ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင် ကျားဖျန့်လုပ်နေသူများကို ဖမ်းဆီးရာ တိုက်ပွဲပင် ဖြစ်ပွားခဲ့

 1125

ပီယ (NP News) - ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင် ကျားဖျန့်လုပ်နေသူများကိုဖမ်းဆီးရာ တိုက်ပွဲပင် ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကိုဖမ်းမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ ရာ ဖေဖော်ဝါရီလ ၅ ရက်တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက်ဝန်းကျင်တွင် ကျားဖြန့်လုံခြုံရေးအဖွဲ့များ နှင့် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်းနှင့်အတူ ကျားဖြန့် လုံခြုံရေး ၅ ဦး၊ လက်နက်မျိုးစုံ ၆ လက်၊ တရုတ်နိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးတို့ အား ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် နောင်ဟန်ကျေးရွာအနီး၌ အဆောက်အဦ ၇ လုံးနှင့် ကျားဖြန့်လုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြု သည့် ဖုန်းမျိုးစုံ ၁၈၁ လုံး၊ Laptop မျိုးစုံ ၂၅ လုံး၊ Destop မျိုးစုံ ၂၁ လုံး၊ Keyboard မျိုးစုံ ၂၈ ခု၊ Wifi စက် ၂ လုံး၊ StarLink ၂ စုံ၊လုပ်ငန်းသုံးလျှပ်စစ် ဆက်စပ်ပစ္စည်းများ၊ သေနတ် ၁ လက်နှင့် ကျည် ၅ တောင့်တို့ အား ထပ်မံဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အဆိုပါ မိုင်းဟဒေသ၊ နောင်ဟန် ကျေးရွာတစ်ဝိုက်မှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုး သမီး ၂၅ ဦးတို့အား တရားမဝင်အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံး ပြုသည့် ကွန်ပျူတာ ၇၂ လုံး၊ StarLink ၅ စုံ၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စီးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ ကာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း နောင်ဟန်ကျေးရွာအနီးတစ်ဝိုက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦး၊ Alphard မော်တော်ယာဉ် ၁ စီး၊ မီးစက် ၁ လုံးထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ဖမ်းဆီးရမိမှုအနေဖြင့် တရုတ် နိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး၂ ဦး၊ ပေါင်း ၂၉ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ပေါင်း ၃၄ ဦး၊ စုစုပေါင်း ၈၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စနစ်တကျ စိစစ်ဆောင်ရွက် လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသား များအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော် ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေး လိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန် အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်း ဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္၊ မိုင္းဟေဒသတြင္ က်ားဖ်န္႔လုပ္ေနသူမ်ားကို ဖမ္းဆီးရာ တိုက္ပြဲပင္ ျဖစ္ပြားခဲ့
ပီယ (NP News) - ေဖေဖာ္ဝါရီ ၈

