နဝင်းချောင်းတံတားသစ်ပေါ်တွင် ယာဉ်တွေယာယီဖြတ်သန်း ခွင့်ပြုမည်

 1530

NP News - ဖေ‌ဖော်ဝါရီ ၈

နဝင်းချောင်းတံတားသစ်ပေါ်တွင် ယာဉ်တွေယာယီဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဟု အဆိုပါလမ်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ သိရသည်။
ရာဂီမုန်တိုင်းကြောင့် ရေတိုက်စား ပျက်စီးခဲ့သော နဝင်းချောင်းတံတား(အဆုံ)ကို မူလနှစ်လမ်းသွားမှတဆင့် အသွား၊ အပြန် (၄)လမ်းသွားတံတားအဖြစ် တည်ဆောက်နေကြောင်းသိရသည်။
ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရေတိုက်စားကာ ပျက်စီးသွားသော ရန်ကုန်_မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နဝင်းချောင်းတံတား (အဆုံ) ကို တိုးချဲ့တည်ဆောက်နေခြင်းဖြစ်‌ ကြောင်း သိရသည်။ တံတားအသစ်ပေါ်၌ ယာဥ်များယာယီဖြတ်သန်းခွင့်ပြုထား ပြီးတံတားဟောင်းနှင့် ချဉ်းကပ် လမ်း အဆင့်မြှင့်တင်သည့်လုပ်ငန်းများကိုမှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက် ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ပြောကြားထားသည်။
တံတားသည် အရှည်ပေ ၁၉၀ ရှိပြီး၊ မူလနှစ်လမ်းသွားကနေ အသွားအပြန်(၄)လမ်း သွားတံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။
တည်ဆောက်ရေးလုပ်ငန်းများပြီးစီးသွားပါက ခရီးသည်တင်ယာဥ်တွေနှင့် ကုန်တင်ယာဉ်များ ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
အလားတူပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား(သိုက်ချောင်း) သည်လည်း ရေကြီးရေလျှံမှုများကြောင့် ကမ်းကပ်ခုံရေတိုက်စား၊ ပျက်စီးခြင်းနှင့် တံတားရေလယ်တိုင် နိမ့်ကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ပျက်စီးခဲ့သောတံတားများကိုပြန်လည် ပြုပြင်၊အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version:
နဝင္းေခ်ာင္းတံတားသစ္ေပၚတြင္ ယာဥ္ေတြယာယီျဖတ္သန္း ခြင့္ျပဳမည္
NP News - ေဖ‌ေဖာ္ဝါရီ ၈

နဝင္းေခ်ာင္းတံတားသစ္ေပၚတြင္ ယာဥ္ေတြယာယီျဖတ္သန္းသြားလာခြင့္ျပဳသြားမည္ဟု အဆိုပါလမ္းတံတား တည္ေဆာက္ေရးလုပ္ငန္းခြင္မွ သိရသည္။
ရာဂီမုန္တိုင္းေၾကာင့္ ေရတိုက္စား ပ်က္စီးခဲ့ေသာ နဝင္းေခ်ာင္းတံတား(အဆုံ)ကို မူလႏွစ္လမ္းသြားမွတဆင့္ အသြား၊ အျပန္ (၄)လမ္းသြားတံတားအျဖစ္ တည္ေဆာက္ေနေၾကာင္းသိရသည္။
ရာဂီ မုန္တိုင္းအရွိန္ေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ားေတြျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ေရတိုက္စားကာ ပ်က္စီးသြားေသာ ရန္ကုန္_မႏၲေလးျပည္ေထာင္စုလမ္းမႀကီးေပၚရွိ နဝင္းေခ်ာင္းတံတား (အဆုံ) ကို တိုးခ်ဲ႕တည္ေဆာက္ေနျခင္းျဖစ္‌ ေၾကာင္း သိရသည္။ တံတားအသစ္ေပၚ၌ ယာဥ္မ်ားယာယီျဖတ္သန္းခြင့္ျပဳထား ၿပီးတံတားေဟာင္းႏွင့္ ခ်ဥ္းကပ္ လမ္း အဆင့္ျမႇင့္တင္သည့္လုပ္ငန္းမ်ားကိုမႈ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တံတားတည္ေဆာက္ ေရးလုပ္ငန္းမွ သတင္းထုတ္ျပန္ေျပာၾကားထားသည္။
တံတားသည္ အရွည္ေပ ၁၉၀ ရွိၿပီး၊ မူလႏွစ္လမ္းသြားကေန အသြားအျပန္(၄)လမ္း သြားတံတားအျဖစ္ တည္ေဆာက္ေနေၾကာင္း သိရသည္။
တည္ေဆာက္ေရးလုပ္ငန္းမ်ားၿပီးစီးသြားပါက ခရီးသည္တင္ယာဥ္ေတြႏွင့္ ကုန္တင္ယာဥ္မ်ား ပိုမိုလြယ္ကူစြာ ျဖတ္သန္းသြားလာႏိုင္မည္ျဖစ္သည္။
အလားတူပုဗၺသီရိၿမိဳ႕ပတ္လမ္းေပၚရွိ ဆင္ေသေခ်ာင္းတံတား(သိုက္ေခ်ာင္း) သည္လည္း ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ကမ္းကပ္ခုံေရတိုက္စား၊ ပ်က္စီးျခင္းႏွင့္ တံတားေရလယ္တိုင္ နိမ့္က်ပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
လတ္တေလာတြင္ ပ်က္စီးခဲ့ေသာတံတားမ်ားကိုျပန္လည္ ျပဳျပင္၊အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားကို သတ္မွတ္ခ်ိန္အတြင္းၿပီးစီးႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.