ဂါဇာမြို့မှာနေထိုင်တဲ့ဒေသခံတွေကို ရွှေ့ပြောင်းဖို့ ပြင်ထားရန် အစ္စရေးကာကွယ်ရေးဝန်ကြီး တောင်းဆို
131
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၆
အစ္စရေးကာကွယ်ရေးဝန်ကြီးဟာ ဂါဇာမြို့မှာနေထိုင်တဲ့ဒေသခံတွေကို အပြင်ဘက်ကိုထွက်ဖို့ ပြင်ဆင်ထားရေး အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲပြောင်းရယူမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးက အခုလိုမျိုး ပြောခဲ့တာဖြစ်ပါ တယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသမှာ နေထိုင်သူတွေကို အရှေ့အလယ်ပိုင်းဒေသရဲ့အခြားနေရာတွေ ကို ပြောင်းရွှေဖို့ ပြောဆိုခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က "ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်ဟာ သမိုင်းဝင် လုပ်ရပ်ဖြစ်တယ်။ သူရဲ့အကြံဉာဏ်အယူဆတွေ တစ်မူကွဲပြားခြားနားတယ်။ ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို ကြိုဆိုပါတယ်" လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးက "ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်ရေးလုပ်တာကိုကန့်ကွက်ခဲ့တဲ့ နိုင်ငံတွေဟာ အဲဒီ ဂါဇာဒေသမှာ နေထိုင်တဲ့သူတွေကို ခေါ်ယူထားရမယ်။ စပိန်၊ အိုင်ယာလန်၊ နော်ဝေး နဲ့ ဂါဇာဒေသမှာ အစ္စရေး က စစ်ဆင်ရေးလုပ်တာကို ကန့်ကွက်ခဲ့တဲ့နိုင်ငံတွေအားလုံးဟာ ဂါဇာဒေသခံတွေကို တရားဝင်နေထိုင်ခွင့်ပေး ရမယ်။ အဲဒီလိုလုပ်ဖို့ငြင်းရင် သူတို့ရဲ့အရေခြုံမှုကို ဖော်ထုတ်လိမ့်မယ်။ ကနေဒါလို နိုင်ငံမျိုးမှာ လူဝင်မှု ကြီးကြပ်ရေးအစီအစဉ်တွေ ချမှတ်ထားပြီး၊ ဂါဇာကမ်းမြောင်ဒေသခံများကို လက်ခံရန် ဆန္ဒရှိတယ်ဆိုတာ ယခင်က ထုတ်ဖော်ပြောဆိုခဲ့တယ်" လို့ ပြောပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်တွေဟာ အငြင်းပွားဖွယ်ဖြစ်နေပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း နိုင်ငံတွေကြား ဝေဖန်မှုမြင့်တက်နေပါတယ်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ဒုတိယအဆင့် လုပ်ဆောင်ခါနီးချိန်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲယူမယ့်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးဖြစ်ပါ တယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ်အတွင်းမှာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတဲ့ ဂျော်ဒန်ဘုရင်ရဲ့အစီအစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ ဆော်ဒီ အာရေဗျနိုင်ငံက ပါလက်စတိုင်းတွေ နေရပ်စွန့်ခွာဖို့နဲ့ မြေတွေ သိမ်းယူခံရမယ့်အစီအစဉ်ကို ဆန့်ကျင်ကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်တွေဟာ ပါလက်စတိုင်းတွေကို မောင်းထုတ်လိုတဲ့ အစ္စရေးအစိုးရရဲ့အစီအစဉ်တွေက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
Zawgyi Version:
