ကြိုးကြာနီတို့ရဲ့ ချန်ပီယံစိန်ခေါ်သံ သို့မဟုတ် ဒုတိယရာသီဝက် အိပ်မက်ဆိုးထဲက ရုန်းထွက်နိုင်မလား

 477

ရဲထက် (NP News) - ဖေဖော်ဝါရီ ၇

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့အတွက် ဖြေဆိုရမယ့်စာမေးပွဲတွေ အများ ကြီး ကျန်နေသေးတယ်ဆိုပေမယ့် လက်ရှိအချိန်မှာ ချန်ပီယံဖြစ်ဖို့အလားအလာအရှိဆုံးနဲ့ ခြေစွမ်းအကောင်းဆုံးအသင်းဟာ လီဗာပူးလ်အသင်းဖြစ်ပါတယ်။ အရှိန်အဟုန်ကောင်းကောင်းနဲ့ချန်ပီယံဖြစ်ဖို့ တစ်ပြေးနေတဲ့အသင်းဆိုလည်းမမှားပါဘူး။ နည်းပြသစ် အာနဲ့စလော့ တည်ဆောက်နေတဲ့ လီဗာပူးလ် အသင်းဟာ အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေသလို ယာဂန်ကလော့လက်ထက်က ထက်ပိုပြီး ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဒီရာသီမှာ လီဗာပူးလ် အသင်း ဘာကြောင့် ချန်ပီယံဖြစ်နိုင်ခွင့် ဘယ်လောက်အခွင့်အရေးရှိနေမလဲဆိုတာကို သုံးသပ်ဆွေးနွေးသွားချင်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အကြီးမားဆုံး အပြောင်းအလဲဆိုတဲ့နေရာမှာ အဓိကကျတဲ့အပြောင်းအလဲ ကတော့ နည်းပြသစ် အာနဲ့စလော့လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မနှစ်ကရာသီ ယာဂင် ကလော့လက်ထက် လီဗာပူးလ်အသင်းဟာဖလား လေးလုံးလမ်းကြောင်းပေါ်မှာ အကောင်းဆုံးခြေစွမ်း တွေ စွမ်းဆောင်ပြနိုင်ခဲ့တယ်ဆိုပေမယ့် ကာရာဘောင်ဖလားတစ်လုံးတည်းကိုသာရရှိခဲ့ပြီး ဒီဖလားက အနိမ့်ဆုံးရရှိတဲ့ဖလားလို့တောင် ပြောလို့ရနေပါ တယ်။ နည်းပြသစ် အာနဲ့စလော့လက်ထက်မှာတော့ ဖလားလေးလုံးလမ်းကြောင်းမှာမရှိတော့ပေမယ့် ခြေစွမ်းပိုင်းအရကြည့်ရင် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ တစ်ပွဲလျော့အနေအထားနဲ့ ရမှတ်(၆)မှတ်ဖြတ်ထားနိုင်တာကိုတွေ့ရပြီး ချန်ပီယံလိဂ်ဖလားရရှိဖို့ လည်း အဆင့်မှာ အကောင်းဆုံးအနေအထားကို ပိုင်ဆိုင်ထားပါတယ်။ နောက်တစ်ချက်ကတော့ ခံစစ် ပိုင်းမာကျောကျစ်လျစ်မှုအပြင် ဒီရာသီပရီးမီးယား လိဂ်မှာ အတောင့်တင်းဆုံးအသင်းလို့လည်းပြောလို့ ရနေပါတယ်။ နည်းပြ ဖာဂူဆန်ပြောသလို ခံစစ်အကောင်းဆုံးအသင်းကသာ ချန်ပီယံဖြစ်ဖို့အလား အလာပိုရှိတယ်လို့ ပြောထားတာကြောင့် လီဗာပူးလ် အသင်းမှာ ဗန်ဒိုက်ဦးဆောင်တဲ့ နောက်တန်းက ဒီ ရာသီမှာ ခံစစ်အကောင်းဆုံးအသင်းလို့ဆိုနိုင်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အပြီးမှာ ပေးဂိုး(၂၁)ဂိုးသာ ခွင့်ပြုထားရပြီး ဒုတိယနေရာကလိုက်နေတဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်ကြောင်းနဲ့ တန်းတူအနေအထား မှာရှိနေပါတယ်။

