မြောင်းမြမြို့နယ်တွင် အသက်(၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ငါးပူတင်းစားမိရာမှ အစာအဆိပ်သင့်ပြီး သေဆုံး

521

စော(NP News)- ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အသက်(၅)နှစ်အရွယ်ရှိ ယောကျ်ားလေးတစ်ဦး ငါးပူတင်းစားမိ ရာမှ အစာအဆိပ်သင့်ပြီး သေဆုံးသွားခဲ့ကြောင်း အေးမြဖြူစင်(ဇီဝိတဒါန) သွေးလှူရှင်အသင်းထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်၊ ညနေပိုင်းက မြောင်းမြမြို့နယ်၊ ကမကိုင်အုပ်စု၊ နာနတ်တောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကလေးငယ် အပါအဝင် မိသားစုဝင် (၄)ဦးသည် ငါးပူတင်းဟင်းကို စားသုံးခဲ့ရာမှ ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း အေးမြဖြူစင်(ဇီဝိတဒါန) သွေးလှူရှင်အသင်းဆိုသည်။
“ငါးပူတင်းချက်စားတာ။ ကလေးက လေးနှစ်ကျော် ငါးနှစ်ဝန်းကျင်ပါပဲ။ မိသားစုလိုက်ဖြစ်တာပါ။ ယခုဆေးရုံမှာ ဆိုရင် အဖေရယ်၊ အမေရယ်၊ အငယ်ဆုံးကလေးရယ် မြောင်းမြဆေးရုံမှာ ဆေးရုံတင်ထားပါတယ်”ဟု အေးမြဖြူစင် (ဇီဝိတဒါန) သွေးလှူရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ကျန်ရှိသော မိသားစုဝင်များသည် မြောင်းမြပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ဆက်လက်ခံယူနေပြီး အခြေအနေ ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။
“ဆေးရုံကို မရောက်ဘူး။ ရွာမှာတင်ဆုံးတာ။ ဆုံးပြီးတော့ ရဲမှု၊ ရဲခင်းဖြစ်တဲ့အခါကျတော့ ကလေးကို မဖြစ်မနေ ခေါ်ရမယ်ဆိုတော့ ကလေးကော၊ အဖေကော၊ အမေကော၊ အငယ်ဆုံးကလေးကော ဆေးရုံကို အကုန်လုံး ခေါ်ချလာတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ သေဆုံးသူကလေးငယ်ကို မြောင်းမြမြို့ ၊ မြို့မသုဿာန်တွင် ယနေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက် (၁၀) နာရီ ခန့်က မီးသင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

Zawgyi Version:
ေျမာင္းျမၿမိဳ႕နယ္တြင္ အသက္(၅)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ငါးပူတင္းစားမိရာမွ အစာအဆိပ္သင့္ၿပီး ေသဆုံး
ေစာ(NP News)- ေဖေဖာ္ဝါရီ ၆
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္တြင္ အသက္(၅)ႏွစ္အ႐ြယ္ရွိ ေယာက်္ားေလးတစ္ဦး ငါးပူတင္းစားမိ ရာမွ အစာအဆိပ္သင့္ၿပီး ေသဆုံးသြားခဲ့ေၾကာင္း ေအးျမျဖဴစင္(ဇီဝိတဒါန) ေသြးလႉရွင္အသင္းထံမွ သိရသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၄ ရက္၊ ညေနပိုင္းက ေျမာင္းျမၿမိဳ႕နယ္၊ ကမကိုင္အုပ္စု၊ နာနတ္ေတာင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ အဆိုပါကေလးငယ္ အပါအဝင္ မိသားစုဝင္ (၄)ဦးသည္ ငါးပူတင္းဟင္းကို စားသုံးခဲ့ရာမွ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း ေအးျမျဖဴစင္(ဇီဝိတဒါန) ေသြးလႉရွင္အသင္းဆိုသည္။
“ငါးပူတင္းခ်က္စားတာ။ ကေလးက ေလးႏွစ္ေက်ာ္ ငါးႏွစ္ဝန္းက်င္ပါပဲ။ မိသားစုလိုက္ျဖစ္တာပါ။ ယခုေဆး႐ုံမွာ ဆိုရင္ အေဖရယ္၊ အေမရယ္၊ အငယ္ဆုံးကေလးရယ္ ေျမာင္းျမေဆး႐ုံမွာ ေဆး႐ုံတင္ထားပါတယ္”ဟု ေအးျမျဖဴစင္ (ဇီဝိတဒါန) ေသြးလႉရွင္အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
က်န္ရွိေသာ မိသားစုဝင္မ်ားသည္ ေျမာင္းျမျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈ ဆက္လက္ခံယူေနၿပီး အေျခအေန ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း သိရသည္။
“ေဆး႐ုံကို မေရာက္ဘူး။ ႐ြာမွာတင္ဆုံးတာ။ ဆုံးၿပီးေတာ့ ရဲမႈ၊ ရဲခင္းျဖစ္တဲ့အခါက်ေတာ့ ကေလးကို မျဖစ္မေန ေခၚရမယ္ဆိုေတာ့ ကေလးေကာ၊ အေဖေကာ၊ အေမေကာ၊ အငယ္ဆုံးကေလးေကာ ေဆး႐ုံကို အကုန္လုံး ေခၚခ်လာတာပါ” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ ေသဆုံးသူကေလးငယ္ကို ေျမာင္းျမၿမိဳ႕ ၊ ၿမိဳ႕မသုႆာန္တြင္ ယေန႔ ေဖေဖာ္ဝါရီလ ၆ ရက္ နံနက္ (၁၀) နာရီ ခန႔္က မီးသၿဂႋဳလ္လိုက္ေၾကာင္း သိရသည္။