တရုတ်အီလက်ထရွန်နစ်အစိတ်အပိုင်းများ ပါဝင်နေ၍ ကာကွယ်ရေးဒရုန်းအစင်းရေ(၄ဝဝ) ဝယ်ယူရေး အိန္ဒိယဖျက်သိမ်း

 849

Htay Oung (NP News) - ဖေဖော်ဝါရီ ၈

တရုတ်ပြည်လုပ် ပစ္စည်းအစိတ်အပိုင်းများနဲ့ အီလက်ထရွန်းနစ်ပစ္စည်းများကို အသုံးပြုထားမှုအပေါ် စိုးရိမ်တဲ့ အတွက် ထောက်ပံ့ပို့ဆောင်ရေးဒရုန်းအစင်းရေ ၄၀၀ ဝယ်ယူရေးစာချုပ် ၃ ခုကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန က ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီပစ္စည်း/အစိတ်အပိုင်းတွေဟာ စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးများမှာ ဆိုက်ဘာ လုံခြုံရေးခြိမ်းခြောက်မှုများနဲ့ အန္တရာယ်ဖြစ်နိုင်ခြေရှိတယ်လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်နောင်း” မီဒီယာ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်က ရေးသားခဲ့ပါတယ်။
အမျိုးသားဆိုက်ဘာလုံခြုံရေးအရ အိန္ဒိယစစ်တပ်က ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ အဲဒီမောင်းသူမဲ့လေယာဉ်တွေဟာ ပါကစ္စတန်-တရုတ်တို့နဲ့ ရန်စောင်နေတဲ့ နယ်စပ်ဒေသ “ အမှန် တကယ် ထိန်းချုပ်မျဉ်း” (LAC) တစ်လျှောက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများမှာ ပံ့ပိုးကူညီရန် ရည်ရွယ်ထား ခြင်းဖြစ်ကြောင်း။ ပယ်ဖျက်လိုက်တဲ့ စာချုပ် ၃ ခုရဲ့စုစုပေါင်းတန်ဖိုးမှာ ရူးပီးငွေ ၂.၃ ဘီလီယံ ရှိပြီး အလယ်အလတ် အမြင့်ပျံ ဒရုန်းစင်းရေ ၂၀၀၊ သာမန်ထက် အလေးချိန် ပိုမိုသယ်ဆောင်နိုင်မယ့် ဒရုန်း ၁၀၀၊ အပေါ့စား ဒရုန်းစင်းရေ ၁၀၀ တို့ကို ဝယ်ယူရန်ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်လုပ် အီလက်ထရောနစ်ပစ္စည်းတွေမှာ Malware “မဲလ်ဝဲလ်” ခေါ် ဒေတာခိုးယူခြင်း၊ ကွန်ပျူတာများကို ဖျက်ဆီးစေနိုင်တဲ့ ဗိုင်းရပ်စ်စသဖြင့် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်နိုင်တဲ့ ဆော့ဖ်ဝဲလ်များထည့်သွင်းထားခြင်း၊ ဒေတာဘေ့စ်နဲ့ ဖိုင်ဆာဗာများကို ဝင်ရောက်ကြည့်ရှုနိုင်တဲ့ “ဘက်ဒိုး” များ ပါဝင်လေ့ရှိတယ်လို့ နယူးဒေလီ အရာရှိက ပြောပါတယ်။ အိန္ဒိယကုမ္ပဏီအချို့ဟာ တရုတ်ပစ္စည်းတွေကို အသုံးပြုနေတာကြောင့် ပြဿနာက ပိုပြီး စိုးရိမ်စရာဖြစ်လာလို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီလ အိန္ဒိယ-တရုတ်နယ်စပ်မှာ လူသေဆုံးတဲ့အထိ နှစ်ဖက်စစ်သားချင်း လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတော်ကာကွယ်ရေးပစ္စည်းကိရိယာများမှာ တရုတ်အစိတ်အပိုင်းများအသုံးပြုမှုကို နယူး ဒေလီက အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။ အချို့သော ဒရုန်းမစ်ရှင်များမှာ စစ်ဆင်ရေး ပျက်ကွက်မှုများနဲ့ ကြုံတွေ့လာရတဲ့အခါ စိုးရိမ်မှုများ ထပ်မံတိုးဲမြင့် လာရပါတယ်။
ယခုတော့ အိန္ဒိယတပ်မတော်ရဲ့ မောင်းသူမဲ့ လေယာဉ်ဝယ်ယူရေးအတွက် တင်းကြပ်တဲ့ စိစစ်မှုနဲ့ အသိအမှတ်ပြု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ဒရုန်းများမှာ တရုတ်လုပ်စက် အစိတ်အပိုင်း များ (သို့မဟုတ်) အန္တရာယ်ရှိတဲ့ ကုဒ်များ ထည့်သွင်းထားခြင်း မရှိကြောင်း စေ့စေ့စပ်စပ်စစ်ဆေးမှုများ ပြုလုပ် နေပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယတပ်မတော်က ပြည်တွင်းထုတ် ဒရုန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဝယ်ယူရေးကို ဦးစား ပေး လုပ်ဆောင်လျက်ရှိပါတယ်။ အိန္ဒိယရဲ့ကာကွယ်ရေးပြင်ဆင်မှု အားကောင်းလာစေရန်နဲ့ နိုင်ငံခြားနည်း ပညာအပေါ် မှီခိုအားထားမှုကို လျှော့ချရန် အရေးကြီးတကြီး ပြင်ဆင်နေပါတယ်။
ကမ္ဘာ့ ဒရုန်းထုတ်လုပ်မှုနဲ့ ရောင်းချမှုမှာ တရုတ်နိုင်ငံက အဓိကဦးဆောင်နေပါတယ်။ အထူးသဖြင့် စီးပွားရေး သုံးဒရုန်းများအတွက် တရုတ်ကုမ္ပဏီများက အဓိကဈေးကွက်ကို ထိန်းချုပ်ထားကြပြီး ဥပမာအားဖြင့် DJI ကုမ္ပ ဏီဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနဲ့ ဖျော်ဖြေရေးသုံးဒရုန်းများကို အများဆုံးထုတ်လုပ်ရောင်းချနေပါတယ်။ ၂၀၂၄-ခုနှစ် ဒရုန်းထုတ်လုပ်ရေးမှာ တရုတ်နဲ့အတူ အမေရိကန် ပြင်သစ်တို့က ဦးဆောင်နေကြပြီး အစ္စရေးနဲ့ ပြင်သစ် တို့လည်း ပါဝင်ပါတယ်။ တာဝေးပျံသန်းနိုင်ပြီး လက်နက်-အလေးချိန်များများနဲ့ ထောက်လှမ်းရေး- တိုက်ခိုက်ရေး များမှာပါ အသုံးပြုနိုင်တဲ့ မောင်းသူမဲ့လေယာဉ်တွေကတော့ အလွန်ဈေးကြီးပြီး အမေရိကန်မှာ စီးရေ ရာဂဏန်း၊ ရုရှား-တရုတ်တို့မှာ ရာဂဏန်းအောက် ပိုင်ဆိုင်ကြပါတယ်။
