ကျားဖျန့်လုပ်ငန်းများနှင့်ပတ်သက်၍ ပါဝင်ရင်းနှီးမြှုပ်နှံသူမဟုတ်ပဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း BGF ဆို
![](/img/icon_eye.svg)
367
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4723c2b58d56ff338dbe3/banner-67a4723c2b58d56ff338dbe3-x800.jpg)
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ နယ်စပ်ဒေသများမှ ကျားဖျန့်လုပ်ငန်းများနှင့်ပတ်သက်၍ ပါဝင်ရင်းနှီးမြှုပ်နှံသူမဟုတ်ပဲ မြေငှားရမ်းသည့် မြေရှင်သာဖြစ်ကြောင်း နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) က ယနေ့(ဖော်ဖော်ဝါရီ ၆ ရက်) က ဖြေရှင်းချက်ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ နယ်စပ်ဒေသများတွင် BGF ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် (၂၀၁၈/၀၉၉) ဖြင့် စတင်ဆောင်ရွက်ခဲ့ သော အိမ်ရာ၊ ဟိုတယ် နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် BGF အနေဖြင့် ယင်းစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ် မဟုတ်ပဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း ဖြေရှင်းထားသည်။
အဆိုပါအိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင်အချို့သည် လိမ်လည် လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့်အတွက် BGF အနေဖြင့် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နှင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲခြင်းတို့ကိုလက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိပြီး မသမာ လုပ်ငန်းများကို ပိတ်သိမ်းစေလျက် သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိကြောင်း BGF က ဆိုသည်။
လူကုန်ကူးခံရသည့်ဖြစ်စဉ်များကို အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဖော်ထုတ် ကူညီပေးလျက် ရှိပြီး ၂၀၂၃ ခုနှစ်မှ လက်ရှိအချိန်ထိ လူကုန်ကူးခံရသူပေါင်း (၂၀၀၀) ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
BGF အနေဖြင့် ကာလရှည်ကြာစစ်ဘေးစစ်ဒဏ်ကြောင့် ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသော ကရင်ပြည်နယ်၊ နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းအစဉ်အဆက် ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်း လမ်းတံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေး နှင့်စီးပွားရေး ဖွံ့ဖြိုးမှုများကို ပြည်သူ့အကျိုးအတွက် အမြဲဦးတည် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ၏ ဘဝဖွံ့ဖြိုးမှုအတွက် စေတနာမှန်ဖြင့် လက်တွေ့ကျကျ သုံးသပ်ကူညီမှုပြုလျက် ရာဇဝတ်မှုကျူးလွန်သူများကို မိမိတို့နှင့်အတူ လက်တွဲတိုက်ဖျက်သွားကြပါရန်လည်း BGF က တိုက်တွန်းထားသည်။
Zawgyi Version:
က်ားဖ်န႔္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ပါဝင္ရင္းႏွီးျမႇဳပ္ႏွံသူမဟုတ္ပဲ ေျမငွားရမ္းသည့္ေျမရွင္သာျဖစ္ေၾကာင္း BGF ဆို
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၆
