ဒလက အမျိုးသမီးငယ်၏ အိမ်သို့သွားပြီး ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တင်ခဲ့သည့် တရုတ်နိုင်ငံသားကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိဟုဆို

 52875

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင်အမျိုးသမီးငယ်၏ အိမ်သို့သွားပြီး ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တင်ခဲ့သည့် တရုတ်နိုင်ငံသားကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါတရုတ်နိုင်ငံသားကို ယမန်နေ့(ဖေဖော်ဝါရီ ၆ ရက် )၊ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေထိုင်သည့်မိသားစုတစ်စု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်အကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် Video ရိုက်ကူး၍ Online လူမှုကွန်ယက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့သည့်ဖြစ်စဉ် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ပါဝင်ပတ်သက်သူများဖြစ်သည့် မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တစ်ဦးတို့အား ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်တန်းချက်အရ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (TG-.)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်အား တားဆီးခဲ့သည်။ ဆက်လက်၍ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒလမြို့မရဲစခန်းက (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄အမှုမှ ကျူးလွန်သူ တရုတ်နိုင်ငံသား Mr.Luo Fei အား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဒလက အမ်ိဳးသမီးငယ္၏ အိမ္သို႔သြားၿပီး ဗီဒီယို႐ိုက္ကူးကာ အြန္လိုင္းေပၚတင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံ သားကို ရန္ကုန္ေလဆိပ္တြင္ ဖမ္းမိဟုဆို
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၇

ရန္ကုန္တိုင္းေဒသႀကီး၊ ဒလၿမိဳ႕နယ္တြင္အမ်ိဳးသမီးငယ္၏ အိမ္သို႔သြားၿပီး ဗီဒီယို႐ိုက္ကူးကာ အြန္လိုင္းေပၚတင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံသားကို ရန္ကုန္ေလဆိပ္တြင္ ဖမ္းမိခဲ့ေၾကာင္း သိရသည္။
အဆိုပါတ႐ုတ္ႏိုင္ငံသားကို ယမန္ေန႔(ေဖေဖာ္ဝါရီ ၆ ရက္ )၊ ညေန ၅ နာရီ ၄၅ မိနစ္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒလၿမိဳ႕နယ္၊ ကမာကဆစ္ရပ္ကြက္ေနထိုင္သည့္မိသားစုတစ္စု၏ ဘဝရပ္တည္ရန္ ခက္ခဲသည့္ အေျခအေနေပၚ အခြင့္အေကာင္းယူ၍ ေငြေၾကးလက္ေဆာင္မ်ားေပးကာ တ႐ုတ္မယားအျဖစ္ လက္ထပ္ထိမ္းျမားေစရန္ Video ႐ိုက္ကူး၍ Online လူမႈကြန္ယက္ေပၚတြင္ လႊင့္တင္ၿပီး ရရွိေသာ ေငြေၾကးအက်ိဳးအျမတ္မ်ားကို ေခါင္းပုံျဖတ္ရန္အတြက္ ပူးေပါင္းျပင္ဆင္အားထုတ္ခဲ့သည့္ျဖစ္စဥ္ ၿပီးခဲ့သည့္ရက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွ ပါဝင္ပတ္သက္သူမ်ားျဖစ္သည့္ မသီတာေအာင္၊ ေအာင္ေဇာ္ဦး(ခ) ဟာမီဒူလာ၊ တ႐ုတ္ႏိုင္ငံသား Mr.Luo Fei ႏွင့္ အမည္မသိ တ႐ုတ္ႏိုင္ငံသား တစ္ဦးတို႔အား ဥပေဒႏွင့္အညီ အေရးယူေပးရန္ တိုင္တန္းခ်က္အရ ေဖေဖာ္ဝါရီ ၆ ရက္ ညေနပိုင္းက ဒလၿမိဳ႕မရဲစခန္း (ပ)၂၀/၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ-၃၅/၄၄ ျဖင့္ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မွ က်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား Mr.Luo Fei ၊ ႏိုင္ငံကူးလက္မွတ္ EN 0910723သည္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထိုင္းႏိုင္ငံ၊ သုဝဏၰဘူမိေလဆိပ္သို႔ Thai Airway ေလေၾကာင္းလိုင္း၊ ခရီးစဥ္အမွတ္ (TG-.)ျဖင့္ ထြက္ခြာရန္ ရန္ကုန္ေလဆိပ္၊ လူဝင္မႈႀကီးၾကပ္ေရး ေကာင္တာသို႔ ဝင္ေရာက္လာခဲ့သျဖင့္ အမွတ္(၁၉)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(ရန္ကုန္ေလဆိပ္)မွ ဒုရဲမႉး ေဇာ္ထူးေအာင္ဦးစီးအဖြဲ႕က ျပည္ပထြက္ခြာခြင့္အား တားဆီးခဲ့သည္။ ဆက္လက္၍ အမွတ္(၆) လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(ရန္ကုန္)သို႔ အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဒလၿမိဳ႕မရဲစခန္းက (ပ) ၂၀/၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ-၃၅/၄၄အမႈမွ က်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား Mr.Luo Fei အား အမႈျဖင့္ ဆက္လက္ စစ္ေဆးႏိုင္ရန္ အမွတ္(၆)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု(ရန္ကုန္)သို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

Picture

oosoe myint

08/02/2025 10:39

အမှန်တရား​ပေါ်​ပေါက်ဖို့လိုပါမယ်။

Picture

amoe lay

08/02/2025 20:48

နိုင်ငံရဲ့ ဥပဒေကို မထိမမဲ့မြင်ပြုတာ သေဒဏ်ပေးပစ်ကွာ

Picture

amoe lay

08/02/2025 20:48

နိုင်ငံရဲ့ ဥပဒေကို မထိမမဲ့မြင်ပြုတာ သေဒဏ်ပေးပစ်ကွာ

Related news

© 2021. All rights reserved.