မင်္ဂလာဒုံမြို့နယ်တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်၍ မီးခြစ်လုမီးရှို့ရာမှ ဇနီးဖြစ်သူ မီးလောင်သေဆုံး

1301

ချယ်ရီ (NP News)- ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်တွင် အမျိုးသားဖြစ်သူ အရက်သောက်သည်ကို မကြိုက်၍ စကားများ ရန်ဖြစ်ပြီး မီးခြစ်လု မီးရှို့ရာမှ ဇနီးဖြစ်သူမီးလောင်သေဆုံး၍ အမျိုးသားမှာ မီးလောင်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၆ ရက်)၊ နံနက် ၁ နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေးရှိ လယ်တဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသားဖြစ်သူက အရက်သောက်လို့ မိန်းမက မကြိုက်ရာကနေ စကားများရန်ဖြစ်ကြတာ။ အဲဒီကနေ နင်ရှို့ မယ် ငါရှို့မယ်နဲ့ မီးခြစ်ကို လုတယ်။ အဲဒီတော့ ယောက်ျားက မူးပြီးတော့ မီးခြစ်ကိုပေးလိုက်တယ်။ ပေးလိုက်တဲ့ အချိန်မှာ မိန်းမက တစ်အိမ်လုံးကို ဓာတ်ဆီနဲ့ဖြစ်ဖြစ်၊ ဒီဇယ်တွေနဲ့ဖြစ်ဖြစ် ပက်ထားတယ်ပေါ့နော်။ ဓာတ်ဆီပုံးတွေ နဲ့လျှောက်ဖြန်းတော့ အောက်တွေကို၊ မြေကြီးတွေပေါ် ကိုလည်း အစက်တွေကျတယ်။ ဟိုလိုဒီလိုတွေနဲ့ ဆီနဲ့ လိုက်ပက်တာ။ မိန်းမက တကယ် ရှို့ချလိုက်တယ်။ ရှို့လိုက်တဲ့အချိန်မှာ ဝုန်းဆိုပြီး ထလောင်တယ်။ ထလောင် တော့ သူ့(မိန်းမ)ကိုလည်း လောင်တယ်။ အဲဒီမှာ ယောက်ျားကလည်း ထွက်ပြေးတော့ လွတ်တယ်။ မိန်းမက သူကိုယ်တိုင်ရှို့ပြီး မီးလောင်ပြီး သေသွားတယ်” ဟု မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မီးလောင်သွားသောတဲမှာ ဆယ်ပေပတ်လည်ရှိ လယ်တဲမျိုးဖြစ်ပြီး အမျိုးသမီးမှာ မီးလောင်ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
“သူတို့နေတဲ့တဲက ဆယ်ပေပတ်လည် တဲမျိုးလေးတော့ ရှိတယ်။ လယ်ကွင်းထဲမှာ။ လူသူလည်း နည်းနည်းတော့ ဝေးတယ်။ ဖြစ်တာလည်း မြန်ဆန်တယ်။ လယ်ကွင်းထဲဆိုတော့ လေတိုက်အားလည်း အရမ်းကောင်းတယ်” ဟု အခြားမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မီးလောင်သေဆုံးသူအမျိုးသမီးမှာ အသက်(၄၇)နှစ်အရွယ်ရှိပြီး အသက် (၄၀)အရွယ်ရှိ ၎င်း၏ အမျိုးသားမှာလည်း မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ အဆိုပါတဲသို့ လယ်ထွန်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့ကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးထားကြောင်း မင်္ဂလာဒုံမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