တရုတ်နိုင်ငံဟာ စစ်သုံးဒရုန်းများအတွက်လည်း ထုတ်လုပ်မှုနှင့်ရောင်းချမှုအရ အရေးပါနေရာကို ရရှိ ထားပါ တယ်။ တရုတ်ထုတ် CH-4 စစ်သုံးဒရုန်းတွေကို အခြားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ ယူကရိန်း စစ်ပွဲ အတွင်း တရုတ်နဲ့ ရုရှားကုမ္ပဏီများက မော်စကိုထံ ဒရုန်းများကို တင်ပို့ပေးခဲ့ကြောင်း သိရှိရပါတယ်။

ယခုနှစ်ပိုင်းများအတွင်း ဒရုန်းနည်းပညာမှာ အပြိုင်အဆိုင်ဖြစ်လာကြပြီး တူရကီဟာ ကမ္ဘာ့စစ်သုံးဒရုန်းဈေး ကွက်မှာ အရေးပါတေဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ တူရကီထုတ် “ဘိုင်ရက်တာ တီဘီ-တူး” “အက်ကင်စီ” “အန် ကာ-အက်စ်” အရည်အသွေးမြင့် ဒရုန်းတွေဟာ အလွန်ထင်ရှားပါတယ်။ နည်းပညာသုံးစွဲမှုသက်သာပြီး ကုန်ကျ စရိတ်နည်းပါးခြင်း သူ့ထက် အရွယ်အစားပိုကြီးတဲ့ အမေရိကန် “ပရီဒေတာ” “ရက်ပါး” မောင်းသူမဲ့လေယာဉ် များယှဉ်လျှင် ပိုပြီး ထိရောက်တယ်လို့ ယူကရိန်းစစ်ပွဲမှာ နာမည်ကြီးလာခဲ့ပါတယ်။ နာဂိုနို-ကာရာဘတ် စစ်ပွဲ မှာ အဇာဘိုင်ဂျန်တို့ရဲ့ တူရကီထုတ် “တီဘီ-တူး” ဒရုန်းတွေက အာမေးနီးယားစစ်တပ်ကို တစ်ဖက်သပ် အနိုင် ယူခဲ့ပါတယ်။ တူရကီဟာ ဒရုန်းနည်းပညာမှာ အမေရိကန်, တရုတ်, အစ္စရေး နိုင်ငံများနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ထိပ်တန်းနိုင်ငံဖြစ်လာပါတယ်။
#HtayOung #OungMarine

Zawgyi Version:
တ႐ုတ္အီလက္ထ႐ြန္နစ္အစိတ္အပိုင္းမ်ား ပါဝင္ေန၍ ကာကြယ္ေရးဒ႐ုန္းအစင္းေရ(၄ဝဝ) ဝယ္ယူေရး အိႏၵိယဖ်က္သိမ္း
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၈

တ႐ုတ္ျပည္လုပ္ ပစၥည္းအစိတ္အပိုင္းမ်ားနဲ႔ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ားကို အသုံးျပဳထားမႈအေပၚ စိုးရိမ္တဲ့ အတြက္ ေထာက္ပံ့ပို႔ေဆာင္ေရးဒ႐ုန္းအစင္းေရ ၄၀၀ ဝယ္ယူေရးစာခ်ဳပ္ ၃ ခုကို အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာန က ဖ်က္သိမ္းလိုက္ပါတယ္။ အဲဒီပစၥည္း/အစိတ္အပိုင္းေတြဟာ စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးမ်ားမွာ ဆိုက္ဘာ လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားနဲ႔ အႏၲရာယ္ျဖစ္ႏိုင္ေျခရွိတယ္လို႔ နယူးေဒလီအေျခစိုက္ “တိုင္းမ္ေနာင္း” မီဒီယာ ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ ရက္က ေရးသားခဲ့ပါတယ္။