လီဗာပူးလ်ဟာ ပွဲတိုင်းမှာ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ကစားတတ်တဲ့အသင်းဖြစ်လို့ တိုက်စစ် ပိုင်းမှာ အများကြီးပြောင်းလဲမသွားခဲ့ဘဲ နည်းပြသစ်လက်ထက်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ပွဲစဉ်(၂၃)အပြီးမှာ ဂိုးပေါင်း(၅၄)ဂိုးအထိသွင်းထားတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီလိုအကောင်းဆုံး ကစားနိုင်ခဲ့တဲ့အသင်းမှာ နည်းပြအာနဲ့စလော့ရဲ့ တိုက်စစ်ပြီးရင်းတိုက်စစ်ဆိုတဲ့ ကစားပုံတွေ၊ တစ်ပွဲလုံး တစ်ဖက်အသင်းရဲ့ခြေစွမ်းအပေါ် လေ့လာအကဲဖြတ်ပြီး အပြောင်းအလဲလုပ်လာနိုင်မှုတွေက လီဗာပူးလ် အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ပုံမှန် ကလော့လက်ထက်မှာ ပြောင်းလဲအသုံးပြုခဲ့တဲ့ (၄-၂-၃-၁) ပုံစံအတိုင်းပွဲစဉ် အများစုကို ကစားနေ ပေမယ့် မထင်ရင် မထင်သလို (၄-၃-၃) ကိုလည်း ပြန်လည်အသုံးပြုလာတာကို တွေ့ရပါတယ်။ (၄-၂-၃-၁) ကစားကွက်ဟာ လီဗာပူးလ် တိုက်စစ်မှူးတွေရဲ့ ဂိုးမြူးနိုင်မယ့် အခွင့်အရေးနည်းသွားပေမယ့် အသင်း ရဲ့ ရလဒ်ပိုင်းကတော့ သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့တာ အမှန်ပါ။ (၄-၂-၃-၁) ပုံစံမှာ ဂတ်စ်ပိုနဲ့ ဂျိုတာ တို့ဟာ ရှေ့မှာ False No (၉) ပုံစံကစားတဲ့ ဆာလာကို ပိုပြီးပံ့ပိုးပေးနိုင်သလို ဆာလာရဲ့သွင်းဂိုး တွေက လီဗာပူးလ်ရဲ့နိုင်ပွဲတွေမှာ အဓိကကျခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို လီဗာပူးလ်ပရိသတ်တွေက နည်းပြယာဂင်ကလော့လက်ထက်မှာ အကြိုက်မတွေ့ ခဲ့ပေမယ့် ကလော့ပ်ကတော့ သူ့အသင်းဟာ ပွဲ တိုင်းကို အရင်လို အင်တိုက်အားတိုက်ကစားဖို့ မလွယ်ဘူးလို့ဆိုခဲ့ပြီး လက်ရှိ ကစားကွက်ကို အသက် သွင်းလာခဲ့တာဖြစ်ပါတယ်။ ဒါတွေဟာ ကလော့လက်ထက်က လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုအသီး အပွင့်တွေဟာ လွယ်လွယ်မရခဲ့ဘူးဆိုတာ ထင်သာမြင်သာရှိစေမယ့်အပြင် နည်းပြအာနဲ့စလော့ရဲ့ ထိန်း