အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ လိင်ပြောင်းအမျိုးသမီးတွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမယ့်အစီအစဉ်ကို တားမြစ်ပိတ်ပင်မယ့်အမိန့်ကို ဒေါ်နယ်ထရမ့် ထုတ်ပြန်
183
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၆
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ အမျိုးသမီးစစ်စစ်တွေကိုသာ ပါဝင် ယှဉ်ပြိုင်ခွင့်ပေးပြီး လိင်ပြောင်းအမျိုးသမီးတွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမယ့်အစီအစဉ်ကို တားမြစ်ပိတ်ပင်လိုက် တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ လိင်ပြောင်းအမျိုးသမီးတွေကို အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းအမိန့်ကို တရားရေးဌာန အပါအဝင် အစိုးရအဖွဲ့အစည်းအားလုံးကို ထုတ်ပြန်လိုက်ပါတယ်။ လိင်ပြောင်းအမျိုးသမီးတွေဟာ အမေရိကန်နိုင်ငံအတွင်းကျင်းပတဲ့ အမျိုးသမီးကျောင်းအားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်းကို ပိတ်ပင်လိုက်တာမျိုးဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "ကျွန်တော်တို့အစိုးရအဖွဲ့ဟာ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ အမျိုးသမီးအားကစားသမားတွေကို အမျိုးသားတွေ အနိုင်ယူတာ လိုက်ကြည့်နေမှာမဟုတ်ဘူး" လို့ ပြောပါတယ်။
လိင်ပြောင်းအမျိုးသမီးကို အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှုပိတ်ပင်တဲ့အမိန့်ဟာ နိုင်ငံတဝှမ်းကို ချက်ချင်း သက်ရောက်မှာဖြစ်ပါတယ်။ အမေရိကန်အစိုးရအသစ်လက်ထက်မှာ သတ်မှတ်လိုက်တဲ့ အဆိုပါ သတ်မှတ်လိုက် တဲ့အမိန့်က အမေရိကန်နိုင်ငံအတွင်း အားကစားပြိုင်ပွဲတွေမှာ အားစားသမားတွေ ပါဝင်ယှဉ်ပြိုင်မှုအရေအတွက် လျော့နည်းဖွယ်ရှိနေပါတယ်။
အမေရိကန်နိုင်ငံတဝှမ်းရှိ စာသင်ကျောင်းပေါင်း ၁၁ဝဝ မှာ အားကစားသမား ဦးရေ ၅၂၀၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ လိင်ပြောင်းအမျိုးသမီး ၁၀ဦးပါဝင်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၂၄ ခုနှစ်တုန်းက လိင်ပြောင်း အမျိုးသမီးတွေကို ကာကွယ်ပေးမယ့် Title IX ကို သတ်မှတ်ခဲ့ပြီး လိင်ပြောင်းအမျိုးသမီးတွေကို အားကစားပြိုင်ပွဲ တွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် တာဝန်ယူပြီးနောက် အမိန့်တွေကို ထုတ်ပြန်ခဲ့ရာ ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲတာတွေလုပ်ဆောင်ခဲ့ပြီး မိန့်ခွန်းတွေမှာလည်း အမျိုးသား စစ်စစ်၊ အမျိုးသမီးစစ်ဖြစ်ရမယ်ဆိုတဲ့အချက်ကိုပြောဆိုခဲ့ကာ လိင်ပြေင်းအမျိုးသမီး၊အမျိုးသမီးတွေကို လက်မခံ ဘူးဆိုတဲ့အချက်ကို ပြောဆိုခဲ့ပါတယ်။
