ရေသန့်လုပ်ငန်းများအတွက် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေ

 824

ပြည့်ဖြိုး (NP News) - ဖေဖော်ဝါရီ ၇

ရေသန့်လုပ်ငန်းများအတွက် ကုန်ကြမ်းများဖြစ်သော‌ ရေသန့်စစ်ဇကာ(filter)များဈေးမြင့်လာသည့်အပြင် မီးပျက်ချိန်ကြာရှည်မှုကြောင့် ရေသန့်လုပ်ငန်းများအခက်အခဲဖြစ်ပေါ်နေ‌ကြောင်း မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ ရေသန့်စစ်ဇကာများသည် ယခင်ကအမျိုးအစားအလိုက် တစ်သိန်းဝန်းကျင်ခန့်သာရှိသော်လည်း လက်ရှိကာလတွင်သုံးသိန်းအထက်ပေါက်ဈေးဖြစ်ပေါ်နေကြောင်း သိရသည်။

“ရေသန့်စက်ရုံသုံးပစ္စည်းတွေ အကုန်ဈေးတက်နေချိန်မှာ မီးကလည်းမမှန်တော့ပိုဆိုးတာပေါ့၊နောက်ဆုံးကုန်ချောဖြစ်တဲ့ရေသန့်ဘူးကြီး (၂၀)လီတာကို ငွေတစ်ထောင်အောက်ဘဲဈေးရတော့ စက်ရုံတွေအတွက်ရပ်တည်ဖို့ခက်လာပါတယ်”ဟု မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးမီတာခများကြီးမြင့်လာခြင်း၊ ရေသန့်ဘူးခွံများဈေးမြင့်တက်လာခြင်းများလည်းရှိကြောင်း သိရသည်။ ရန်ကုန်အပါအဝင်မြို့ကြီးများတွင် ရေသန့်ဘူးသုံးစွဲမှု နှစ်စဉ်မြင့်တက်လာပြီး ရေသန့်လုပ်ငန်းနှင့်ဆက်စပ်သော ကုန်စည်များသည်လည်းနိုင်ငံခြားမှတင်သွင်းမှု နှစ်စဉ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေရသန႔္လုပ္ငန္းမ်ားအတြက္ ကုန္ၾကမ္းေဈးႏႈန္းမ်ား ျမင့္တက္ေန
ျပည့္ၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၇

ေရသန႔္လုပ္ငန္းမ်ားအတြက္ ကုန္ၾကမ္းမ်ားျဖစ္ေသာ‌ ေရသန႔္စစ္ဇကာ(filter)မ်ားေဈးျမင့္လာသည့္အျပင္ မီးပ်က္ခ်ိန္ၾကာရွည္မႈေၾကာင့္ ေရသန႔္လုပ္ငန္းမ်ားအခက္အခဲျဖစ္ေပၚေန‌ေၾကာင္း ျမန္မာႏိုင္ငံေရသန႔္လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။ ေရသန႔္စစ္ဇကာမ်ားသည္ ယခင္ကအမ်ိဳးအစားအလိုက္ တစ္သိန္းဝန္းက်င္ခန႔္သာရွိေသာ္လည္း လက္ရွိကာလတြင္သုံးသိန္းအထက္ေပါက္ေဈးျဖစ္ေပၚေနေၾကာင္း သိရသည္။

“ေရသန႔္စက္႐ုံသုံးပစၥည္းေတြ အကုန္ေဈးတက္ေနခ်ိန္မွာ မီးကလည္းမမွန္ေတာ့ပိုဆိုးတာေပါ့၊ေနာက္ဆုံးကုန္ေခ်ာျဖစ္တဲ့ေရသန႔္ဘူးႀကီး (၂၀)လီတာကို ေငြတစ္ေထာင္ေအာက္ဘဲေဈးရေတာ့ စက္႐ုံေတြအတြက္ရပ္တည္ဖို႔ခက္လာပါတယ္”ဟု ျမန္မာႏိုင္ငံေရသန႔္လုပ္ငန္းရွင္မ်ားအသင္းအတြင္းေရးမႉးက ေျပာသည္။

လက္ရွိတြင္ လွ်ပ္စစ္မီးမီတာခမ်ားႀကီးျမင့္လာျခင္း၊ ေရသန႔္ဘူးခြံမ်ားေဈးျမင့္တက္လာျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။ ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးမ်ားတြင္ ေရသန႔္ဘူးသုံးစြဲမႈ ႏွစ္စဥ္ျမင့္တက္လာၿပီး ေရသန႔္လုပ္ငန္းႏွင့္ဆက္စပ္ေသာ ကုန္စည္မ်ားသည္လည္းႏိုင္ငံျခားမွတင္သြင္းမႈ ႏွစ္စဥ္ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.