ကျောင်းနိုင်မှုတွေလည်း အရေးပါအရာ ရောက်ခဲ့တယ်လို့ ပြောလို့ရနေပါတယ်။ ဒါ့ပြင် ကွင်းလယ်ပိုင်းမှာ ဆဖိုးဆလိုင်းနဲ့ မက်အလစ္စတာ တို့ကိုရလိုက်တာဟာ လီဗာပူးလ်အသင်းရဲ့ တကယ့်ရွှေလို့ ပြောလို့ရနေ ပြီး ဒီနှစ်ယောက် သက်ရောက်မှု ဘယ်လောက်ကြီးသလဲမေးရင် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းက ရိုဒရီကို လက်ညှိုးထိုးရပါလိမ့်မယ်။ ရိုဒရီမရှိတဲ့ မန်စီးတီးအသင်း ဒီရာသီခြေစွမ်းနဲ့ ရလဒ်ပိုင်းကျဆင်းမှု ဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သက်ရောက်မှုကြီးမားတာပါ။ ဘောလုံးအသင်း တစ်သင်းဟာ ကွင်းလယ် ပျက်ရင် အားလုံးထိုးကျွေးရ သလိုပါပဲ။ တစ်ဖက်အသင်းကိုသာ အရာရာပုံအပ်လိုက်ရတဲ့ သဘောပါ။ ဒါကြောင့် လီဗာပူးလ်အသင်းမှာ ဆဖိုးဆလိုင်းနဲ့ မက်အလစ္စတာထဲက တစ်ယောက်မပါတာနဲ့ နိုင်ပွဲရဖို့ ခက်ခဲသွားနိုင်ပြီး ဖန်တီးမှုအပိုင်းနဲ့ တိုက်စစ်ပိုင်းက သွင်းဂိုးတွေအတွက်ပါ စိုးရိမ်စရာ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီကုန်မှာ ပရီး မီးယားလိဂ်ချန်ပီယံဖြစ်ဖို့ဆိုရင် အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာမရဖို့နဲ့ အသင်းပြောင်း မသွားဖို့လိုပါတယ်။ အသင်းမှာ အရန်ကစားသမားအင် အား အရမ်းကြီးမတောင့်တင်းတာကြောင့် အဓိက ကစားသမားတွေကိုသာ လက်လွှတ်ရမယ်ဆိုရင် လိဗာပူးလ်အသင်းအနေနဲ့ ပေးဆပ်မှုကြီးမားသွားနိုင်ပါတယ်။ လက်ရှိအသင်းရဲ့ ကြယ်ပွင့် ကစားသမား လေး အလက်ဇန်းနား အာနိုးက ရီးရဲလ်မက်ဒရစ် အသင်းကို အပြောင်းအရွှေ့ကာလမှာ ပြောင်းသွားဖို့ သတင်းအများစုမှာဖော်ပြထားသလို ကစားသမား ကိုယ်တိုင်ကလည်း စိတ်ဝင်စားတဲ့ အရိပ်အယောင် တွေကို ပြသနေတာကြောင့် အာနိုးကိုသာ ရီးရဲလ် မက်ဒရစ်အသင်းဆီ လက်လွှတ်ရမယ်ဆိုရင် လီဗာ ပူးလ် အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအိပ် မက်ကို ထိခိုက်လာဖွယ်ရှိနေပါတယ်။ နောက်ထပ် စိတ်ပူ စရာ တစ်ချက်ကတော့ အသင်းမှာ မရှိမဖြစ် အရေးကြီးတဲ့ နောက်တန်းခံစစ်မှူး ဗန်ဒိုက်နဲ့ ဒီရာသီ လိဗာ ပူးလ် အသင်းရဲ့တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားပြီး အဆုံးအဖြတ်ဂိုးတွေသွင်းပေးနေတဲ့ မိုဟာမက် ဆာလာတို့ကို စာချုပ်သက်တမ်းမတိုးရ သေးတာကြောင့် ဒီနှစ်ယောက်အတွက် လီဗာပူးလ် အသင်း