အမ်ိဳးသားဆိုက္ဘာလုံၿခဳံေရးအရ အိႏၵိယစစ္တပ္က ယခုလို ဆုံးျဖတ္ရျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားထံမွ သိရွိရပါတယ္။ အဲဒီေမာင္းသူမဲ့ေလယာဥ္ေတြဟာ ပါကစၥတန္-တ႐ုတ္တို႔နဲ႔ ရန္ေစာင္ေနတဲ့ နယ္စပ္ေဒသ “ အမွန္ တကယ္ ထိန္းခ်ဳပ္မ်ဥ္း” (LAC) တစ္ေလွ်ာက္ ေထာက္ပံ့ပို႔ေဆာင္ေရးလုပ္ငန္းမ်ားမွာ ပံ့ပိုးကူညီရန္ ရည္႐ြယ္ထား ျခင္းျဖစ္ေၾကာင္း။ ပယ္ဖ်က္လိုက္တဲ့ စာခ်ဳပ္ ၃ ခုရဲ႕စုစုေပါင္းတန္ဖိုးမွာ ႐ူးပီးေငြ ၂.၃ ဘီလီယံ ရွိၿပီး အလယ္အလတ္ အျမင့္ပ်ံ ဒ႐ုန္းစင္းေရ ၂၀၀၊ သာမန္ထက္ အေလးခ်ိန္ ပိုမိုသယ္ေဆာင္ႏိုင္မယ့္ ဒ႐ုန္း ၁၀၀၊ အေပါ့စား ဒ႐ုန္းစင္းေရ ၁၀၀ တို႔ကို ဝယ္ယူရန္ျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္လုပ္ အီလက္ထေရာနစ္ပစၥည္းေတြမွာ Malware “မဲလ္ဝဲလ္” ေခၚ ေဒတာခိုးယူျခင္း၊ ကြန္ပ်ဴတာမ်ားကို ဖ်က္ဆီးေစႏိုင္တဲ့ ဗိုင္းရပ္စ္စသျဖင့္ ဆိုက္ဘာရာဇဝတ္မႈက်ဴးလြန္ႏိုင္တဲ့ ေဆာ့ဖ္ဝဲလ္မ်ားထည့္သြင္းထားျခင္း၊ ေဒတာေဘ့စ္နဲ႔ ဖိုင္ဆာဗာမ်ားကို ဝင္ေရာက္ၾကည့္ရႈႏိုင္တဲ့ “ဘက္ဒိုး” မ်ား ပါဝင္ေလ့ရွိတယ္လို႔ နယူးေဒလီ အရာရွိက ေျပာပါတယ္။ အိႏၵိယကုမၸဏီအခ်ိဳ႕ဟာ တ႐ုတ္ပစၥည္းေတြကို အသုံးျပဳေနတာေၾကာင့္ ျပႆနာက ပိုၿပီး စိုးရိမ္စရာျဖစ္လာလို႔ ဆိုပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ဧၿပီလ အိႏၵိယ-တ႐ုတ္နယ္စပ္မွာ လူေသဆုံးတဲ့အထိ ႏွစ္ဖက္စစ္သားခ်င္း လုံးေထြးသတ္ပုတ္မႈ ျဖစ္ပြားၿပီးေနာက္ ႏိုင္ငံေတာ္ကာကြယ္ေရးပစၥည္းကိရိယာမ်ားမွာ တ႐ုတ္အစိတ္အပိုင္းမ်ားအသုံးျပဳမႈကို နယူး ေဒလီက အနီးကပ္ေစာင့္ၾကည့္လ်က္ရွိပါတယ္။ အခ်ိဳ႕ေသာ ဒ႐ုန္းမစ္ရွင္မ်ားမွာ စစ္ဆင္ေရး ပ်က္ကြက္မႈမ်ားနဲ႔ ႀကဳံေတြ႕လာရတဲ့အခါ စိုးရိမ္မႈမ်ား ထပ္မံတိုးဲျမင့္ လာရပါတယ္။
ယခုေတာ့ အိႏၵိယတပ္မေတာ္ရဲ႕ ေမာင္းသူမဲ့ ေလယာဥ္ဝယ္ယူေရးအတြက္ တင္းၾကပ္တဲ့ စိစစ္မႈနဲ႔ အသိအမွတ္ျပဳ လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း၊ ဒ႐ုန္းမ်ားမွာ တ႐ုတ္လုပ္စက္ အစိတ္အပိုင္း မ်ား (သို႔မဟုတ္) အႏၲရာယ္ရွိတဲ့ ကုဒ္မ်ား ထည့္သြင္းထားျခင္း မရွိေၾကာင္း ေစ့ေစ့စပ္စပ္စစ္ေဆးမႈမ်ား ျပဳလုပ္ ေနပါတယ္။
တစ္ဖက္မွာလည္း အိႏၵိယတပ္မေတာ္က ျပည္တြင္းထုတ္ ဒ႐ုန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ဝယ္ယူေရးကို ဦးစား ေပး လုပ္ေဆာင္လ်က္ရွိပါတယ္။ အိႏၵိယရဲ႕ကာကြယ္ေရးျပင္ဆင္မႈ အားေကာင္းလာေစရန္နဲ႔ ႏိုင္ငံျခားနည္း ပညာအေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္ အေရးႀကီးတႀကီး ျပင္ဆင္ေနပါတယ္။
