(၂၄)နာရီအတွင်း ပြတိုက်(၄၂)ခုကို သွားရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့သည့် အင်္ဂလန်အမျိုးသား
![](/img/icon_eye.svg)
132
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a59879c7dc7938fd6e2313/banner-67a59879c7dc7938fd6e2313-x800.JPG)
Pika (NP News) - ဖေဖော်ဝါရီ ၇
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ အမျိုးသားတစ်ဦးသည် ပြတိုက်ပေါင်း(၄၂)ခုကို အချိန်(၂၄)နာရီအတွင်း လည်ပတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အချိန်(၂၄) နာရီအတွင်း ပြတိုက်အများဆုံးလည်ပတ်မှု ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ၎င်း၏ကလေးများဖြစ်သည့် မက်တဲဒီ၊ ဟန်ရစ်တို့က လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်ကြောင်း ဘန်မဲလ်ဟမ်ဆိုသည့် အသက်(၄၂)နှစ်အရွယ် အမျိုးသားက ထုတ်ပြန်ပြောကြားခဲ့သည်။
ဘန်မဲလ်ဟမ်က 'ကျွန်တော့် ကလေးတွေနဲ့အတူ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်ကို အတူတူဖတ်နေရင်း ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ စကားစမြည်ပြောဆိုခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော့်ကလေးတွေက အချိန်(၂၄)နာရီအတွင်း ပြတိုက်အများဆုံးလည်ပတ်မှု ဂင်းနစ်စံချိန်ကို ချိုးဖျက်ဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ဖို့ ကျွန်တော့်ကို လှုံ့ဆော်ခဲ့ကြတာပါ'ဟု ပြောဆိုခဲ့သည်။ အဆိုပါဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်ကြိုးပမ်းမှုအတွင်း ၎င်း၏ကလေးများသည် အချို့ပြတိုက်များသို့သွားရောက်လည်ပတ်မှုတွင် ၎င်းနှင့်အတူလိုက်ပါလာခဲ့ကြောင်း ဘန်မဲလ်ဟမ်က ပြောကြားခဲ့သည်။
ထို့ပြင်လန်ဒန်မြို့သည် ယင်းကဲ့သို့သော ပရောဂျက်အစီအစဉ်အတွက် စံပြမြို့တစ်မြို့ဖြစ်ကြောင်း ဘန်မဲလ်ဟမ်က ထပ်မံပြောကြားခဲ့သည်။ ဘန်မဲလ်ဟမ်က'လန်ဒန်မြို့ဟာ ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့ ကြိုးပမ်းမှုအတွက် ထင်ရှားတဲ့စံပြမြို့တစ်မြို့ပဲဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ ပြတိုက်ပေါင်း(၂၀၀)ကျော်နဲ့အတူ လန်ဒန်မြို့ဟာ British Museum နဲ့ V&A တို့လို နာမည်ကြီးအဖွဲ့အစည်းတွေကနေ Bank of England ပြတိုက်နဲ့ Bow Street Police Museum တို့လို သေးငယ်တဲ့ပြတိုက်တွေအထိရှိတဲ့ ထူးခြားကွဲပြားတဲ့ ကမ္ဘာ့ပြတိုက်မြို့ကြီးတွေထဲက တစ်မြို့ပဲဖြစ်ပါတယ်'ဟု ပြောဆိုခဲ့သည်။
ဘန်မဲလ်ဟမ်သည် အချိန်(၂၄)နာရီအတွင်း ပြတိုက်(၄၂)ခုကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် အိန္ဒိယအမျိုးသားနှစ်ဦးတင်ထားသည့် ယခင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါအိန္ဒိယအမျိုးသားနှစ်ဦးသည် ပြတိုက်ပေါင်း(၃၃)ခုကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် အချိန်(၂၄)နာရီအတွင်း ပြတိုက်အများဆုံးသွားရောက်လည်ပတ်မှု ဂင်းနစ်စံချိန်ကို (၂၀၂၄)ခုနှစ်တွင် တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
