လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်းတို့ကို Online ကွန်ပျူတာစနစ် အသုံးပြု၍ ဆောင်ရွက်ပေးသွားမည်

 251

စော (NP News) - ဖေဖော်ဝါရီ ၆

လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်းလုပ်ငန်းတို့ကို Online ကွန်ပျူတာစနစ် အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနသည် ပြည်တွင်းကုန်းလမ်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ကုန်းလမ်းသယ်ယူ့ပို့ဆောင်ရေးလုပ်ငန်းများဥပဒေ (၂၀၁၆)အရ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လုပ်ငန်းဆောင်ရွက်သူ ပြည်သူလူထု အနေဖြင့် အချိန်ကုန်သက်သာစွာနှင့် လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရေး Online ကွန်ပျူတာ စနစ် အသုံးပြု၍ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မန္တလေးတိုင်းဒေသကြီးရုံးတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း လိုင်စင်ဆိုင်ရာ ကိစ္စရပ်များအနက် “လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း နှင့် ပြင်ဆင်ပြောင်းလဲခြင်းလုပ်ငန်း” တို့ကို လာမည့် (ဖေဖော်ဝါရီ ၁၀ ရက်) မှစ၍ စမ်းသပ်ကာလအဖြစ် စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁ ရက်မှစတင်၍ Online ကွန်ပျူတာစနစ်အသုံးပြုကာ အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါအသေးစိတ်အချက်အလက်များကို www.dop.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လုပ္ငန္းလိုင္စင္သက္တမ္းတိုးျခင္းႏွင့္ ျပင္ဆင္ေျပာင္းလဲျခင္းတို႔ကို Online ကြန္ပ်ဴတာစနစ္ အသုံးျပဳ၍ ေဆာင္႐ြက္ေပးသြားမည္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၆

လုပ္ငန္းလိုင္စင္သက္တမ္းတိုးျခင္းႏွင့္ ျပင္ဆင္ေျပာင္းလဲျခင္းလုပ္ငန္းတို႔ကို Online ကြန္ပ်ဴတာစနစ္ အသုံးျပဳ၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာနသည္ ျပည္တြင္းကုန္းလမ္း သယ္ယူ ပို႔ေဆာင္ေရးလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္ကို ကုန္းလမ္းသယ္ယူ႔ပို႔ေဆာင္ေရးလုပ္ငန္းမ်ားဥပေဒ (၂၀၁၆)အရ ခြင့္ျပဳထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ျပည္တြင္းကုန္းလမ္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ကို လုပ္ငန္းေဆာင္႐ြက္သူ ျပည္သူလူထု အေနျဖင့္ အခ်ိန္ကုန္သက္သာစြာႏွင့္ လုပ္ငန္းမ်ား လြယ္ကူလ်င္ျမန္စြာ ေဆာင္႐ြက္ႏိုင္ေစေရး Online ကြန္ပ်ဴတာ စနစ္ အသုံးျပဳ၍ လုပ္ငန္းလိုင္စင္ထုတ္ေပးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး႐ုံးႏွင့္ မႏၲေလးတိုင္းေဒသႀကီး႐ုံးတို႔တြင္ ေဆာင္႐ြက္ေပးလ်က္ရွိသည့္ လုပ္ငန္း လိုင္စင္ဆိုင္ရာ ကိစၥရပ္မ်ားအနက္ “လုပ္ငန္းလိုင္စင္သက္တမ္းတိုးျခင္း ႏွင့္ ျပင္ဆင္ေျပာင္းလဲျခင္းလုပ္ငန္း” တို႔ကို လာမည့္ (ေဖေဖာ္ဝါရီ ၁၀ ရက္) မွစ၍ စမ္းသပ္ကာလအျဖစ္ စတင္ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဧၿပီလ ၁ ရက္မွစတင္၍ Online ကြန္ပ်ဴတာစနစ္အသုံးျပဳကာ အျပည့္အဝ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါသျဖင့္ ျပည္တြင္းကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ပူးေပါင္းေဆာင္႐ြက္ေပးၾကပါရန္ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
အဆိုပါအေသးစိတ္အခ်က္အလက္မ်ားကို www.dop.gov.mm တြင္ ဝင္ေရာက္ၾကည့္ရႈေလ့လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.