အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ ဆက်ဆံရေးတွေ ပြန်လည်ထူထောင်လိုနေ

368

Pika (NP News) - ဖေဖော်ဝါရီ ၈
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ဆက်ဆံရေးတွေ ပြန်လည်ထူထောင်လိုတဲ့ ၎င်းရဲ့ဆန္ဒကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ၎င်းတို့ရဲ့ အတိတ် ဆက်ဆံရေးကို မီးမောင်းထိုးပြခဲ့ပြီး သံတမန်ဆက်ဆံရေးရဲ့အရေးပါမှုကို အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ ကျွန်တော်တို့ကြား ဆက်ဆံရေးတွေ ရှိလာမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယခင်တုန်းက ၎င်းနဲ့ ကင်ဂျုံအန်းတို့ကြား အပြန်အလှန်ဆက်ဆံရေးတွေကို ဒေါ်နယ်ထရမ့်က အလေးပေး ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့် က “အားလုံးသိကြတဲ့အတိုင်း အရင်တုန်းက ကျွန်တော်နဲ့ ကင်ဂျုံအန်းကြားမှာ အရမ်းအဆင်ပြေတဲ့ဆက်ဆံရေးတွေရှိခဲ့ပါတယ်။ (၂၀၂၄)ခုနှစ် အမေရိကန်ရွေးကောက်ပွဲကို သာ ကျွန်တော်အနိုင်မရရှိခဲ့ဘူးဆိုရင် ဆိုးရွားတဲ့အခြေအနေတွေနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲမှာ ကျွန်တော်အနိုင်ရရှိခဲ့မှုနဲ့အတူ ကင်ဂျုံအန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပြန်လည်ထူထောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ကင်ဂျုံအန်းနဲ့ထိတွေ့ဆက်ဆံမှုတွေဟာ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် အကျိုးရှိစေလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က အလေးပေးပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် က “ကျွန်တော်နဲ့ ကင်ဂျုံအန်းကြား အဆင်ပြေနေသရွေ့ အခြားနိုင်ငံတွေအတွက် ကောင်းမွန်တာ တွေပဲဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် နဲ့ ကင်ဂျုံအန်းကြား ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိနေတာက ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပြီး ဆိုးရွားတဲ့အရာတစ်ခု မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ဆက္ဆံေရးေတြ ျပန္လည္ ထူေထာင္လိုေန
Pika (NP News) - ေဖေဖာ္ဝါရီ ၈
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ဆက္ဆံေရးေတြ ျပန္လည္ထူေထာင္လိုတဲ့ ၎ရဲ႕ဆႏၵကို အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ၎တို႔ရဲ႕ အတိတ္ ဆက္ဆံေရးကို မီးေမာင္းထိုးျပခဲ့ၿပီး သံတမန္ဆက္ဆံေရးရဲ႕အေရးပါမႈကို အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ကြၽန္ေတာ္တို႔ၾကား ဆက္ဆံေရးေတြ ရွိလာမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယခင္တုန္းက ၎နဲ႔ ကင္ဂ်ဳံအန္းတို႔ၾကား အျပန္အလွန္ဆက္ဆံေရးေတြကို ေဒၚနယ္ထရမ့္က အေလးေပး ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ က “အားလုံးသိၾကတဲ့အတိုင္း အရင္တုန္းက ကြၽန္ေတာ္နဲ႔ ကင္ဂ်ဳံအန္းၾကားမွာ အရမ္းအဆင္ေျပတဲ့ဆက္ဆံေရးေတြရွိခဲ့ပါတယ္။ (၂၀၂၄)ခုႏွစ္ အေမရိကန္ေ႐ြးေကာက္ပြဲကို သာ ကြၽန္ေတာ္အႏိုင္မရရွိခဲ့ဘူးဆိုရင္ ဆိုး႐ြားတဲ့အေျခအေနေတြနဲ႔ အဆုံးသတ္သြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္လည္း ဒီေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္အႏိုင္ရရွိခဲ့မႈနဲ႔အတူ ကင္ဂ်ဳံအန္းနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ျပန္လည္ထူေထာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ကင္ဂ်ဳံအန္းနဲ႔ထိေတြ႕ဆက္ဆံမႈေတြဟာ ကမာၻလုံးဆိုင္ရာတည္ၿငိမ္မႈအတြက္ အက်ိဳးရွိေစလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က အေလးေပးေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ က “ကြၽန္ေတာ္နဲ႔ ကင္ဂ်ဳံအန္းၾကား အဆင္ေျပေနသေ႐ြ႕ အျခားႏိုင္ငံေတြအတြက္ ေကာင္းမြန္တာ ေတြပဲျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္ နဲ႔ ကင္ဂ်ဳံအန္းၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးေတြ ရွိေနတာက ေကာင္းမြန္တဲ့အရာတစ္ခုျဖစ္ၿပီး ဆိုး႐ြားတဲ့အရာတစ္ခု မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။