ကမာၻ႔ ဒ႐ုန္းထုတ္လုပ္မႈနဲ႔ ေရာင္းခ်မႈမွာ တ႐ုတ္ႏိုင္ငံက အဓိကဦးေဆာင္ေနပါတယ္။ အထူးသျဖင့္ စီးပြားေရး သုံးဒ႐ုန္းမ်ားအတြက္ တ႐ုတ္ကုမၸဏီမ်ားက အဓိကေဈးကြက္ကို ထိန္းခ်ဳပ္ထားၾကၿပီး ဥပမာအားျဖင့္ DJI ကုမၸ ဏီဟာ ကမာၻ႔အႀကီးဆုံး စီးပြားေရးနဲ႔ ေဖ်ာ္ေျဖေရးသုံးဒ႐ုန္းမ်ားကို အမ်ားဆုံးထုတ္လုပ္ေရာင္းခ်ေနပါတယ္။ ၂၀၂၄-ခုႏွစ္ ဒ႐ုန္းထုတ္လုပ္ေရးမွာ တ႐ုတ္နဲ႔အတူ အေမရိကန္ ျပင္သစ္တို႔က ဦးေဆာင္ေနၾကၿပီး အစၥေရးနဲ႔ ျပင္သစ္ တို႔လည္း ပါဝင္ပါတယ္။ တာေဝးပ်ံသန္းႏိုင္ၿပီး လက္နက္-အေလးခ်ိန္မ်ားမ်ားနဲ႔ ေထာက္လွမ္းေရး- တိုက္ခိုက္ေရး မ်ားမွာပါ အသုံးျပဳႏိုင္တဲ့ ေမာင္းသူမဲ့ေလယာဥ္ေတြကေတာ့ အလြန္ေဈးႀကီးၿပီး အေမရိကန္မွာ စီးေရ ရာဂဏန္း၊ ႐ုရွား-တ႐ုတ္တို႔မွာ ရာဂဏန္းေအာက္ ပိုင္ဆိုင္ၾကပါတယ္။
တ႐ုတ္ႏိုင္ငံဟာ စစ္သုံးဒ႐ုန္းမ်ားအတြက္လည္း ထုတ္လုပ္မႈႏွင့္ေရာင္းခ်မႈအရ အေရးပါေနရာကို ရရွိ ထားပါ တယ္။ တ႐ုတ္ထုတ္ CH-4 စစ္သုံးဒ႐ုန္းေတြကို အျခားႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်လ်က္ရွိၿပီး၊ ယူကရိန္း စစ္ပြဲ အတြင္း တ႐ုတ္နဲ႔ ႐ုရွားကုမၸဏီမ်ားက ေမာ္စကိုထံ ဒ႐ုန္းမ်ားကို တင္ပို႔ေပးခဲ့ေၾကာင္း သိရွိရပါတယ္။

ယခုႏွစ္ပိုင္းမ်ားအတြင္း ဒ႐ုန္းနည္းပညာမွာ အၿပိဳင္အဆိုင္ျဖစ္လာၾကၿပီး တူရကီဟာ ကမာၻ႔စစ္သုံးဒ႐ုန္းေဈး ကြက္မွာ အေရးပါေတဲ့ ႏိုင္ငံျဖစ္လာခဲ့ပါတယ္။ တူရကီထုတ္ “ဘိုင္ရက္တာ တီဘီ-တူး” “အက္ကင္စီ” “အန္ ကာ-အက္စ္” အရည္အေသြးျမင့္ ဒ႐ုန္းေတြဟာ အလြန္ထင္ရွားပါတယ္။ နည္းပညာသုံးစြဲမႈသက္သာၿပီး ကုန္က် စရိတ္နည္းပါးျခင္း သူ႔ထက္ အ႐ြယ္အစားပိုႀကီးတဲ့ အေမရိကန္ “ပရီေဒတာ” “ရက္ပါး” ေမာင္းသူမဲ့ေလယာဥ္ မ်ားယွဥ္လွ်င္ ပိုၿပီး ထိေရာက္တယ္လို႔ ယူကရိန္းစစ္ပြဲမွာ နာမည္ႀကီးလာခဲ့ပါတယ္။ နာဂိုႏို-ကာရာဘတ္ စစ္ပြဲ မွာ အဇာဘိုင္ဂ်န္တို႔ရဲ႕ တူရကီထုတ္ “တီဘီ-တူး” ဒ႐ုန္းေတြက အာေမးနီးယားစစ္တပ္ကို တစ္ဖက္သပ္ အႏိုင္ ယူခဲ့ပါတယ္။ တူရကီဟာ ဒ႐ုန္းနည္းပညာမွာ အေမရိကန္, တ႐ုတ္, အစၥေရး ႏိုင္ငံမ်ားနဲ႔ ယွဥ္ၿပိဳင္ႏိုင္တဲ့ ထိပ္တန္းႏိုင္ငံျဖစ္လာပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.