EAOs များအနေဖြင့် ကိုယ်ကျိုးစီးပွားထက် ပြည်သူအားလုံး၏ အကျိုးစီးပွားကို ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုလုပ်ဆောင်ရန် လို
![](/img/icon_eye.svg)
353
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a5b7a209b4404aa77f4793/banner-67a5b7a209b4404aa77f4793-x800.jpg)
Pearl (NP News) - ဖေဖော်ဝါရီ ၇
တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ကိုယ်ကျိုးစီးပွားထက် ပြည်သူအားလုံး၏ အကျိုး စီးပွားကိုရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုလုပ်ဆောင်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားထားသည်။ နစကဥက္ကဋ္ဌက ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်)တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
အဆိုပါ သဝဏ်လွှာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် အသက်တမျှအရေးကြီးသည့်အပြင် နိုင်ငံတိုးတက်ရေးအတွက် တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆို သည်။
လက်နက်ကိုင်အဖွဲ့အစည်းများရှိသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးတို့ကို တောင့်တလျက်ရှိသော ပြည်သူအားလုံး၏ဆန္ဒကိုစဉ်းစားကြရန်လည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။
တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်း အကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ အဓိပ္ပာယ်မဲ့ပြုန်းတီးနေရသည်မှာလည်း နိုင်ငံအင်အားလျော့နည်းလာခြင်းသာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။
zawgyi version
EAOs မ်ားအေနျဖင့္ ကိုယ္က်ိဳးစီးပြားထက္ ျပည္သူအားလုံး၏ အက်ိဳးစီးပြားကို ရႈျမင္သုံးသပ္ကာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးကို ေရွးရႈလုပ္ေဆာင္ရန္ လို
Pearl (NP News) - ေဖေဖာ္ဝါရီ ၇
တိုင္းရင္းသားလက္နက္ကိုင္မ်ားအေနျဖင့္ ကိုယ္က်ိဳးစီးပြားထက္ ျပည္သူအားလုံး၏ အက်ိဳး စီးပြားကိုရႈျမင္သုံးသပ္ကာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကို ေရွးရႈလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က ေျပာၾကားထားသည္။ နစကဥကၠ႒က ယေန႔ (ေဖေဖာ္ဝါရီလ ၇ ရက္)တြင္ က်ေရာက္ေသာ ရွမ္းျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားထားျခင္းျဖစ္သည္။
အဆိုပါ သဝဏ္လႊာတြင္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈသည္ ႏိုင္ငံတစ္ႏိုင္ငံ ေအးခ်မ္းတည္ၿငိမ္မႈႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေစရန္ အသက္တမွ်အေရးႀကီးသည့္အျပင္ ႏိုင္ငံတိုးတက္ေရးအတြက္ တိုင္းရင္းသားညီအစ္ကိုမ်ားအၾကား သံသယမ်ားဖယ္ရွားကာ ေဆြးေႏြးညႇိႏႈိင္းျခင္းျဖင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆို သည္။
လက္နက္ကိုင္အဖြဲ႕အစည္းမ်ားရွိသည့္ နယ္ေျမေဒသမ်ားရွိ ေဒသခံျပည္သူမ်ားသည္ ႏိုင္ငံႏွင့္ ျပည္သူတို႔၏ အက်ိဳးစီးပြားကိုထိခိုက္ေစသည့္ အၾကမ္းဖက္မႈမ်ားႏွင့္ တိုက္ခိုက္မႈမ်ားကို စိတ္ကုန္မုန္းတီးေနၾကၿပီျဖစ္ၿပီး လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လုံၿခဳံေအးခ်မ္းစြာေနထိုင္ႏိုင္ေရးတို႔ကို ေတာင့္တလ်က္ရွိေသာ ျပည္သူအားလုံး၏ဆႏၵကိုစဥ္းစားၾကရန္လည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားထားသည္။
တိုင္းရင္းသားလက္နက္ကိုင္မ်ားအေနျဖင့္လည္း မိမိတို႔၏ဆႏၵႏွင့္ မိမိအဖြဲ႕အစည္း အက်ိဳး စီးပြားထက္ ျဖစ္သင့္ျဖစ္ထိုက္သည့္ ျပည္ေထာင္စုႏွင့္ တိုင္းရင္းသားျပည္သူအားလုံး၏ အက်ိဳးစီးပြားကို စိတ္ရင္းေစတနာမြန္ျဖင့္ ရႈျမင္သုံးသပ္ကာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကို ေရွးရႈေတြးျမင္လုပ္ေဆာင္ၾကရန္ လိုအပ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ တည္ေဆာက္ထားသည့္ အေျခခံအေဆာက္အအုံမ်ား ပ်က္စီးခဲ့သည့္အတြက္ တိုင္းရင္းသားျပည္သူမ်ား ဆင္းရဲဒုကၡေရာက္ၾကရသကဲ့သို႔ ႏိုင္ငံတိုးတက္ေရးအတြက္ အေရးပါေသာ လူ႔စြမ္းအားအရင္းအျမစ္မ်ား အဓိပၸာယ္မဲ့ျပဳန္းတီးေနရသည္မွာလည္း ႏိုင္ငံအင္အားေလ်ာ့နည္းလာျခင္းသာျဖစ္ေၾကာင္း နစက ဥကၠ႒က ထည့္သြင္းေျပာၾကားထားသည္။