အသည်းရောဂါနှင့်ပတ်သက်သော ဆေးဝါးများ နိုင်ငံ‌တော်မှ အခမဲ့ ပေးအပ်မည်

 282

NP News - ဖေ‌ဖော်ဝါရီ ၆

အသည်းရောဂါခံစားနေရသည့်ဝေဒနာရှင်များအတွက် အသည်းနှင့်ပတ်သက်သောဆေးဝါးများကို ယခု ဖေဖော်ဝါရီလမှစတင်ကာ နီးစပ်ရာမြို့နယ်ကျန်းမာရေးဌာနများ၌ အခမဲ့ပေးအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုဆေးဝါးများသည် အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါဖြစ်စေနိုင်သော အသည်းရောင် အသားဝါ စီပိုး (Hepatitis-C) ရောဂါ ခံစားနေရသူများအား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရောဂါရှင်တွေအနေဖြင့် အခမဲ့ ဆေးဝါးထောက်ပံ့မှုများကို ၃ လမှ ၆ လအထိ သောက်သုံးသွားရမည်ဖြစ်ပြီး ဆေးဝါး ကုသမှု အခမဲ့ရယူလိုသော ဝေဒနာရှင်များသည် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ နီးစပ်ရာ အစိုးရဆေးရုံ (သို့မဟုတ်) မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများ၌ သွားရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။
လွန်ခဲ့သော ၂၀၂၄ ခုနှစ်အတွင်း၌ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့်ကိုဗစ် ကာကွယ်ဆေးများအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဦးစီးဌာနအနေဖြင့် အခမဲ့ ထောက်ပံ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
အသည္းေရာဂါႏွင့္ပတ္သက္ေသာ ေဆးဝါးမ်ား ႏိုင္ငံ‌ေတာ္မွအခမဲ့ ေပးအပ္မည္
NP News - ေဖ‌ေဖာ္ဝါရီ ၆

အသည္းေရာဂါခံစားေနရသည့္ေဝဒနာရွင္မ်ားအတြက္ အသည္းႏွင့္ပတ္သက္ေသာေဆးဝါးမ်ားကို ယခု ေဖေဖာ္ဝါရီလမွစတင္ကာ နီးစပ္ရာၿမိဳ႕နယ္က်န္းမာေရးဌာနမ်ား၌ အခမဲ့ေပးအပ္ေနၿပီျဖစ္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။
ထိုေဆးဝါးမ်ားသည္ အသည္းအဆီဖုံးေရာဂါ၊ အသည္းေျခာက္ေရာဂါႏွင့္ အသည္းကင္ဆာေရာဂါျဖစ္ေစႏိုင္ေသာ အသည္းေရာင္ အသားဝါ စီပိုး (Hepatitis-C) ေရာဂါ ခံစားေနရသူမ်ားအား ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေရာဂါရွင္ေတြအေနျဖင့္ အခမဲ့ ေဆးဝါးေထာက္ပံ့မႈမ်ားကို ၃ လမွ ၆ လအထိ ေသာက္သုံးသြားရမည္ျဖစ္ၿပီး ေဆးဝါး ကုသမႈ အခမဲ့ရယူလိုေသာ ေဝဒနာရွင္မ်ားသည္ ေဖေဖာ္ဝါရီ ၁ ရက္မွ စတင္ကာ နီးစပ္ရာ အစိုးရေဆး႐ုံ (သို႔မဟုတ္) ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဌာနမ်ား၌ သြားေရာက္ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။
လြန္ခဲ့ေသာ ၂၀၂၄ ခုႏွစ္အတြင္း၌ သားအိမ္ေခါင္း ကင္ဆာကာကြယ္ေဆး၊ ေႁမြဆိပ္ေျဖေဆး၊ ေခြး႐ူးျပန္ေရာဂါ ကာကြယ္ေဆးႏွင့္ကိုဗစ္ ကာကြယ္ေဆးမ်ားအျပင္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ကာကြယ္ေဆးမ်ားကို က်န္းမာေရး ဦးစီးဌာနအေနျဖင့္ အခမဲ့ ေထာက္ပံ့ထိုးႏွံေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.