ရုပ်ရှင်ပိုစတာပေါင်း(၁၃၀၀)ကျော်ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့သည့် ရုပ်ရှင်ပွဲတော်
![](/img/icon_eye.svg)
153
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a5935c85eed17bf16cd5f3/banner-67a5935c85eed17bf16cd5f3-x800.JPG)
Pika (NP News) - ဖေဖော်ဝါရီ ၇
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ကျင်းပသော ရုပ်ရှင်ပွဲတော်တစ်ခုတွင် ရုပ်ရှင်ပိုစတာပေါင်း(၁၃၀၀)ကျော်ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ Look Dine-in Cinema ရှိ Chandler ရုပ်ရှင်ပွဲတော်၏ နံရံကပ်ပိုစတာများကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ စစ်ဆေးရေးမှူးတစ်ဦးက စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါရုပ်ရှင်ပွဲတော်ကို ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ပိုစတာပြသပွဲတစ်ခုအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါရုပ်ရှင်ပိုစတာများသည် ပြီးခဲ့သည့်နှစ်များအတွင်း ပွဲတော်တွင်ပြသခဲ့သည့် ရုပ်ရှင်များကို ကိုယ်စားပြုကာ ပြသထားခြင်းဖြစ်ကြောင်း သိရသည်။ ပွဲတော်ဥက္ကဋ္ဌနှင့် ဒါရိုက်တာတစ်ဦးဖြစ်သူ မီတက်ရှ်ပါတယ်က 'ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ကို တောက်လျှောက် လှုံ့ဆော်မှုတွေလုပ်ဆောင်ပေးခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ရုပ်ရှင်ရိုက်ကူးသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ CIFF ရဲ့(၉)နှစ်မြောက် အထိမ်းအမှတ်အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ပိုစတာတစ်ခုချင်းစီတိုင်းဟာ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုပ်ရှင်ရိုက်ကူးသူတစ်ဦးချင်းစီရဲ့ ဝါသနာတွေကို ကိုယ်စားပြုထားပါတယ်။ ဒီရုပ်ရှင်ပိုစတာတွေအားလုံးကို စုစည်းမှုနဲ့အတူ ဒီပွဲဖြစ်မြောက်အောင်လုပ်ဆောင်ပေးခဲ့တဲ့ ရုပ်ရှင်တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ယခင်က အဆိုပါရုပ်ရှင်ပွဲတော်သည် ရုပ်ရှင်ပိုစတာပေါင်း(၃၀၀)ကျော်ကို ပြသခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ဖူးကြောင်းလည်း သိရသည်။
zawgyi version
႐ုပ္ရွင္ပိုစတာေပါင္း(၁၃၀၀)ေက်ာ္ကို ျပသခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့သည့္ ႐ုပ္ရွင္ပြဲေတာ္
Pika (NP News) - ေဖေဖာ္ဝါရီ ၇
အေမရိကန္ႏိုင္ငံ အရီဇိုးနားျပည္နယ္တြင္ က်င္းပေသာ ႐ုပ္ရွင္ပြဲေတာ္တစ္ခုတြင္ ႐ုပ္ရွင္ပိုစတာေပါင္း(၁၃၀၀)ေက်ာ္ကို ျပသခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ Look Dine-in Cinema ရွိ Chandler ႐ုပ္ရွင္ပြဲေတာ္၏ နံရံကပ္ပိုစတာမ်ားကို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ စစ္ေဆးေရးမႉးတစ္ဦးက စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း အတည္ျပဳေပးခဲ့ျခင္းျဖစ္သည္။ အဆိုပါ႐ုပ္ရွင္ပြဲေတာ္ကို ကမာၻ႔အႀကီးဆုံး ႐ုပ္ရွင္ပိုစတာျပသပြဲတစ္ခုအျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က အသိအမွတ္ျပဳခဲ့ေၾကာင္း သိရသည္။
အဆိုပါ႐ုပ္ရွင္ပိုစတာမ်ားသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ပြဲေတာ္တြင္ျပသခဲ့သည့္ ႐ုပ္ရွင္မ်ားကို ကိုယ္စားျပဳကာ ျပသထားျခင္းျဖစ္ေၾကာင္း သိရသည္။ ပြဲေတာ္ဥကၠ႒ႏွင့္ ဒါ႐ိုက္တာတစ္ဦးျဖစ္သူ မီတက္ရွ္ပါတယ္က 'ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ကြၽန္ေတာ္တို႔ကို ေတာက္ေလွ်ာက္ လႈံ႕ေဆာ္မႈေတြလုပ္ေဆာင္ေပးခဲ့တဲ့ ႐ုပ္ရွင္ေတြနဲ႔ ႐ုပ္ရွင္႐ိုက္ကူးသူေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ CIFF ရဲ႕(၉)ႏွစ္ေျမာက္ အထိမ္းအမွတ္အတြက္ တကယ္ကို ဝမ္းသာမိပါတယ္။ ပိုစတာတစ္ခုခ်င္းစီတိုင္းဟာ ထူးျခားတဲ့ဇာတ္လမ္းနဲ႔ ႐ုပ္ရွင္႐ိုက္ကူးသူတစ္ဦးခ်င္းစီရဲ႕ ဝါသနာေတြကို ကိုယ္စားျပဳထားပါတယ္။ ဒီ႐ုပ္ရွင္ပိုစတာေတြအားလုံးကို စုစည္းမႈနဲ႔အတူ ဒီပြဲျဖစ္ေျမာက္ေအာင္လုပ္ေဆာင္ေပးခဲ့တဲ့ ႐ုပ္ရွင္ေတြအားလုံးအတြက္ ေက်းဇူးတင္ပါတယ္"ဟု ေျပာဆိုခဲ့သည္။
ယခင္က အဆိုပါ႐ုပ္ရွင္ပြဲေတာ္သည္ ႐ုပ္ရွင္ပိုစတာေပါင္း(၃၀၀)ေက်ာ္ကို ျပသခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ဖူးေၾကာင္းလည္း သိရသည္။