Zawgyi Version:
မဂၤလာဒုံၿမိဳ႕နယ္တြင္ လင္မယားႏွစ္ဦး စကားမ်ားရန္ျဖစ္၍ မီးျခစ္လုမီးရႈိ႕ရာမွ ဇနီးျဖစ္သူ မီးေလာင္ေသဆုံး
ခ်ယ္ရီ (NP News)- ေဖေဖာ္ဝါရီ ၆
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳနယ္တြင္ အမ်ိဳးသားျဖစ္သူ အရက္ေသာက္သည္ကို မႀကိဳက္၍ စကားမ်ား ရန္ျဖစ္ၿပီး မီးျခစ္လု မီးရႈိ႕ရာမွ ဇနီးျဖစ္သူမီးေလာင္ေသဆုံး၍ အမ်ိဳးသားမွာ မီးေလာင္ဒဏ္ရာအျပင္းအထန္ ရရွိခဲ့ ေၾကာင္း မဂၤလာဒုံၿမိဳ႕နယ္မီးသတ္စခန္းထံမွ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၆ ရက္)၊ နံနက္ ၁ နာရီအခ်ိန္ခန႔္က မဂၤလာဒုံၿမိဳ႕နယ္၊ ဧကရာဇ္ရပ္ကြက္၊ ရန္ကုန္-ပဲခူး လမ္းမႀကီးေဘးရွိ လယ္တဲတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အမ်ိဳးသားျဖစ္သူက အရက္ေသာက္လို႔ မိန္းမက မႀကိဳက္ရာကေန စကားမ်ားရန္ျဖစ္ၾကတာ။ အဲဒီကေန နင္ရႈိ႕ မယ္ ငါရႈိ႕မယ္နဲ႔ မီးျခစ္ကို လုတယ္။ အဲဒီေတာ့ ေယာက္်ားက မူးၿပီးေတာ့ မီးျခစ္ကိုေပးလိုက္တယ္။ ေပးလိုက္တဲ့ အခ်ိန္မွာ မိန္းမက တစ္အိမ္လုံးကို ဓာတ္ဆီနဲ႔ျဖစ္ျဖစ္၊ ဒီဇယ္ေတြနဲ႔ျဖစ္ျဖစ္ ပက္ထားတယ္ေပါ့ေနာ္။ ဓာတ္ဆီပုံးေတြ နဲ႔ေလွ်ာက္ျဖန္းေတာ့ ေအာက္ေတြကို၊ ေျမႀကီးေတြေပၚ ကိုလည္း အစက္ေတြက်တယ္။ ဟိုလိုဒီလိုေတြနဲ႔ ဆီနဲ႔ လိုက္ပက္တာ။ မိန္းမက တကယ္ ရႈိ႕ခ်လိုက္တယ္။ ရႈိ႕လိုက္တဲ့အခ်ိန္မွာ ဝုန္းဆိုၿပီး ထေလာင္တယ္။ ထေလာင္ ေတာ့ သူ႔(မိန္းမ)ကိုလည္း ေလာင္တယ္။ အဲဒီမွာ ေယာက္်ားကလည္း ထြက္ေျပးေတာ့ လြတ္တယ္။ မိန္းမက သူကိုယ္တိုင္ရႈိ႕ၿပီး မီးေလာင္ၿပီး ေသသြားတယ္” ဟု မဂၤလာဒုံၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ မီးေလာင္သြားေသာတဲမွာ ဆယ္ေပပတ္လည္ရွိ လယ္တဲမ်ိဳးျဖစ္ၿပီး အမ်ိဳးသမီးမွာ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္း သိရသည္။
“သူတို႔ေနတဲ့တဲက ဆယ္ေပပတ္လည္ တဲမ်ိဳးေလးေတာ့ ရွိတယ္။ လယ္ကြင္းထဲမွာ။ လူသူလည္း နည္းနည္းေတာ့ ေဝးတယ္။ ျဖစ္တာလည္း ျမန္ဆန္တယ္။ လယ္ကြင္းထဲဆိုေတာ့ ေလတိုက္အားလည္း အရမ္းေကာင္းတယ္” ဟု အျခားမီးသတ္ဌာနမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
မီးေလာင္ေသဆုံးသူအမ်ိဳးသမီးမွာ အသက္(၄၇)ႏွစ္အ႐ြယ္ရွိၿပီး အသက္ (၄၀)အ႐ြယ္ရွိ ၎၏ အမ်ိဳးသားမွာလည္း မီးေလာင္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။
၎တို႔မွာ အဆိုပါတဲသို႔ လယ္ထြန္ရန္ ေရာက္ရွိေနျခင္းျဖစ္ၿပီး ေသဆုံးသူ႐ုပ္အေလာင္းႏွင့္ ဒဏ္ရာရရွိသူတို႔ကို အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးထားေၾကာင္း မဂၤလာဒုံမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက ဆက္လက္ေျပာသည္။