ဘုရားကြီးမြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားရာ လက်ဖက်ရည်ဆိုင် အပါအဝင် ဆိုင်ခန်း(၈)ခန်း မီးလောင်ဆုံးရှုံး
![](/img/icon_eye.svg)
131
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a46f31e76c32199b56fb64/banner-67a46f31e76c32199b56fb64-x800.jpg)
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်၊ ဘုရားကြီးမြို့၊ မြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားရာ လက်ဖက်ရည်ဆိုင် အပါအဝင် ဆိုင်ခန်း(၈)ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၆ ရက်)၊ နံနက်စောပိုင်း ၁၂ နာရီ ၂ဝ မိနစ်အချိန်ခန့်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဘုရားကြီးမြို့မဈေးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“လက်ရှိကတော့ မီးလောင်မှုဖြစ်စဉ်ကို သေချာစုံစမ်းတုန်းပါပဲ။ အဲဒီမှာ လက်ဖက်ရဉ်ဆိုင်တစ်ဆိုင်ပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်၊ ဘီယာတွေရောင်းတဲ့ Store ပါသွားတယ်။ လူနေတဲ့နေရာတွေလည်းပါတယ်။ စက်ချုပ်ပစ္စည်း ရောင်းတဲ့ဆိုင်တစ်ဆိုင်ပါတယ်” ဟု ဘုရားကြီးမြို့အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆိုင်ခန်း(၈)ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ပြီး မီးလောင်မှု ဖြစ်စဉ် နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“အဓိကတော့ မီးမပေါ့ဆဖို့နဲ့ မီးသတ်ကတင်ထားတဲ့ မီးသတိပေးချက်ကို သေချာလေးလိုက်နာသင့်တယ်။ နောက်ဆိုပိုပြီး ပူလာတော့မှာဖြစ်တဲ့အတွက် ဂရုစိုက်ကြဖို့ပြောချင်တယ်” ဟု အထက်ပါတာဝန်ရှိသူက အကြံပြု ထားသည်။
မီးလောင်မှုအား ပဲခူးခရိုင်မီးသတ်တပ်ဖွဲ့နှင့် ပဲခူးမြိုနယ်မီးသတ်တပ်ဖွဲ့တို့အပါအဝင် အခြားမီးသတ်တပ်ဖွဲ့များက မိနစ်(၄၀)ခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a46f31e76c32199b56fb64/body-image-67a46f31e76c32199b56fb64-0.jpg)
Zawgyi Version:
ဘုရားႀကီးၿမိဳ႕မေဈးတြင္ မီးေလာင္မႈျဖစ္ပြားရာ လက္ဖက္ရည္ဆိုင္ အပါအဝင္ ဆိုင္ခန္း(၈)ခန္း မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၆
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳနယ္၊ ဘုရားႀကီးၿမိဳ႕၊ ၿမိဳ႕မေဈးတြင္ မီးေလာင္မႈျဖစ္ပြားရာ လက္ဖက္ရည္ဆိုင္ အပါအဝင္ ဆိုင္ခန္း(၈)ခန္း မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ဘုရားႀကီးအရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ေဖေဖာ္ဝါရီလ ၆ ရက္)၊ နံနက္ေစာပိုင္း ၁၂ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္က ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ ရန္ကုန္-မႏၲေလးကားလမ္းမေပၚရွိ ဘုရားႀကီးၿမိဳ႕မေဈးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“လက္ရွိကေတာ့ မီးေလာင္မႈျဖစ္စဥ္ကို ေသခ်ာစုံစမ္းတုန္းပါပဲ။ အဲဒီမွာ လက္ဖက္ရဥ္ဆိုင္တစ္ဆိုင္ပါတယ္။ လွ်ပ္စစ္ပစၥည္းဆိုင္၊ ဘီယာေတြေရာင္းတဲ့ Store ပါသြားတယ္။ လူေနတဲ့ေနရာေတြလည္းပါတယ္။ စက္ခ်ဳပ္ပစၥည္း ေရာင္းတဲ့ဆိုင္တစ္ဆိုင္ပါတယ္” ဟု ဘုရားႀကီးၿမိဳ႕အရံမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ဆိုင္ခန္း(၈)ခန္း မီးေလာင္ဆုံးရႈံးသြားခဲ့ၿပီး မီးေလာင္မႈ ျဖစ္စဥ္ ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
“အဓိကေတာ့ မီးမေပါ့ဆဖို႔နဲ႔ မီးသတ္ကတင္ထားတဲ့ မီးသတိေပးခ်က္ကို ေသခ်ာေလးလိုက္နာသင့္တယ္။ ေနာက္ဆိုပိုၿပီး ပူလာေတာ့မွာျဖစ္တဲ့အတြက္ ဂ႐ုစိုက္ၾကဖို႔ေျပာခ်င္တယ္” ဟု အထက္ပါတာဝန္ရွိသူက အႀကံျပဳ ထားသည္။
မီးေလာင္မႈအား ပဲခူးခ႐ိုင္မီးသတ္တပ္ဖြဲ႕ႏွင့္ ပဲခူးၿမိဳနယ္မီးသတ္တပ္ဖြဲ႕တို႔အပါအဝင္ အျခားမီးသတ္တပ္ဖြဲ႕မ်ားက မိနစ္(၄၀)ခန႔္အၾကာ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။