ဘက် ဘယ်လိုတွေ လုပ်ဆောင်လာဖို့ရှိမလဲနဲ့ ဘယ်လိုဆုံးဖြတ်ချက်ချသွားမလဲဆိုတာကလည်း ပရိသတ် တွေအတွက် စိတ်ပူစရာ အနေအထားမျိုးဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာ ဒဏ်ရာရနေတဲ့ ဂျိုတာနဲ့ ကွင်းလယ်က ကာတစ်ဂျုံးတို့ရဲ့အခြေ အနေကလည်း ပြောလို့မရသေးတဲ့အနေအထား ဖြစ်တာကြောင့် လီဗာပူးလ်အသင်း ရာသီကုန်မှာ ဖလားရဖို့ဆိုရင် အသင်းရဲ့ အဓိက ကစားမားတွေကို လက်လွှတ်ရမှု ရှိ/မရှိဆိုတဲ့ အနေအထားအပေါ်မှာလည်း အများကြီးမူတည်နေတယ်လို့ ပြောလို့ရနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ ရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကောင်းတဲ့ အလားအလာနည်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရာသီဝက်ချန်ပီယံ(၆)ကြိမ်ဖြစ်ခဲ့ဖူးပြီး (၅)ကြိမ်အထိ လွဲချော်ခဲ့တာကြောင့် ချန်ပီယံဆုကိုတော့ တစ်ကြိမ်သာရရှိခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် လီဗာ ပူးလ် အသင်း ဒီမှတ်တမ်းဆိုးကိုချေဖျက်ပြီး ရာသီကုန် မှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို အရယူ သွားနိုင်မလားဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ လက်ရှိမှာတော့ နည်းပြ အာနဲ့စလော့အနေနဲ့ သူ့အသင်းဟာ ဒီထက်ပိုကောင်းလာဖို့ရှိပြီး ရေကုန်ရေခန်းကစားသွားမှာဖြစ်သလို နိုင်ပွဲမရခဲ့ရင်တောင် ဂိုးရဖို့ခြိမ်းခြောက်မှုတွေမှာ လီဗာပူးလ်အသင်းက အကောင်းဆုံးဖြစ်ကြောင်း ပြော ထားတာကို တွေ့ရပါတယ်။ ဒီအချက်အလက် တွေအပြင် လက်ရှိအမှတ်ပေးဇယားမှာ ဒုတိယနေရာက အာဆင်နယ်ကို ရမှတ်(၆)မှတ်ဖြတ်ထားတဲ့အပြင် တစ်ပွဲလျော့ကစားထားတာကြောင့်လည်း လီဗာပူးလ် အသင်းအတွက် ချန်ပီယံဖြစ်နိုင်ခြေများလာပြီလို့တောင် ပြောလို့ရနေပါတယ်။ ပြောရရင် လီဗားပူလ် အသင်းမှာ (၂) ပွဲအထိ ရှုံးလို့ရတဲ့ အနေအထား တစ်ခုရှိနေတဲ့အပြင် ဒီတိုင်းဆက်သွားနိုင်ခဲ့ရင် ရာသီကုန် ပွဲစဉ်(၂)ပွဲအလိုမှာကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နေနိုင်ပြီလည်းပြောလို့ရနေပါတယ်။ ဒါ ကြောင့် နောက်ထပ်ပွဲစဉ်တွေစောင့်ကြည့်ရင် လီဗားပူလ်အသင်း ဘယ်လောက်အထိ စွမ်းဆောင်ပြ သွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

zawgyi version