ဂါဇာၿမိဳ႕မွာေနထိုင္တဲ့ေဒသခံေတြကို ေ႐ႊ႕ေျပာင္းဖို႔ ျပင္ထားရန္ အစၥေရးကာကြယ္ေရးဝန္ႀကီး ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၆
အစၥေရးကာကြယ္ေရးဝန္ႀကီးဟာ ဂါဇာၿမိဳ႕မွာေနထိုင္တဲ့ေဒသခံေတြကို အျပင္ဘက္ကိုထြက္ဖို႔ ျပင္ဆင္ထားေရး အမိန႔္ေပးလိုက္တယ္လို႔ သိရပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဂါဇာေဒသကို လႊဲေျပာင္းရယူမယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အစၥေရးကာကြယ္ေရးဝန္ႀကီးက အခုလိုမ်ိဳး ေျပာခဲ့တာျဖစ္ပါ တယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဂါဇာေဒသမွာ ေနထိုင္သူေတြကို အေရွ႕အလယ္ပိုင္းေဒသရဲ႕အျခားေနရာေတြ ကို ေျပာင္းေ႐ႊဖို႔ ေျပာဆိုခဲ့ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု က "ေဒၚနယ္ထရမ့္ရဲ႕လုပ္ရပ္ဟာ သမိုင္းဝင္ လုပ္ရပ္ျဖစ္တယ္။ သူရဲ႕အႀကံဉာဏ္အယူဆေတြ တစ္မူကြဲျပားျခားနားတယ္။ ေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ကို ႀကိဳဆိုပါတယ္" လို႔ ေျပာပါတယ္။
အစၥေရးကာကြယ္ေရးဝန္ႀကီးက "ဂါဇာေဒသမွာ အစၥေရးက စစ္ဆင္ေရးလုပ္တာကိုကန႔္ကြက္ခဲ့တဲ့ ႏိုင္ငံေတြဟာ အဲဒီ ဂါဇာေဒသမွာ ေနထိုင္တဲ့သူေတြကို ေခၚယူထားရမယ္။ စပိန္၊ အိုင္ယာလန္၊ ေနာ္ေဝး နဲ႔ ဂါဇာေဒသမွာ အစၥေရး က စစ္ဆင္ေရးလုပ္တာကို ကန႔္ကြက္ခဲ့တဲ့ႏိုင္ငံေတြအားလုံးဟာ ဂါဇာေဒသခံေတြကို တရားဝင္ေနထိုင္ခြင့္ေပး ရမယ္။ အဲဒီလိုလုပ္ဖို႔ျငင္းရင္ သူတို႔ရဲ႕အေရၿခဳံမႈကို ေဖာ္ထုတ္လိမ့္မယ္။ ကေနဒါလို ႏိုင္ငံမ်ိဳးမွာ လူဝင္မႈ ႀကီးၾကပ္ေရးအစီအစဥ္ေတြ ခ်မွတ္ထားၿပီး၊ ဂါဇာကမ္းေျမာင္ေဒသခံမ်ားကို လက္ခံရန္ ဆႏၵရွိတယ္ဆိုတာ ယခင္က ထုတ္ေဖာ္ေျပာဆိုခဲ့တယ္" လို႔ ေျပာပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ေတြဟာ အျငင္းပြားဖြယ္ျဖစ္ေနၿပီး အေရွ႕အလယ္ပိုင္းေဒသအတြင္း ႏိုင္ငံေတြၾကား ေဝဖန္မႈျမင့္တက္ေနပါတယ္။ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရး ဒုတိယအဆင့္ လုပ္ေဆာင္ခါနီးခ်ိန္မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဂါဇာေဒသကို လႊဲယူမယ့္အစီအစဥ္ကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးျဖစ္ပါ တယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး လာမယ့္သီတင္းပတ္အတြင္းမွာ ေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ေတာင္းဆိုတဲ့ ေဂ်ာ္ဒန္ဘုရင္ရဲ႕အစီအစဥ္ကို ေဆာ္ဒီအာေရဗ်ႏိုင္ငံက ျငင္းဆန္ခဲ့ပါတယ္။ ေဆာ္ဒီ အာေရဗ်ႏိုင္ငံက ပါလက္စတိုင္းေတြ ေနရပ္စြန႔္ခြာဖို႔နဲ႔ ေျမေတြ သိမ္းယူခံရမယ့္အစီအစဥ္ကို ဆန႔္က်င္ေၾကာင္း ေျပာပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ေတြဟာ ပါလက္စတိုင္းေတြကို ေမာင္းထုတ္လိုတဲ့ အစၥေရးအစိုးရရဲ႕အစီအစဥ္ေတြက တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ဆိုပါတယ္။