လာမယ့်သီတင်းပတ်အတွင်း ယူကရိန်းသမ္မတနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတပြော

293

Pika (NP News) - ဖေဖော်ဝါရီ ၈
လာမယ့်သီတင်းပတ်အစောပိုင်းမှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖွယ်ရှိနေ တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မကြာခင်အချိန်အတွင်း ရုရှားသမ္မတပူတင်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်လိုတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှစတင်ပြီး ဒေါ်နယ်ရမ့်ရဲ့အုပ်ချုပ်ရေးဟာ ယူကရိန်းနဲ့ ရုရှားကြား အလားအလာရှိတဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး အချက်ပြမှုတွေကို ဆက်တိုက်ပေးပို့နေခဲ့ တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် တွေကိုတော့ ဒေါ်နယ်ထရမ့်အစိုးရက လက်ရှိအချိန်အထိ ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့တော့ သိရပါတယ်။
အဲဒီလိုမျိုးဆွေးနွေးပွဲတွေရဲ့အလားအလာတွေနဲ့ပတ်သက်ပြီး အကောင်းမြင်မှုတွေကို ရုရှားအစိုးရ တာဝန်ရှိသူတွေ က ထုတ်ဖော်ပြသခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “လာမယ့်သီတင်းပတ်အတွင်း ယူကရိန်း သမ္မတဇီလန်စကီးနဲ့တွေ့ဆုံမှုတွေ လုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ယူကရိန်းကိုတော့ ကျွန်တော်သွားမှာ မဟုတ်ပါဘူး။ ပြီးတော့ ရုရှားသမ္မတပူတင်နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်တာကိုလည်း ကျွန်တော်မြင်ချင်ပါတယ်။ ကျွန်တော်နဲ့ပူတင်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု အမြဲတမ်းရှိခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version: