မြန်မာနိုင်ငံ၏ သက်ဆိုင်သောအဖွဲ့အစည်းအသီးသီးက နိုင်ငံရေး ပြန်လည်သင့်မြတ်ရန် ဆွေးနွေးခြင်းကို ထောက်ခံကြောင်း တရုတ်ပြော

 633

သုတကျော် (NP News) - ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံ ၏ သက်ဆိုင်သောအဖွဲ့အစည်းအသီးသီးက နိုင်ငံရေး ပြန်လည်သင့်မြတ်ရန် ဆွေးနွေးခြင်းကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Lin Jian က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Antara သတင်းဌာန မှ သတင်းထောက်က မေးမြန်းသော တရုတ်သမ္မတ က ဘရူးနိုင်းနိုင်ငံ မှ ဆူလတန်၊ ထိုင်းဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံစဉ် မြန်မာ့အရေး အတွက် ဆွေးနွေးခဲ့ခြင်းမျိုးရှိပါသလား ဆိုသော မေးခွန်းနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံသည် အိမ်နီးချင်း ဆက်ဆံရေးကောင်းမွန်ကြောင်း နှင့် တရုတ်၏ ရပ်တည်ချက်သည် ရှင်းလင်းကြောင်း Lin Jian က ဆိုသည်။
အခြားနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်း မူဝါဒကို ကျင့်သုံးကာ မြန်မာနိုင်ငံ ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးမှု နှင့် နယ်မြေတည်တံ့ခိုင်မြဲရေး ကြိုးပမ်းအားထုတ်ခြင်းကို ထောက်ခံ ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံရေး ပြန်လည်သင့်မြတ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်း နှင့် နိုင်ငံရေး အသွင်းကူးပြောင်းမှုလုပ်ငန်းစဉ် ပြန်လည်စတင်ရန်တို့ကို ထောက်ခံကြောင်းလည်း ပြောကြားသည်။
တရုတ်အနေဖြင့် မြန်မာကိစ္စတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍ မှ ပါဝင်ကြောင်း နှင့် မြန်မာ့အရေး အာဆီယံ ၏ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် ထောက်ခံကြောင်းလည်း ပြောကြား သည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ သက္ဆိုင္ေသာအဖြဲ႕အစည္းအသီးသီးက ႏိုင္ငံေရး ျပန္လည္သင့္ျမတ္ရန္ ေဆြးေႏြးျခင္းကို ေထာက္ခံေၾကာင္း တ႐ုတ္ေျပာ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၈

ျမန္မာႏိုင္ငံ ၏ သက္ဆိုင္ေသာအဖြဲ႕အစည္းအသီးသီးက ႏိုင္ငံေရး ျပန္လည္သင့္ျမတ္ရန္ ေဆြးေႏြးျခင္းကို ေထာက္ခံေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ Lin Jian က သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။
ေဖေဖာ္ဝါရီလ ၇ ရက္က ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ Antara သတင္းဌာန မွ သတင္းေထာက္က ေမးျမန္းေသာ တ႐ုတ္သမၼတ က ဘ႐ူးႏိုင္းႏိုင္ငံ မွ ဆူလတန္၊ ထိုင္းဝန္ႀကီးခ်ဳပ္တို႔ႏွင့္ ေတြ႕ဆုံစဥ္ ျမန္မာ့အေရး အတြက္ ေဆြးေႏြးခဲ့ျခင္းမ်ိဳးရွိပါသလား ဆိုေသာ ေမးခြန္းႏွင့္ပတ္သက္၍ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ျမန္မာအေရးႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္း ဆက္ဆံေရးေကာင္းမြန္ေၾကာင္း ႏွင့္ တ႐ုတ္၏ ရပ္တည္ခ်က္သည္ ရွင္းလင္းေၾကာင္း Lin Jian က ဆိုသည္။
အျခားႏိုင္ငံ၏ ျပည္တြင္းေရးအား ဝင္ေရာက္မစြက္ဖက္ျခင္း မူဝါဒကို က်င့္သုံးကာ ျမန္မာႏိုင္ငံ ၏ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာ၊ အမ်ိဳးသားစည္းလုံးမႈ ႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲေရး ႀကိဳးပမ္းအားထုတ္ျခင္းကို ေထာက္ခံ ေၾကာင္း ေျပာၾကားသည္။
ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းအသီးသီးက ႏိုင္ငံေရး ျပန္လည္သင့္ျမတ္ရန္အတြက္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပဳလုပ္ျခင္း ႏွင့္ ႏိုင္ငံေရး အသြင္းကူးေျပာင္းမႈလုပ္ငန္းစဥ္ ျပန္လည္စတင္ရန္တို႔ကို ေထာက္ခံေၾကာင္းလည္း ေျပာၾကားသည္။
တ႐ုတ္အေနျဖင့္ ျမန္မာကိစၥတြင္ အျပဳသေဘာေဆာင္ေသာ အခန္းက႑ မွ ပါဝင္ေၾကာင္း ႏွင့္ ျမန္မာ့အေရး အာဆီယံ၏ ဘုံသေဘာတူညီခ်က္ ငါးခ်က္ကို အေကာင္အထည္ေဖာ္ရန္ ေထာက္ခံေၾကာင္းလည္း ေျပာၾကားသည္။

Related news

© 2021. All rights reserved.