အမေရိကန်နိုင်ငံရောက် နေထိုင်ခွင့်အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အပြန်ခရီးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်လျှောက်ထားနိုင်ဟုဆို

 552

ယွန်း (NP News) - ဖေဖော်ဝါရီ ၆

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည့် နေထိုင်ခွင့်အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အပြန်ခရီးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်လျှောက်ထားနိုင်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ဗီဇာ စသည့် တရားဝင်အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်းတို့ကို ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြား သား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့်အနေအထားများ ဖြစ်ပေါ်လာနိုင်သဖြင့် ကာယကံ ရှင်များ၏ ပုဂ္ဂလိကအစီအစဉ်ဖြင့် နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်နိုင်ရန် မြန်မာသံရုံးက အသိပေးထား သည်။

ထို့ပြင် နေထိုင်ခွင့်အထောက်အထားမဲ့ (သို့မဟုတ်) တရားမဝင်ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုး၏ တာဝန်ရှိသူ များက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထား သည်။
၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအပြန်ခရီးအတွက် မည်သည့်ခရီးသွားလက်မှတ်အမျိုးအစားမျှ မရှိပါက (သို့မဟုတ်) နိုင်ငံကူးလက်မှတ်သည် ကာလကြာမြင့်စွာ သက်တမ်းလွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
လျှောက်ထားရန် ပုံစံနှင့် လိုအပ်ချက်များအား မြန်မာသံရုံး၏ ဝက်ဘ်ဆိုက်မှ ရယူဖြည့်စွက်၍ အီးမေးလ်/ဖုန်းတို့ဖြင့် ဆောလျင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံေရာက္ ေနထိုင္ခြင့္အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားမ်ားကို အျပန္ခရီးအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ေလွ်ာက္ထားႏိုင္ဟုဆို
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၆

အေမရိကန္ႏိုင္ငံတြင္ ေရာက္ရွိေနသည့္ ေနထိုင္ခြင့္အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားမ်ားကို အျပန္ခရီးအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ေလွ်ာက္ထားႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။

အေမရိကန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အေၾကာင္းေၾကာင္းေၾကာင့္ ေနထိုင္ခြင့္ ဗီဇာ စသည့္ တရားဝင္အေထာက္အထားမ်ား သက္တမ္းကုန္ဆုံးျခင္းတို႔ကို ႀကဳံေတြ႕ေနရပါက အေထာက္အထားမဲ့ ႏိုင္ငံျခား သား ေနရပ္ေ႐ႊ႕ေျပာင္းသူအျဖစ္ သတ္မွတ္ခံရကာ ျပည္ႏွင္မည့္အေနအထားမ်ား ျဖစ္ေပၚလာႏိုင္သျဖင့္ ကာယကံ ရွင္မ်ား၏ ပုဂၢလိကအစီအစဥ္ျဖင့္ ေနထိုင္ခြင့္ရရွိေရး ႀကိဳတင္ေဆာင္႐ြက္ႏိုင္ရန္ ျမန္မာသံ႐ုံးက အသိေပးထား သည္။

ထို႔ျပင္ ေနထိုင္ခြင့္အေထာက္အထားမဲ့ (သို႔မဟုတ္) တရားမဝင္ေရာက္ရွိေနသူျဖစ္ပါက အိမ္ရွင္အစိုး၏ တာဝန္ရွိသူ မ်ားက ျပည္ႏွင္ခ်ိန္မွ ထြက္ခြာျခင္းထက္ ႀကိဳတင္ထြက္ခြာသင့္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထား သည္။
၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံအျပန္ခရီးအတြက္ မည္သည့္ခရီးသြားလက္မွတ္အမ်ိဳးအစားမွ် မရွိပါက (သို႔မဟုတ္) ႏိုင္ငံကူးလက္မွတ္သည္ ကာလၾကာျမင့္စြာ သက္တမ္းလြန္ေနပါက မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံ လက္မွတ္ေလွ်ာက္ထားႏိုင္ေၾကာင္း ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
ေလွ်ာက္ထားရန္ ပုံစံႏွင့္ လိုအပ္ခ်က္မ်ားအား ျမန္မာသံ႐ုံး၏ ဝက္ဘ္ဆိုက္မွ ရယူျဖည့္စြက္၍ အီးေမးလ္/ဖုန္းတို႔ျဖင့္ ေဆာလ်င္စြာ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေၾကာင္း ဝါရွင္တန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက အသိေပးထားသည္။

Related news

© 2021. All rights reserved.