ႀကိဳးၾကာနီတို႔ရဲ႕ ခ်န္ပီယံစိန္ေခၚသံ သို႔မဟုတ္ ဒုတိယရာသီဝက္ အိပ္မက္ဆိုးထဲက ႐ုန္းထြက္ႏိုင္မလား
ရဲထက္ (NP News) - ေဖေဖာ္ဝါရီ ၇

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔အတြက္ ေျဖဆိုရမယ့္စာေမးပြဲေတြ အမ်ား ႀကီး က်န္ေနေသးတယ္ဆိုေပမယ့္ လက္ရွိအခ်ိန္မွာ ခ်န္ပီယံျဖစ္ဖို႔အလားအလာအရွိဆုံးနဲ႔ ေျခစြမ္းအေကာင္းဆုံးအသင္းဟာ လီဗာပူးလ္အသင္းျဖစ္ပါတယ္။ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ခ်န္ပီယံျဖစ္ဖို႔ တစ္ေျပးေနတဲ့အသင္းဆိုလည္းမမွားပါဘူး။ နည္းျပသစ္ အာနဲ႔စေလာ့ တည္ေဆာက္ေနတဲ့ လီဗာပူးလ္ အသင္းဟာ အေကာင္းဆုံးရာသီတစ္ခုကို ျဖတ္သန္းေနသလို ယာဂန္ကေလာ့လက္ထက္က ထက္ပိုၿပီး ေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳးကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာ လီဗာပူးလ္ အသင္း ဘာေၾကာင့္ ခ်န္ပီယံျဖစ္ႏိုင္ခြင့္ ဘယ္ေလာက္အခြင့္အေရးရွိေနမလဲဆိုတာကို သုံးသပ္ေဆြးေႏြးသြားခ်င္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ အႀကီးမားဆုံး အေျပာင္းအလဲဆိုတဲ့ေနရာမွာ အဓိကက်တဲ့အေျပာင္းအလဲ ကေတာ့ နည္းျပသစ္ အာနဲ႔စေလာ့လို႔ ေျပာခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ မႏွစ္ကရာသီ ယာဂင္ ကေလာ့လက္ထက္ လီဗာပူးလ္အသင္းဟာဖလား ေလးလုံးလမ္းေၾကာင္းေပၚမွာ အေကာင္းဆုံးေျခစြမ္း ေတြ စြမ္းေဆာင္ျပႏိုင္ခဲ့တယ္ဆိုေပမယ့္ ကာရာေဘာင္ဖလားတစ္လုံးတည္းကိုသာရရွိခဲ့ၿပီး ဒီဖလားက အနိမ့္ဆုံးရရွိတဲ့ဖလားလို႔ေတာင္ ေျပာလို႔ရေနပါ တယ္။ နည္းျပသစ္ အာနဲ႔စေလာ့လက္ထက္မွာေတာ့ ဖလားေလးလုံးလမ္းေၾကာင္းမွာမရွိေတာ့ေပမယ့္ ေျခစြမ္းပိုင္းအရၾကည့္ရင္ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ တစ္ပြဲေလ်ာ့အေနအထားနဲ႔ ရမွတ္(၆)မွတ္ျဖတ္ထားႏိုင္တာကိုေတြ႕ရၿပီး ခ်န္ပီယံလိဂ္ဖလားရရွိဖို႔ လည္း အဆင့္မွာ အေကာင္းဆုံးအေနအထားကို ပိုင္ဆိုင္ထားပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ခံစစ္ ပိုင္းမာေက်ာက်စ္လ်စ္မႈအျပင္ ဒီရာသီပရီးမီးယား လိဂ္မွာ အေတာင့္တင္းဆုံးအသင္းလို႔လည္းေျပာလို႔ ရေနပါတယ္။ နည္းျပ ဖာဂူဆန္ေျပာသလို ခံစစ္အေကာင္းဆုံးအသင္းကသာ ခ်န္ပီယံျဖစ္ဖို႔အလား အလာပိုရွိတယ္လို႔ ေျပာထားတာေၾကာင့္ လီဗာပူးလ္ အသင္းမွာ ဗန္ဒိုက္ဦးေဆာင္တဲ့ ေနာက္တန္းက ဒီ ရာသီမွာ ခံစစ္အေကာင္းဆုံးအသင္းလို႔ဆိုႏိုင္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္(၂၃)အၿပီးမွာ ေပးဂိုး(၂၁)ဂိုးသာ ခြင့္ျပဳထားရၿပီး ဒုတိယေနရာကလိုက္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ ခံစစ္ေၾကာင္းနဲ႔ တန္းတူအေနအထား မွာရွိေနပါတယ္။

လီဗာပူးလ္ဟာ ပြဲတိုင္းမွာ လ်င္လ်င္ျမန္ျမန္ တိုက္စစ္ဆင္ကစားတတ္တဲ့အသင္းျဖစ္လို႔ တိုက္စစ္ ပိုင္းမွာ အမ်ားႀကီးေျပာင္းလဲမသြားခဲ့ဘဲ နည္းျပသစ္လက္ထက္မွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြနဲ႔ ပြဲစဥ္(၂၃)အၿပီးမွာ ဂိုးေပါင္း(၅၄)ဂိုးအထိသြင္းထားတာကိုၾကည့္ရင္ သိႏိုင္ပါတယ္။ ဒီလိုအေကာင္းဆုံး ကစားႏိုင္ခဲ့တဲ့အသင္းမွာ နည္းျပအာနဲ႔စေလာ့ရဲ႕ တိုက္စစ္ၿပီးရင္းတိုက္စစ္ဆိုတဲ့ ကစားပုံေတြ၊ တစ္ပြဲလုံး တစ္ဖက္အသင္းရဲ႕ေျခစြမ္းအေပၚ ေလ့လာအကဲျဖတ္ၿပီး အေျပာင္းအလဲလုပ္လာႏိုင္မႈေတြက လီဗာပူးလ္ အသင္းရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လာႏိုင္တဲ့အေနအထားေတြျဖစ္ပါတယ္။ ဒီႏွစ္မွာလည္း ပုံမွန္ ကေလာ့လက္ထက္မွာ ေျပာင္းလဲအသုံးျပဳခဲ့တဲ့ (၄-၂-၃-၁) ပုံစံအတိုင္းပြဲစဥ္ အမ်ားစုကို ကစားေန ေပမယ့္ မထင္ရင္ မထင္သလို (၄-၃-၃) ကိုလည္း ျပန္လည္အသုံးျပဳလာတာကို ေတြ႕ရပါတယ္။ (၄-၂-၃-၁) ကစားကြက္ဟာ လီဗာပူးလ္ တိုက္စစ္မႉးေတြရဲ႕ ဂိုးျမဴးႏိုင္မယ့္ အခြင့္အေရးနည္းသြားေပမယ့္ အသင္း ရဲ႕ ရလဒ္ပိုင္းကေတာ့ သိသိသာသာ ေျပာင္းလဲတိုးတက္လာခဲ့တာ အမွန္ပါ။ (၄-၂-၃-၁) ပုံစံမွာ ဂတ္စ္ပိုနဲ႔ ဂ်ိဳတာ တို႔ဟာ ေရွ႕မွာ False No (၉) ပုံစံကစားတဲ့ ဆာလာကို ပိုၿပီးပံ့ပိုးေပးႏိုင္သလို ဆာလာရဲ႕သြင္းဂိုး ေတြက လီဗာပူးလ္ရဲ႕ႏိုင္ပြဲေတြမွာ အဓိကက်ခဲ့တာ ျဖစ္ပါတယ္။ ဒီအခ်က္ကို လီဗာပူးလ္ပရိသတ္ေတြက နည္းျပယာဂင္ကေလာ့လက္ထက္မွာ အႀကိဳက္မေတြ႕ ခဲ့ေပမယ့္ ကေလာ့ပ္ကေတာ့ သူ႔အသင္းဟာ ပြဲ တိုင္းကို အရင္လို အင္တိုက္အားတိုက္ကစားဖို႔ မလြယ္ဘူးလို႔ဆိုခဲ့ၿပီး လက္ရွိ ကစားကြက္ကို အသက္ သြင္းလာခဲ့တာျဖစ္ပါတယ္။ ဒါေတြဟာ ကေလာ့လက္ထက္က လီဗာပူးလ္အသင္းရဲ႕ ေအာင္ျမင္မႈအသီး အပြင့္ေတြဟာ လြယ္လြယ္မရခဲ့ဘူးဆိုတာ ထင္သာျမင္သာရွိေစမယ့္အျပင္ နည္းျပအာနဲ႔စေလာ့ရဲ႕ ထိန္း