လိပ်သိုမြို့အထွက်တွင် FAW ကားတစ်စီး ဘရိတ်ပေါက်ကာ ပေ(၁၅၀)အနက်ရှိ‌ ချောက်အတွင်း ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပွဲချင်းပြီး သေဆုံး

 416

သန့်ဇင်(NP News) - ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အထွက်တွင် FAW ကားတစ်စီး ဘရိတ်ပေါက်ကာ ပေ(၁၅၀)အနက်ရှိ‌ ချောက်အတွင်း ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း Save The Trees Rescue Team ထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၆ ရက်)၊ မွန်းလွဲ ၂နာရီအချိန်ခန့်က သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကျေးမင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ကားက ဘရိတ်ပေါက်ပြီးမှောက်တာ။ တောင်ငူကကားဆိုပေမယ့် လိပ်သိုကနေ ကုန်တင်လာတာ။ ကြည့်ရတာတော့ လွိုင်ကော်ဘက်ကို သွားမယ့်ကားထင်တယ်။ ဆီပေပါတွေတင်လာတဲ့ကားပါ။ ဘာဆီလည်းတော့မသိဘူး”ဟု Save The Trees Rescue Team မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြေင်း သိရသည်။

“ယာဉ်မောင်းကဆုံးတယ်။ ယာဉ်နောက်လိုက်က ဒဏ်ရာရတယ်။ အမှန်ကလမ်းဘေးကမ်းပါးယံကိုဝင်တိုက်ရမှာ။ အဲဒီမှာမတိုက်မိပဲနဲ့ ပေ(၁၅၀)အနက်ချောက်ထဲကျသွားတာ။ ယာဉ်မောင်းက ကားကချောက်ထဲကိုပြုတ်ကျတာဆိုတော့ စီယာတိုင်နဲ့ညပ်တယ်။ ယာဉ်မောင်းက နံရိုးတွေကျိုးကြေပြီး နှလုံးထိသွားတဲ့သဘောရှိတယ်။ စပယ်ယာက ဆီပေပါတွေပိနေခဲ့တာ”ဟု ၎င်းကဆက်လက်ပြော သည်။

သေဆုံးထိခိုက်ဒဏ်ရာရှိသူများကို Save The Trees Rescue Team က တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
လိပ္သိုၿမိဳ႕အထြက္တြင္ FAW ကားတစ္စီး ဘရိတ္ေပါက္ကာ ေပ(၁၅၀)အနက္ရွိ‌ ေခ်ာက္အတြင္း ထိုးက်တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္(NP News) - ေဖေဖာ္ဝါရီ ၇

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုၿမိဳ႕အထြက္တြင္ FAW ကားတစ္စီး ဘရိတ္ေပါက္ကာ ေပ(၁၅၀)အနက္ရွိ‌ ေခ်ာက္အတြင္း ထိုးက်တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း Save The Trees Rescue Team ထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၆ ရက္)၊ မြန္းလြဲ ၂နာရီအခ်ိန္ခန႔္က သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုၿမိဳ႕၊ ေက်းမင္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

“ကားက ဘရိတ္ေပါက္ၿပီးေမွာက္တာ။ ေတာင္ငူကကားဆိုေပမယ့္ လိပ္သိုကေန ကုန္တင္လာတာ။ ၾကည့္ရတာေတာ့ လြိဳင္ေကာ္ဘက္ကို သြားမယ့္ကားထင္တယ္။ ဆီေပပါေတြတင္လာတဲ့ကားပါ။ ဘာဆီလည္းေတာ့မသိဘူး”ဟု Save The Trees Rescue Team မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယဥ္ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ယာဥ္ေနာက္လိုက္ အမ်ိဳးသားတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကင္း သိရသည္။

“ယာဥ္ေမာင္းကဆုံးတယ္။ ယာဥ္ေနာက္လိုက္က ဒဏ္ရာရတယ္။ အမွန္ကလမ္းေဘးကမ္းပါးယံကိုဝင္တိုက္ရမွာ။ အဲဒီမွာမတိုက္မိပဲနဲ႔ ေပ(၁၅၀)အနက္ေခ်ာက္ထဲက်သြားတာ။ ယာဥ္ေမာင္းက ကားကေခ်ာက္ထဲကိုျပဳတ္က်တာဆိုေတာ့ စီယာတိုင္နဲ႔ညပ္တယ္။ ယာဥ္ေမာင္းက နံ႐ိုးေတြက်ိဳးေၾကၿပီး ႏွလုံးထိသြားတဲ့သေဘာရွိတယ္။ စပယ္ယာက ဆီေပပါေတြပိေနခဲ့တာ”ဟု ၎ကဆက္လက္ေျပာ သည္။

ေသဆုံးထိခိုက္ဒဏ္ရာရွိသူမ်ားကို Save The Trees Rescue Team က ေတာင္ငူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.