အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း နစက အတိအလင်း ပြော

 299

သုတကျော် (NP News) - ဖေဖော်ဝါရီ ၇

အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကိုဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) ညပိုင်းတွင် ထုတ်ပြန်ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် အမျိုးသမီး စစ်မှုထမ်းများ ကိစ္စနှင့်ပတ်သက်၍ ကောလဟလသတင်းများ ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတွင် စစ်မှုထမ်းကာလ အကျုံးဝင်သည့် အမျိုးသား အသက် နှင့် အမျိုးသမီး အသက်တို့ကို ပြောကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“ဒါကို မူတည်ပြီးတော့ အမျိုးသမီးများကို ခြိမ်းခြောက်နေတာရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်ထမ်းဥပဒေ ကော နည်းဥပဒေမှာပါ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး စစ်မှုထမ်းများကိုဆင့်ခေါ်ရန် အစီအစဉ်မရှိသေးဘူးလို့ ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီဒီယိုအတွင်း ထည့်သွင်းပြောကြားသည်။

Zawgyi Version:
အမ်ိဳးသမီးျပည္သူ႔စစ္မႈထမ္းမ်ားကို ဆင့္ေခၚရန္ အစီအစဥ္မရွိေသးေၾကာင္း နစက အတိအလင္း ေျပာ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၇

အမ်ိဳးသမီးျပည္သူ႔စစ္မႈထမ္းမ်ားကိုဆင့္ေခၚရန္ အစီအစဥ္မရွိေသးေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (ေဖေဖာ္ဝါရီ ၇ ရက္) ညပိုင္းတြင္ ထုတ္ျပန္ေျပာၾကားသည္။
ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အမ်ိဳးသမီး စစ္မႈထမ္းမ်ား ကိစၥႏွင့္ပတ္သက္၍ ေကာလဟလသတင္းမ်ား ထြက္ေပၚေနခဲ့ျခင္းျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ နည္းဥပေဒတြင္ စစ္မႈထမ္းကာလ အက်ဳံးဝင္သည့္ အမ်ိဳးသား အသက္ ႏွင့္ အမ်ိဳးသမီး အသက္တို႔ကို ေျပာၾကားထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

“ဒါကို မူတည္ၿပီးေတာ့ အမ်ိဳးသမီးမ်ားကို ၿခိမ္းေျခာက္ေနတာရွိေၾကာင္းလည္း ေတြ႕ရွိရပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ့္အေနနဲ႔ အတိအလင္းေျပာၾကားလိုတာကေတာ့ ျပည္သူ႔စစ္ထမ္းဥပေဒ ေကာ နည္းဥပေဒမွာပါ အမ်ိဳးသမီးမ်ား စစ္မႈထမ္းရန္အတြက္ အက်ဳံးဝင္ေသာ္လည္း အမ်ိဳးသမီး စစ္မႈထမ္းမ်ားကိုဆင့္ေခၚရန္ အစီအစဥ္မရွိေသးဘူးလို႔ ကြၽန္ေတာ့္အေနနဲ႔ေျပာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီဒီယိုအတြင္း ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.