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္၊ မိုင္းဟေဒသတြင္ က်ားဖ်န္႔လုပ္ေနသူမ်ားကိုဖမ္းဆီးရာ တိုက္ပြဲပင္ ျဖစ္ပြားခဲ့ေသာ္လည္း က်ဴးလြန္သူမ်ားကိုဖမ္းမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္အတြင္း တရားမဝင္အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈ (က်ားျဖန႔္) လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ရွင္းလင္းခဲ့ ရာ ေဖေဖာ္ဝါရီလ ၅ ရက္တြင္ မိုင္းရယ္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ဝန္းက်င္တြင္ က်ားျဖန႔္လုံၿခဳံေရးအဖြဲ႕မ်ား ႏွင့္ အျပန္အလွန္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္တြင္ က်ားျဖန႔္လုံၿခဳံေရးအဖြဲ႕မွ အေလာင္း ၂ ေလာင္းႏွင့္အတူ က်ားျဖန႔္ လုံၿခဳံေရး ၅ ဦး၊ လက္နက္မ်ိဳးစုံ ၆ လက္၊ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၇ ဦး၊ အမ်ိဳးသမီး ၁ ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၄ ဦးတို႔ အား ဖမ္းဆီးရမိခဲ့သည္။
ထို႔အျပင္ ေနာင္ဟန္ေက်း႐ြာအနီး၌ အေဆာက္အဦ ၇ လုံးႏွင့္ က်ားျဖန႔္လုပ္ငန္း မ်ားေဆာင္႐ြက္ရာတြင္ အသုံးျပဳ သည့္ ဖုန္းမ်ိဳးစုံ ၁၈၁ လုံး၊ Laptop မ်ိဳးစုံ ၂၅ လုံး၊ Destop မ်ိဳးစုံ ၂၁ လုံး၊ Keyboard မ်ိဳးစုံ ၂၈ ခု၊ Wifi စက္ ၂ လုံး၊ StarLink ၂ စုံ၊လုပ္ငန္းသုံးလွ်ပ္စစ္ ဆက္စပ္ပစၥည္းမ်ား၊ ေသနတ္ ၁ လက္ႏွင့္ က်ည္ ၅ ေတာင့္တို႔ အား ထပ္မံဖမ္းဆီး ရရွိခဲ့ေၾကာင္း သိရသည္။
၎အျပင္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔တြင္ အဆိုပါ မိုင္းဟေဒသ၊ ေနာင္ဟန္ ေက်း႐ြာတစ္ဝိုက္မွ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၈ ဦး၊ အမ်ိဳးသမီး ၁ ဦး၊ ဗီယက္နမ္ႏိုင္ငံသား အမ်ိဳးသမီး ၁၈ ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၂ ဦး၊ အမ်ိဳး သမီး ၂၅ ဦးတို႔အား တရားမဝင္အြန္လိုင္း လိမ္လည္မႈလုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ အသုံး ျပဳသည့္ ကြန္ပ်ဴတာ ၇၂ လုံး၊ StarLink ၅ စုံ၊ ဖုန္းမ်ိဳးစုံ ၇၉ လုံး၊ ငါးဂိမ္းစက္ ၅ လုံး၊ ေမာ္ေတာ္ယာဥ္ ၂ စီးတို႔အားလည္းေကာင္း ဖမ္းဆီးရမိခဲ့ ကာ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔တြင္လည္း ေနာင္ဟန္ေက်း႐ြာအနီးတစ္ဝိုက္တြင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၁၂ ဦး၊ Alphard ေမာ္ေတာ္ယာဥ္ ၁ စီး၊ မီးစက္ ၁ လုံးထပ္မံ ဖမ္းဆီးရရွိခဲ့ေၾကာင္း သိရသည္။
မိုင္းရယ္ၿမိဳ႕နယ္၊ မိုင္းဟေဒသအတြင္း ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွ ၇ ရက္ေန႔ အထိ ဖမ္းဆီးရမိမႈအေနျဖင့္ တ႐ုတ္ ႏိုင္ငံသား အမ်ိဳးသား ၂၇ ဦး၊ အမ်ိဳးသမီး၂ ဦး၊ ေပါင္း ၂၉ ဦး၊ ဗီယမ္နမ္ႏိုင္ငံသား အမ်ိဳးသမီး ၁၈ ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၂၉ ဦး၊ ေပါင္း ၃၄ ဦး၊ စုစုေပါင္း ၈၁ ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားတြင္ ဖမ္းဆီးရမိသူမ်ားအား စနစ္တက် စိစစ္ေဆာင္႐ြက္ လ်က္ရွိၿပီး ဥပေဒႏွင့္အညီ တရားစြဲဆို အေရးယူေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ျပည္ပႏိုင္ငံသား မ်ားအား လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံ အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကို ေရွးရႈ၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ႏိုင္ေရး ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တရားမဝင္အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားအား စုံစမ္းေဖာ္ ထုတ္စစ္ေဆး၍ ထိေရာက္စြာ အေရးယူေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံ ၏ နယ္စပ္ေဒသမ်ားတြင္လည္း တရားမဝင္အြန္လိုင္း ေလာင္းကစားႏွင့္ ေငြေၾကး လိမ္လည္မႈ(က်ားျဖန႔္)လုပ္ငန္းမ်ားအား တားဆီးကာကြယ္တိုက္ဖ်က္ႏိုင္ရန္ အတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ား အပါအဝင္ ႏိုင္ငံတကာမွအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ စုံစမ္း ေဖာ္ထုတ္အေရးယူမႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Picture

Aung Aung

08/02/2025 21:58

ခုတော့ ဖမ်းဘီပေါ့ 😆

Picture

Aung Aung

08/02/2025 21:58

ခုတော့ ဖမ်းဘီပေါ့ 😆

Related news

© 2021. All rights reserved.