တေးရေး နိုင်မြန်မာ နှလုံးရောဂါဖြင့် ကွယ်လွန်

 1264

သုတကျော် (NP News) - ဖေဖော်ဝါရီ ၇

နာမည်ကျော် သီချင်းပေါင်းများစွာကို ရေးစပ်သီကုန်းခဲ့သော တေးရေး နိုင်မြန်မာသည် ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်) နံနက်ပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံက သိရသည်။

နာမည်ရင်း ဦးနိုင်ဦးမြင့် ဖြစ်သော တေးရေး နိုင်မြန်မာသည် ကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်အရွယ်ရှိပြီဖြစ်ကာ နံနက်ပိုင်း ၈ နာရီအချိန်က သန်လျင်မြို့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကနဦး သတင်းရရှိသည်။

“တေးရေး နိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတစ်ခုလုံးဆုံးရှုံးသလို ခံစားရပါတယ်”ဟု ဂီတမှူးနိုင်ဇော်က ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထား သည်။

နိုင်မြန်မာသည် နာမည်ကျော် သီချင်းပေါင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး ၎င်းရေးသားခဲ့သော သီချင်းများတွင် ဒုံးယိမ်းည၊ တခါက မြစန်းကြည်၊ ဝါဆို၊ ချစ်လူမိုက် စသည်ဖြင့် သီချင်းပေါင်း များစွာပါဝင်ပြီး ယခုထက်တိုင် လူကြိုက်များနေဆဲ ဖြစ်သည်။

zawgy version
ေတးေရး ႏိုင္ျမန္မာ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၇

နာမည္ေက်ာ္ သီခ်င္းေပါင္းမ်ားစြာကို ေရးစပ္သီကုန္းခဲ့ေသာ ေတးေရး ႏိုင္ျမန္မာသည္ ယေန႔ (ေဖေဖာ္ဝါရီလ ၇ ရက္) နံနက္ပိုင္းက ႏွလုံးေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ေၾကာင္း ၎ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။

နာမည္ရင္း ဦးႏိုင္ဦးျမင့္ ျဖစ္ေသာ ေတးေရး ႏိုင္ျမန္မာသည္ ကြယ္လြန္ခ်ိန္တြင္ အသက္ (၆၇) ႏွစ္အ႐ြယ္ရွိၿပီျဖစ္ကာ နံနက္ပိုင္း ၈ နာရီအခ်ိန္က သန္လ်င္ၿမိဳ႕တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ကနဦး သတင္းရရွိသည္။

“ေတးေရး ႏိုင္ျမန္မာ ကြယ္လြန္ျခင္းအတြက္ ဂီတေလာကတစ္ခုလုံးဆုံးရႈံးသလို ခံစားရပါတယ္”ဟု ဂီတမႉးႏိုင္ေဇာ္က ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထား သည္။

ႏိုင္ျမန္မာသည္ နာမည္ေက်ာ္ သီခ်င္းေပါင္းမ်ားစြာကို ေရးသားခဲ့သူျဖစ္ၿပီး ၎ေရးသားခဲ့ေသာ သီခ်င္းမ်ားတြင္ ဒုံးယိမ္းည၊ တခါက ျမစန္းၾကည္၊ ဝါဆို၊ ခ်စ္လူမိုက္ စသည္ျဖင့္ သီခ်င္းေပါင္း မ်ားစြာပါဝင္ၿပီး ယခုထက္တိုင္ လူႀကိဳက္မ်ားေနဆဲ ျဖစ္သည္။

Related news

© 2021. All rights reserved.