြင္းလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ အဲဒီအတြက္ ပုဂံၿမိဳ႕ေဟာင္း သရပါတံခါးကို ေခတၱပိတ္ထားမွာျဖစ္ပါတယ္"ဟု ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ) က ထုတ္ျပန္ေျပာၾကားထားသည္။

ယင္းကဲ့သို႔ လုပ္ေဆာင္စဥ္ကာလအတြင္း လမ္းအသုံးျပဳျခင္းမ်ား ေခတၱယာယီပိတ္ထားမည္ျဖစ္သည္။ လမ္းအသုံးျပဳတာေခတၱယာယီပိတ္ထားသည့္ကာလအတြင္း အမ်ားျပည္သူသြားလာေစရန္အတြက္ ေညာင္ဦးၿမိဳ႕မွတဆင့္ ပုဂံၿမိဳ႕ေဟာင္းကိုသြားလိုသူမ်ားသည္ သရပါတံခါး အေရွ႕ဘက္ရွိ အာနႏၵာဘုရား အဝင္လမ္းမွတဆင့္ အေနာ္ရထာလမ္းမႀကီး၊ တဖန္ပုဂံၿမိဳ႕ေဟာင္းလမ္းအတိုင္းသြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ဧရာဝတီျမစ္ဆိပ္မွတဆင့္ ပုဂံၿမိဳ႕ေဟာင္းသို႔ သြားေရာက္မည့္သူမ်ားအတြက္ ေျမာက္ဘက္က်ဳံးေဘးလမ္းရွိ ေတာင္ဘီ႐ြာအတြင္းလမ္းမွ ျဖစ္ေစ၊ သရပါဟိုတယ္အေနာက္ဘက္လမ္းမွ ျဖစ္ေစျဖတ္သန္းသြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သြားလာသူမ်ား အဆင္ေျပေစရန္အတြက္ ျဖတ္သန္းသြားလာႏိုင္မည့္ လမ္းေၾကာင္းျပအသိေပးဆိုင္ဘုတ္မ်ားကိုလည္း အမ်ားျပည္သူျမင္သာသည့္ေနရာမ်ား၌ စိုက္ထူေပးထားမည္ျဖစ္ေၾကာင္း သိရသည္။ ပုဂံေဒသ၏ အေမြအႏွစ္တစ္ရပ္ျဖစ္သည့္ သရပါတံခါးနတ္ေမာင္ႏွမနတ္ကြန္းမ်ားကို အေနာ္ရထာမင္းႏွင့္က်န္စစ္မင္းနန္းေတာ္ရာ အေနာက္ဘက္ကားလမ္းမွတဆင့္လာေရာက္ပူေဇာ္ႏိုင္မည္ျဖစ္ၿပီး ႐ိုးရာအစဥ္လာမျပတ္အမ်ားျပည္သူ ပူေဇာ္ပသႏိုင္ရန္အတြက္ လည္း သီးသန႔္ဧရိယာေတြထားရွိေပးသြားမည္ဟုေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ)မွ သိရသည္။

Related news

© 2021. All rights reserved.