ေက်ာင္းႏိုင္မႈေတြလည္း အေရးပါအရာ ေရာက္ခဲ့တယ္လို႔ ေျပာလို႔ရေနပါတယ္။ ဒါ့ျပင္ ကြင္းလယ္ပိုင္းမွာ ဆဖိုးဆလိုင္းနဲ႔ မက္အလစၥတာ တို႔ကိုရလိုက္တာဟာ လီဗာပူးလ္အသင္းရဲ႕ တကယ့္ေ႐ႊလို႔ ေျပာလို႔ရေန ၿပီး ဒီႏွစ္ေယာက္ သက္ေရာက္မႈ ဘယ္ေလာက္ႀကီးသလဲေမးရင္ မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ပိုင္းက ႐ိုဒရီကို လက္ညႇိဳးထိုးရပါလိမ့္မယ္။ ႐ိုဒရီမရွိတဲ့ မန္စီးတီးအသင္း ဒီရာသီေျခစြမ္းနဲ႔ ရလဒ္ပိုင္းက်ဆင္းမႈ ဟာ တိုက္ဆိုင္မႈမဟုတ္ပါဘူး။ သက္ေရာက္မႈႀကီးမားတာပါ။ ေဘာလုံးအသင္း တစ္သင္းဟာ ကြင္းလယ္ ပ်က္ရင္ အားလုံးထိုးေကြၽးရ သလိုပါပဲ။ တစ္ဖက္အသင္းကိုသာ အရာရာပုံအပ္လိုက္ရတဲ့ သေဘာပါ။ ဒါေၾကာင့္ လီဗာပူးလ္အသင္းမွာ ဆဖိုးဆလိုင္းနဲ႔ မက္အလစၥတာထဲက တစ္ေယာက္မပါတာနဲ႔ ႏိုင္ပြဲရဖို႔ ခက္ခဲသြားႏိုင္ၿပီး ဖန္တီးမႈအပိုင္းနဲ႔ တိုက္စစ္ပိုင္းက သြင္းဂိုးေတြအတြက္ပါ စိုးရိမ္စရာ အေနအထားမ်ိဳး ျဖစ္လာႏိုင္ပါတယ္။

လီဗာပူးလ္အသင္းဟာ ရာသီကုန္မွာ ပရီး မီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ဆိုရင္ အသင္းရဲ႕အဓိက ကစားသမားေတြ ဒဏ္ရာမရဖို႔နဲ႔ အသင္းေျပာင္း မသြားဖို႔လိုပါတယ္။ အသင္းမွာ အရန္ကစားသမားအင္ အား အရမ္းႀကီးမေတာင့္တင္းတာေၾကာင့္ အဓိက ကစားသမားေတြကိုသာ လက္လႊတ္ရမယ္ဆိုရင္ လိဗာပူးလ္အသင္းအေနနဲ႔ ေပးဆပ္မႈႀကီးမားသြားႏိုင္ပါတယ္။ လက္ရွိအသင္းရဲ႕ ၾကယ္ပြင့္ ကစားသမား ေလး အလက္ဇန္းနား အာႏိုးက ရီးရဲလ္မက္ဒရစ္ အသင္းကို အေျပာင္းအေ႐ႊ႕ကာလမွာ ေျပာင္းသြားဖို႔ သတင္းအမ်ားစုမွာေဖာ္ျပထားသလို ကစားသမား ကိုယ္တိုင္ကလည္း စိတ္ဝင္စားတဲ့ အရိပ္အေယာင္ ေတြကို ျပသေနတာေၾကာင့္ အာႏိုးကိုသာ ရီးရဲလ္ မက္ဒရစ္အသင္းဆီ လက္လႊတ္ရမယ္ဆိုရင္ လီဗာ ပူးလ္ အသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံအိပ္ မက္ကို ထိခိုက္လာဖြယ္ရွိေနပါတယ္။ ေနာက္ထပ္ စိတ္ပူ စရာ တစ္ခ်က္ကေတာ့ အသင္းမွာ မရွိမျဖစ္ အေရးႀကီးတဲ့ ေနာက္တန္းခံစစ္မႉး ဗန္ဒိုက္နဲ႔ ဒီရာသီ လိဗာ ပူးလ္ အသင္းရဲ႕တိုက္စစ္ပိုင္းမွာ ေျခစြမ္းျပကစားၿပီး အဆုံးအျဖတ္ဂိုးေတြသြင္းေပးေနတဲ့ မိုဟာမက္ ဆာလာတို႔ကို စာခ်ဳပ္သက္တမ္းမတိုးရ ေသးတာေၾကာင့္ ဒီႏွစ္ေယာက္အတြက္ လီဗာပူးလ္ အသင္း ဘက္ ဘယ္လိုေတြ လုပ္ေဆာင္လာဖို႔ရွိမလဲနဲ႔ ဘယ္လိုဆုံးျဖတ္ခ်က္ခ်သြားမလဲဆိုတာကလည္း ပရိသတ္ ေတြအတြက္ စိတ္ပူစရာ အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါ့ျပင္ တိုက္စစ္ပိုင္းမွာ ဒဏ္ရာရေနတဲ့ ဂ်ိဳတာနဲ႔ ကြင္းလယ္က ကာတစ္ဂ်ဳံးတို႔ရဲ႕အေျခ အေနကလည္း ေျပာလို႔မရေသးတဲ့အေနအထား ျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္း ရာသီကုန္မွာ ဖလားရဖို႔ဆိုရင္ အသင္းရဲ႕ အဓိက ကစားမားေတြကို လက္လႊတ္ရမႈ ရွိ/မရွိဆိုတဲ့ အေနအထားအေပၚမွာလည္း အမ်ားႀကီးမူတည္ေနတယ္လို႔ ေျပာလို႔ရေနပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ရာသီဝက္ခ်န္ပီယံျဖစ္ခဲ့တဲ့ သမိုင္းေၾကာင္းကိုျပန္ၾကည့္ရင္ ေကာင္းတဲ့ အလားအလာနည္းခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ရာသီဝက္ခ်န္ပီယံ(၆)ႀကိမ္ျဖစ္ခဲ့ဖူးၿပီး (၅)ႀကိမ္အထိ လြဲေခ်ာ္ခဲ့တာေၾကာင့္ ခ်န္ပီယံဆုကိုေတာ့ တစ္ႀကိမ္သာရရွိခဲ့တာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ လီဗာ ပူးလ္ အသင္း ဒီမွတ္တမ္းဆိုးကိုေခ်ဖ်က္ၿပီး ရာသီကုန္ မွာ ပရီးမီးယားလိဂ္အမွတ္ေပးဖလားကို အရယူ သြားႏိုင္မလားဆိုတာကိုလည္း ဆက္လက္ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ လက္ရွိမွာေတာ့ နည္းျပ အာနဲ႔စေလာ့အေနနဲ႔ သူ႔အသင္းဟာ ဒီထက္ပိုေကာင္းလာဖို႔ရွိၿပီး ေရကုန္ေရခန္းကစားသြားမွာျဖစ္သလို ႏိုင္ပြဲမရခဲ့ရင္ေတာင္ ဂိုးရဖို႔ၿခိမ္းေျခာက္မႈေတြမွာ လီဗာပူးလ္အသင္းက အေကာင္းဆုံးျဖစ္ေၾကာင္း ေျပာ ထားတာကို ေတြ႕ရပါတယ္။ ဒီအခ်က္အလက္ ေတြအျပင္ လက္ရွိအမွတ္ေပးဇယားမွာ ဒုတိယေနရာက အာဆင္နယ္ကို ရမွတ္(၆)မွတ္ျဖတ္ထားတဲ့အျပင္ တစ္ပြဲေလ်ာ့ကစားထားတာေၾကာင့္လည္း လီဗာပူးလ္ အသင္းအတြက္ ခ်န္ပီယံျဖစ္ႏိုင္ေျခမ်ားလာၿပီလို႔ေတာင္ ေျပာလို႔ရေနပါတယ္။ ေျပာရရင္ လီဗားပူလ္ အသင္းမွာ (၂) ပြဲအထိ ရႈံးလို႔ရတဲ့ အေနအထား တစ္ခုရွိေနတဲ့အျပင္ ဒီတိုင္းဆက္သြားႏိုင္ခဲ့ရင္ ရာသီကုန္ ပြဲစဥ္(၂)ပြဲအလိုမွာကတည္းက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေနႏိုင္ၿပီလည္းေျပာလို႔ရေနပါတယ္။ ဒါ ေၾကာင့္ ေနာက္ထပ္ပြဲစဥ္ေတြေစာင့္ၾကည့္ရင္ လီဗားပူလ္အသင္း ဘယ္ေလာက္အထိ စြမ္းေဆာင္ျပ သြားမလဲဆိုတာကို စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.