အင်းဝမြို့နေရာနှင့် မြို့ရိုးတို့အား စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရေး နစကဥက္ကဌ မှာကြား

383

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၈
အင်းဝမြို့နေရာနှင့် မြို့ရိုးတို့အား စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၇ ရက်တွင် နစက ဥက္ကဌ နှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ် အထက်ပါအတိုင်း ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လောကသရဖူဘုရားကြီး ရောက်ရှိစဉ် ဘုရားကြီး၏ အတွင်းဘက်နံရံများပေါ်ရှိ မှန်စီရွှေချများသည် ခေတ်ကာလ ကြာမြင့်ပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မူလလက်ရာမပျက် ပြန်လည်မွမ်းမံသွားရန်လို ကြောင်း၊ ဘုရားကြီးရင်ပြင်တော် မျက်နှာပြင်ညီညာမှုရှိစေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်ကာ ရေရှည်တည်တံ့ ခိုင်မြဲစေရေး စနစ်တကျပြန်လည်သုတေသနပြု၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းသာသနိက အဆောက်အအုံများကိုလည်း စနစ်တကျဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဘုရားကြီးပတ်လည်ရှိ ဆွမ်းလောင်းစောင်းတန်းများကိုလည်း မူလလက်ရာမပျက် ပြန်လည်ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်သွား ရန်လိုပြီး ရှေးဟောင်းလက်ရာနှင့် ရှေးဟောင်းယဉ်ကျေးမှုအမူအကျင့်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဘုရားကြီးနှင့် သာသနိကအဆောက်အအုံများအား နေ့ညမပျက် ဆီမီးပူဇော်နိုင်ရေး အတွက်လည်း ဆိုလာလျှပ်စစ်မီးဆက်ကပ်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အင်းဝမြို့ဟောင်းရှိ မြို့ရိုးနှင့် ကျုံးတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့နေရာနှင့် မြို့ရိုးတို့အား စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရေးနှင့် ကျုံးအား ရှေးမူမပျက်မွမ်းမံ၍ ပြန်လည်ထိန်းသိမ်းရန် လိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တံတားဦး - အင်းဝလမ်းပိုင်းရှိ မဟာဇေယျပထ - မောင်အိုတံတားနှင့် အုတ်လမ်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏တင်ပြချက်များအပေါ် တံတားအား ရှေးမူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်း မွမ်းမံနိုင်ရန် အတွက် ပြင်ဆင်ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုး - အပြစ်များအား စနစ်တကျ သုတေသန ပြုလုပ်၍ တင်ပြသွားရန်၊ မူလ အုတ်လမ်းအား သုတေသနပြုလုပ်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ပြီး လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း လည်း သိရသည်။
Zawgyi Version:
အင္းဝၿမိဳ႕ေနရာႏွင့္ ၿမိဳ႕႐ိုးတို႔အား စဥ္ဆက္မျပတ္ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေရး နစကဥကၠဌ မွာၾကား
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၈
အင္းဝၿမိဳ႕ေနရာႏွင့္ ၿမိဳ႕႐ိုးတို႔အား စဥ္ဆက္မျပတ္ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ေရးအတြက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မွာၾကားခဲ့ေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီလ ၇ ရက္တြင္ နစက ဥကၠဌ ႏွင့္ တာဝန္ရွိသူမ်ားက မႏၲေလးတိုင္းေဒသႀကီး အင္းဝၿမိဳ႕ေဟာင္းရွိ ေလာကသရဖူဘုရားႀကီးႏွင့္ ေမာင္အိုအုတ္လမ္း ထိန္းသိမ္းထားရွိမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈ စစ္ေဆးစဥ္ အထက္ပါအတိုင္း ထည့္သြင္းမွာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေလာကသရဖူဘုရားႀကီး ေရာက္ရွိစဥ္ ဘုရားႀကီး၏ အတြင္းဘက္နံရံမ်ားေပၚရွိ မွန္စီေ႐ႊခ်မ်ားသည္ ေခတ္ကာလ ၾကာျမင့္ၿပီျဖစ္ၿပီး ယိုယြင္းပ်က္စီးမႈမ်ား ျဖစ္ေပၚလ်က္ရွိသျဖင့္ မူလလက္ရာမပ်က္ ျပန္လည္မြမ္းမံသြားရန္လို ေၾကာင္း၊ ဘုရားႀကီးရင္ျပင္ေတာ္ မ်က္ႏွာျပင္ညီညာမႈရွိေစေရးႏွင့္ ေရဝင္ေရထြက္ေကာင္းမြန္ကာ ေရရွည္တည္တံ့ ခိုင္ၿမဲေစေရး စနစ္တက်ျပန္လည္သုေတသနျပဳ၍ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ေရွးေဟာင္းသာသနိက အေဆာက္အအုံမ်ားကိုလည္း စနစ္တက်ျဖင့္ ထိန္းသိမ္းေစာင့္ေရွာက္သြားရန္လိုေၾကာင္း၊ ဘုရားႀကီးပတ္လည္ရွိ ဆြမ္းေလာင္းေစာင္းတန္းမ်ားကိုလည္း မူလလက္ရာမပ်က္ ျပန္လည္ျပဳျပင္ျခင္း၊ မြမ္းမံျခင္းမ်ား ေဆာင္႐ြက္သြား ရန္လိုၿပီး ေရွးေဟာင္းလက္ရာႏွင့္ ေရွးေဟာင္းယဥ္ေက်းမႈအမူအက်င့္မ်ားကို ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္း၊ ဘုရားႀကီးႏွင့္ သာသနိကအေဆာက္အအုံမ်ားအား ေန႔ညမပ်က္ ဆီမီးပူေဇာ္ႏိုင္ေရး အတြက္လည္း ဆိုလာလွ်ပ္စစ္မီးဆက္ကပ္ပူေဇာ္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ အျခားလိုအပ္သည္မ်ားကို မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အင္းဝၿမိဳ႕ေဟာင္းရွိ ၿမိဳ႕႐ိုးႏွင့္ က်ဳံးတို႔အား ၾကည့္ရႈစစ္ေဆးၿပီး ၿမိဳ႕ေနရာႏွင့္ ၿမိဳ႕႐ိုးတို႔အား စဥ္ဆက္မျပတ္ ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေရးႏွင့္ က်ဳံးအား ေရွးမူမပ်က္မြမ္းမံ၍ ျပန္လည္ထိန္းသိမ္းရန္ လိုအပ္မႈ အေျခအေနမ်ားႏွင့္ပတ္သက္၍ လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။
တံတားဦး - အင္းဝလမ္းပိုင္းရွိ မဟာေဇယ်ပထ - ေမာင္အိုတံတားႏွင့္ အုတ္လမ္းအား ၾကည့္ရႈစစ္ေဆးၿပီး တာဝန္ရွိ သူမ်ား၏တင္ျပခ်က္မ်ားအေပၚ တံတားအား ေရွးမူလလက္ရာအတိုင္း ျပန္လည္ျပဳျပင္ထိန္းသိမ္း မြမ္းမံႏိုင္ရန္ အတြက္ ျပင္ဆင္ေဆာင္႐ြက္မည္ဆိုပါက ျဖစ္ေပၚလာႏိုင္သည့္ အက်ိဳး - အျပစ္မ်ားအား စနစ္တက် သုေတသန ျပဳလုပ္၍ တင္ျပသြားရန္၊ မူလ အုတ္လမ္းအား သုေတသနျပဳလုပ္ရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို မွာၾကားခဲ့ၿပီး လမ္းတစ္ေလွ်ာက္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း လည္း သိရသည္။