ကရင္ျပည္နယ္၊ နယ္စပ္ေဒသမ်ားမွ က်ားဖ်န႔္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ပါဝင္ရင္းႏွီးျမႇဳပ္ႏွံသူမဟုတ္ပဲ ေျမငွားရမ္းသည့္ ေျမရွင္သာျဖစ္ေၾကာင္း နယ္ျခားေစာင့္တပ္(ကရင္ျပည္နယ္) က ယေန႔(ေဖာ္ေဖာ္ဝါရီ ၆ ရက္) က ေျဖရွင္းခ်က္ထုတ္ျပန္ထားသည္။
ကရင္ျပည္နယ္၊ နယ္စပ္ေဒသမ်ားတြင္ BGF ေဆာင္႐ြက္ခဲ့ေသာ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္းမ်ားသည္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ႏိုင္ငံေတာ္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္ (၂၀၁၈/၀၉၉) ျဖင့္ စတင္ေဆာင္႐ြက္ခဲ့ ေသာ အိမ္ရာ၊ ဟိုတယ္ ႏွင့္ အပန္းေျဖရိပ္သာ စီမံကိန္းမ်ားျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ BGF အေနျဖင့္ ယင္းစီမံကိန္းမ်ားတြင္ ပါဝင္ရင္းႏွီးျမႇဳပ္ႏွံသည့္ အက်ိဳးတူလုပ္ငန္းရွင္အျဖစ္ မဟုတ္ပဲ ေျမငွားရမ္းသည့္ေျမရွင္သာျဖစ္ေၾကာင္း ေျဖရွင္းထားသည္။
အဆိုပါအိမ္ရာစီမံကိန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားထံမွ ထပ္ဆင့္ငွားရမ္းသည့္ လုပ္ငန္းရွင္အခ်ိဳ႕သည္ လိမ္လည္ လွည့္ဖ်ားျခင္း၊ လူကုန္ကူးျခင္း စသည့္အလုပ္မ်ားကို လုပ္ကိုင္ၾကသည့္အတြက္ BGF အေနျဖင့္ အစိုးရ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းလက္တြဲကာ တိုက္ဖ်က္ႏွိမ္ႏွင္းလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ျပင္ လူကုန္ကူးျခင္း၊ မသမာမႈျပဳျခင္း၊ ညႇင္းပန္းႏွိပ္စက္ျခင္း၊ ကေလးလုပ္သားအသုံးျပဳျခင္း၊ လိမ္လည္ လွည့္ဖ်ားျခင္း၊ မူးယစ္ေဆးဝါး ေရာင္းခ်သုံးစြဲျခင္းတို႔ကိုလက္မခံဘဲ ေဖာ္ထုတ္ဖမ္းဆီးအေရးယူလ်က္ရွိၿပီး မသမာ လုပ္ငန္းမ်ားကို ပိတ္သိမ္းေစလ်က္ သက္ဆိုင္ရာသို႔ အပ္ႏွံအေရးယူလ်က္ရွိေၾကာင္း BGF က ဆိုသည္။
လူကုန္ကူးခံရသည့္ျဖစ္စဥ္မ်ားကို အစိုးရ၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းကာ ေဖာ္ထုတ္ ကူညီေပးလ်က္ ရွိၿပီး ၂၀၂၃ ခုႏွစ္မွ လက္ရွိအခ်ိန္ထိ လူကုန္ကူးခံရသူေပါင္း (၂၀၀၀) ေက်ာ္ကို သက္ဆိုင္ရာႏိုင္ငံအလိုက္ ဆက္သြယ္ကာ ေနရပ္ျပန္ပို႔ရန္ ကူညီေဆာင္႐ြက္ေပးခဲ့ၿပီး ဆက္လက္၍ တရားမဝင္ ရာဇဝတ္မႈမ်ားကို အစိုးရ၊ ႏိုင္ငံတကာတို႔ႏွင့္ ပူးေပါင္းလက္တြဲ တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္း သိရသည္။
BGF အေနျဖင့္ ကာလရွည္ၾကာစစ္ေဘးစစ္ဒဏ္ေၾကာင့္ ဖြံ႕ၿဖိဳးမႈေနာက္က်လ်က္ရွိေသာ ကရင္ျပည္နယ္၊ နယ္စပ္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သမိုင္းအစဥ္အဆက္ ေဆာင္႐ြက္ခဲ့ေသာအဖြဲ႕အစည္းျဖစ္ၿပီး ေဒသတြင္း လမ္းတံတား၊ ေရ၊ မီး၊ ပညာေရး၊ က်န္းမာေရး ႏွင့္စီးပြားေရး ဖြံ႕ၿဖိဳးမႈမ်ားကို ျပည္သူ႔အက်ိဳးအတြက္ အၿမဲဦးတည္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ကရင္ျပည္နယ္၊ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားမ်ား၏ ဘဝဖြံ႕ၿဖိဳးမႈအတြက္ ေစတနာမွန္ျဖင့္ လက္ေတြ႕က်က် သုံးသပ္ကူညီမႈျပဳလ်က္ ရာဇဝတ္မႈက်ဴးလြန္သူမ်ားကို မိမိတို႔ႏွင့္အတူ လက္တြဲတိုက္ဖ်က္သြားၾကပါရန္လည္း BGF က တိုက္တြန္းထားသည္။