zawgyi version
(၂၄)နာရီအတြင္း ျပတိုက္(၄၂)ခုကို သြားေရာက္လည္ပတ္ခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့သည့္ အဂၤလန္အမ်ိဳးသား
Pika (NP News) - ေဖေဖာ္ဝါရီ ၇
အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွ အမ်ိဳးသားတစ္ဦးသည္ ျပတိုက္ေပါင္း(၄၂)ခုကို အခ်ိန္(၂၄)နာရီအတြင္း လည္ပတ္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အခ်ိန္(၂၄) နာရီအတြင္း ျပတိုက္အမ်ားဆုံးလည္ပတ္မႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္အတြက္ ၎၏ကေလးမ်ားျဖစ္သည့္ မက္တဲဒီ၊ ဟန္ရစ္တို႔က လႈံ႕ေဆာ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ဘန္မဲလ္ဟမ္ဆိုသည့္ အသက္(၄၂)ႏွစ္အ႐ြယ္ အမ်ိဳးသားက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ဘန္မဲလ္ဟမ္က 'ကြၽန္ေတာ့္ ကေလးေတြနဲ႔အတူ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းစာအုပ္ကို အတူတူဖတ္ေနရင္း ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ဖို႔ ဘယ္ေလာက္ခက္ခဲလဲဆိုတာ စကားစျမည္ေျပာဆိုခဲ့ၾကပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကေလးေတြက အခ်ိန္(၂၄)နာရီအတြင္း ျပတိုက္အမ်ားဆုံးလည္ပတ္မႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔အတြက္ ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ဖို႔ ကြၽန္ေတာ့္ကို လႈံ႕ေဆာ္ခဲ့ၾကတာပါ'ဟု ေျပာဆိုခဲ့သည္။ အဆိုပါဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္ႀကိဳးပမ္းမႈအတြင္း ၎၏ကေလးမ်ားသည္ အခ်ိဳ႕ျပတိုက္မ်ားသို႔သြားေရာက္လည္ပတ္မႈတြင္ ၎ႏွင့္အတူလိုက္ပါလာခဲ့ေၾကာင္း ဘန္မဲလ္ဟမ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္လန္ဒန္ၿမိဳ႕သည္ ယင္းကဲ့သို႔ေသာ ပေရာဂ်က္အစီအစဥ္အတြက္ စံျပၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္း ဘန္မဲလ္ဟမ္က ထပ္မံေျပာၾကားခဲ့သည္။ ဘန္မဲလ္ဟမ္က'လန္ဒန္ၿမိဳ႕ဟာ ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ ႀကိဳးပမ္းမႈအတြက္ ထင္ရွားတဲ့စံျပၿမိဳ႕တစ္ၿမိဳ႕ပဲျဖစ္ပါတယ္။ မွတ္ပုံတင္ထားတဲ့ ျပတိုက္ေပါင္း(၂၀၀)ေက်ာ္နဲ႔အတူ လန္ဒန္ၿမိဳ႕ဟာ British Museum နဲ႔ V&A တို႔လို နာမည္ႀကီးအဖြဲ႕အစည္းေတြကေန Bank of England ျပတိုက္နဲ႔ Bow Street Police Museum တို႔လို ေသးငယ္တဲ့ျပတိုက္ေတြအထိရွိတဲ့ ထူးျခားကြဲျပားတဲ့ ကမာၻ႔ျပတိုက္ၿမိဳ႕ႀကီးေတြထဲက တစ္ၿမိဳ႕ပဲျဖစ္ပါတယ္'ဟု ေျပာဆိုခဲ့သည္။
ဘန္မဲလ္ဟမ္သည္ အခ်ိန္(၂၄)နာရီအတြင္း ျပတိုက္(၄၂)ခုကို သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ အိႏၵိယအမ်ိဳးသားႏွစ္ဦးတင္ထားသည့္ ယခင္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။အဆိုပါအိႏၵိယအမ်ိဳးသားႏွစ္ဦးသည္ ျပတိုက္ေပါင္း(၃၃)ခုကို သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ အခ်ိန္(၂၄)နာရီအတြင္း ျပတိုက္အမ်ားဆုံးသြားေရာက္လည္ပတ္မႈ ဂင္းနစ္စံခ်ိန္ကို (၂၀၂၄)ခုႏွစ္တြင္ တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။