ဂွမြို့အနီး ပင်လယ်တွင် ရေဝင်နစ်မြုပ်နေသော ကုန်တင်လှေတစ်စီးကို တပ်မတော်(ရေ)က ကူညီကယ်ဆယ်

 267

NP News - ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ)မှ တပ်ဖွဲ့ဝင်များက ရေဝင်နစ်မြုပ်နေသော ကုန်တင်လှေတစ်စီးကို ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ဂွမြို့၏အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ ကုန်တင်လှေတစ်စီးသည် လှိုင်းပုတ်၍ လှေဝမ်းပျဉ်ချပ်များပြုတ်ထွက်ပြီး ရေဝင်နစ်မြုပ်နေကြောင်း ဆက်သွယ်ရေးလေလှိုင်းမှ သတင်းရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်) နံနက် ၁ နာရီ ၂၅ မိနစ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ရာ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေအနီးသို့ရောက်ရှိခဲ့ပြီးလှေပေါ်တွင်လိုက်ပါလာသော လှေသား ၅ ဦးအား ရေယာဉ်ပေါ်သို့ ကယ်ဆယ်တင်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဂြၿမိဳ႕အနီး ပင္လယ္တြင္ ေရဝင္နစ္ျမဳပ္ေနေသာ ကုန္တင္ေလွတစ္စီးကို တပ္မေတာ္(ေရ)က ကူညီကယ္ဆယ္
NP News - ေဖေဖာ္ဝါရီ ၆

ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္ရွိ ျမန္မာ့ပင္လယ္ျပင္အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္မေတာ္ (ေရ)မွ တပ္ဖြဲ႕ဝင္မ်ားက ေရဝင္နစ္ျမဳပ္ေနေသာ ကုန္တင္ေလွတစ္စီးကို ကူညီကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ဂြၿမိဳ႕၏အေနာက္ေတာင္ဘက္ေရမိုင္ ၁၈.၅ မိုင္အကြာ၌ ေ႐ႊၾကယ္လင္း ၁ အမည္ရွိ ကုန္တင္ေလွတစ္စီးသည္ လႈိင္းပုတ္၍ ေလွဝမ္းပ်ဥ္ခ်ပ္မ်ားျပဳတ္ထြက္ၿပီး ေရဝင္နစ္ျမဳပ္ေနေၾကာင္း ဆက္သြယ္ေရးေလလႈိင္းမွ သတင္းရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယေန႔ (ေဖေဖာ္ဝါရီလ ၆ ရက္) နံနက္ ၁ နာရီ ၂၅ မိနစ္တြင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ရာ ၅ နာရီ ၄၅ မိနစ္ခန႔္တြင္ ေရဝင္နစ္ျမဳပ္ေနသည့္ ကုန္တင္ေလွအနီးသို႔ေရာက္ရွိခဲ့ၿပီးေလွေပၚတြင္လိုက္ပါလာေသာ ေလွသား ၅ ဦးအား ေရယာဥ္ေပၚသို႔ ကယ္ဆယ္တင္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လိုအပ္ေသာ က်န္းမာေရးစစ္ေဆးေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး အဝတ္အထည္ႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္၍ ေလွသားမ်ားအား သက္ဆိုင္ရာသို႔ စနစ္တက်လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.