Zawgyi Version:
အမ်ိဳးသမီးအားကစားၿပိဳင္ပြဲေတြမွာ လိင္ေျပာင္းအမ်ိဳးသမီးေတြကို ပါဝင္ယွဥ္ၿပိဳင္ခြင့္ေပးမယ့္အစီအစဥ္ကို တားျမစ္ ပိတ္ပင္မယ့္အမိန႔္ကို ေဒၚနယ္ထရမ့္ ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၆
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ အမ်ိဳးသမီးအားကစားၿပိဳင္ပြဲေတြမွာ အမ်ိဳးသမီးစစ္စစ္ေတြကိုသာ ပါဝင္ ယွဥ္ၿပိဳင္ခြင့္ေပးၿပီး လိင္ေျပာင္းအမ်ိဳးသမီးေတြကို ပါဝင္ယွဥ္ၿပိဳင္ခြင့္ေပးမယ့္အစီအစဥ္ကို တားျမစ္ပိတ္ပင္လိုက္ တယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ လိင္ေျပာင္းအမ်ိဳးသမီးေတြကို အားကစားၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ျခင္းအမိန႔္ကို တရားေရးဌာန အပါအဝင္ အစိုးရအဖြဲ႕အစည္းအားလုံးကို ထုတ္ျပန္လိုက္ပါတယ္။ လိင္ေျပာင္းအမ်ိဳးသမီးေတြဟာ အေမရိကန္ႏိုင္ငံအတြင္းက်င္းပတဲ့ အမ်ိဳးသမီးေက်ာင္းအားကစားပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ျခင္းကို ပိတ္ပင္လိုက္တာမ်ိဳးျဖစ္ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က "ကြၽန္ေတာ္တို႔အစိုးရအဖြဲ႕ဟာ အမ်ိဳးသမီးအားကစားၿပိဳင္ပြဲေတြမွာ အမ်ိဳးသမီးအားကစားသမားေတြကို အမ်ိဳးသားေတြ အႏိုင္ယူတာ လိုက္ၾကည့္ေနမွာမဟုတ္ဘူး" လို႔ ေျပာပါတယ္။
လိင္ေျပာင္းအမ်ိဳးသမီးကို အားကစားၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္မႈပိတ္ပင္တဲ့အမိန႔္ဟာ ႏိုင္ငံတဝွမ္းကို ခ်က္ခ်င္း သက္ေရာက္မွာျဖစ္ပါတယ္။ အေမရိကန္အစိုးရအသစ္လက္ထက္မွာ သတ္မွတ္လိုက္တဲ့ အဆိုပါ သတ္မွတ္လိုက္ တဲ့အမိန႔္က အေမရိကန္ႏိုင္ငံအတြင္း အားကစားၿပိဳင္ပြဲေတြမွာ အားစားသမားေတြ ပါဝင္ယွဥ္ၿပိဳင္မႈအေရအတြက္ ေလ်ာ့နည္းဖြယ္ရွိေနပါတယ္။
အေမရိကန္ႏိုင္ငံတဝွမ္းရွိ စာသင္ေက်ာင္းေပါင္း ၁၁ဝဝ မွာ အားကစားသမား ဦးေရ ၅၂၀၀၀ ပါဝင္ယွဥ္ၿပိဳင္ခဲ့ကာ လိင္ေျပာင္းအမ်ိဳးသမီး ၁၀ဦးပါဝင္တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံမွာ ၂၀၂၄ ခုႏွစ္တုန္းက လိင္ေျပာင္း အမ်ိဳးသမီးေတြကို ကာကြယ္ေပးမယ့္ Title IX ကို သတ္မွတ္ခဲ့ၿပီး လိင္ေျပာင္းအမ်ိဳးသမီးေတြကို အားကစားၿပိဳင္ပြဲ ေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ေပးခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ အမိန႔္ေတြကို ထုတ္ျပန္ခဲ့ရာ ဂ်ိဳးဘိုင္ဒန္ လက္ထက္တုန္းက ဥပေဒေတြကို ျပင္ဆင္ေျပာင္းလဲတာေတြလုပ္ေဆာင္ခဲ့ၿပီး မိန႔္ခြန္းေတြမွာလည္း အမ်ိဳးသား စစ္စစ္၊ အမ်ိဳးသမီးစစ္ျဖစ္ရမယ္ဆိုတဲ့အခ်က္ကိုေျပာဆိုခဲ့ကာ လိင္ေျပင္းအမ်ိဳးသမီး၊အမ်ိဳးသမီးေတြကို လက္မခံ ဘူးဆိုတဲ့အခ်က္ကို ေျပာဆိုခဲ့ပါတယ္။