ထိုင်းအစိုးရ၏ လျှပ်စစ်မီးဖြတ်တောက်ခြင်းခံထားရသော မြဝတီမြို့တွင် ထိုင်းကုန်စည်များကို တန်ပြန်သပိတ်မှောက်ရန် ဆန္ဒထုတ်ဖော်

 1111

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၈

ကျားဖျန့်အရေးနှင့်ပတ်သက်၍ ထိုင်းဘက်မှ လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီ အဖြတ်ထားသောကြောင့် ပြည်သူများ အခက်အခဲ ရှိနေသာ မြဝတီမြို့တွင် ထိုင်းကုန်စည်များကို တန်ပြန် သပိတ်မှောက်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးသူရိန်မင်းထွန်းက NP News ကို ပြောသည်။
အဆိုပါ ဆန္ဒပြပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်း (၁၀) နာရီ အချိန်ခန့်က မြစန္ဒီပန်းခြံမှ စတင်ကာ အမှတ်(၁) တံတားထိပ်သို့လည်းကောင်း၊ ထိုမှတဆင့် အမှတ်(၂)တံတားသို့ ရောက်ရှိပြီးနောက် (၁၂)နာရီအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ကာ လူ ၃၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် ထိုင်း-မြန်မာနယ်စပ် တရားမဝင်ဂိတ်များပိတ်ပေးရန်၊ ထိုင်းကုန်စည်များ မသုံးစွဲရန် နှင့် မြဝတီမြို့ရှိ ထိုင်း_မြန်မာ နယ်စပ်ကုန်သွယ်ရေးတံတား အမှတ်(၁)နှင့် (၂)တို့ကို ပိတ်ပေးရန် စသည်တို့ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
“ထိုင်းနိုင်ငံက သူ့နိုင်ငံ၊ သူ့လူမျိုးအကျိုးစီးပွားပဲကြည့်မယ်။ ဒီဘက် ထိစပ်နေတဲ့မြန်မာဘက်အခြမ်းက မြဝတီပြည်သူတွေရဲ့အပေါ်မှာ စာနာထောက်ထားမှုမရှိတဲ့အတွက် ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံက သွားနေတဲ့ ဆန်၊ ဆီ၊ ဆား စသည်ဖြင့်ပေါ့နော်။ အဲဒါမျိုးတွေ ကျွန်တော်တို့ကုန်စည်စီးဆင်းမှုတွေကိုလည်း သူတို့ဒီလိုလုပ်ရင် ကျွန်တော်တို့လည်း ဒီလိုလုပ်ရမယ်ဆိုတဲ့ ဒါအမျိုးသားရေးစိတ်ထားနဲ့လုပ်ခြင်းဖြစ်ပါတယ်ခင်ဗျ” ဟု ၎င်းက ဆိုသည်။
ဆန္ဒထုတ်ဖော်ခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်မပေးပါက ထပ်မံ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ ဒီဆန္ဒထုတ်ဖော်ဖို့ တောင်းဆိုထားတဲ့အချက်ကို သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းတွေက ဖော်ဆောင်ပေးမယ်။ လုပ်ပေးမယ်ဆိုရင်တော့ လှည့်လည်ဆန္ဒထုတ်ဖော်ဖို့ မရှိပါဘူး။ အကယ်၍ လုပ်ဆောင်ပေးမှုမရှိဘူး။ တစ်စုံတစ်ခု ထူးခြားမှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ထပ်မံဆန္ဒထုတ်ဖော်ဖို့ အစီစဉ်ရှိပါတယ်ခင်ဗျ။ လက်ရှိအထိတော့ သက်ဆိုင်ရာဘက်ကနေ လုပ်ဆောင်ပေးမှုတွေတော့ မရှိသေးပါဘူးခင်ဗျ” ဟု ဦးသူရိန်မင်းထွန်းက ပြောသည်။

Zawgyi Version:
ထိုင္းအစိုးရ၏ လွ်ပ္စစ္မီးျဖတ္ေတာက္ျခင္းခံထားရေသာ ျမဝတီၿမိဳ႕တြင္ ထိုင္းကုန္စည္မ်ားကို တန္ျပန္သပိတ္ေမွာက္ရန္ ဆႏၵထုတ္ေဖာ္
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၈

က်ားဖ်န႔္အေရးႏွင့္ပတ္သက္၍ ထိုင္းဘက္မွ လွ်ပ္စစ္မီး၊ အင္တာနက္ႏွင့္ စက္သုံးဆီ အျဖတ္ထားေသာေၾကာင့္ ျပည္သူမ်ား အခက္အခဲ ရွိေနသာ ျမဝတီၿမိဳ႕တြင္ ထိုင္းကုန္စည္မ်ားကို တန္ျပန္ သပိတ္ေမွာက္ရန္ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း ဦးေဆာင္သူတစ္ဦးျဖစ္သူ ဦးသူရိန္မင္းထြန္းက NP News ကို ေျပာသည္။
အဆိုပါ ဆႏၵျပပြဲကို ယေန႔ (ေဖေဖာ္ဝါရီလ ၈ ရက္) နံနက္ပိုင္း (၁၀) နာရီ အခ်ိန္ခန႔္က ျမစႏၵီပန္းၿခံမွ စတင္ကာ အမွတ္(၁) တံတားထိပ္သို႔လည္းေကာင္း၊ ထိုမွတဆင့္ အမွတ္(၂)တံတားသို႔ ေရာက္ရွိၿပီးေနာက္ (၁၂)နာရီအခ်ိန္ခန႔္တြင္ ၿပီးဆုံးသြားခဲ့ကာ လူ ၃၀၀ ခန႔္ ပါဝင္ခဲ့ေၾကာင္း သိရသည္။
ဆႏၵထုတ္ေဖာ္ရာတြင္ ထိုင္း-ျမန္မာနယ္စပ္ တရားမဝင္ဂိတ္မ်ားပိတ္ေပးရန္၊ ထိုင္းကုန္စည္မ်ား မသုံးစြဲရန္ ႏွင့္ ျမဝတီၿမိဳ႕ရွိ ထိုင္း_ျမန္မာ နယ္စပ္ကုန္သြယ္ေရးတံတား အမွတ္(၁)ႏွင့္ (၂)တို႔ကို ပိတ္ေပးရန္ စသည္တို႔ ပါဝင္ခဲ့ေၾကာင္းလည္း သိရသည္။
“ထိုင္းႏိုင္ငံက သူ႔ႏိုင္ငံ၊ သူ႔လူမ်ိဳးအက်ိဳးစီးပြားပဲၾကည့္မယ္။ ဒီဘက္ ထိစပ္ေနတဲ့ျမန္မာဘက္အျခမ္းက ျမဝတီျပည္သူေတြရဲ႕အေပၚမွာ စာနာေထာက္ထားမႈမရွိတဲ့အတြက္ ကြၽန္ေတာ္တို႔ကလည္း ကြၽန္ေတာ္တို႔ႏိုင္ငံက သြားေနတဲ့ ဆန္၊ ဆီ၊ ဆား စသည္ျဖင့္ေပါ့ေနာ္။ အဲဒါမ်ိဳးေတြ ကြၽန္ေတာ္တို႔ကုန္စည္စီးဆင္းမႈေတြကိုလည္း သူတို႔ဒီလိုလုပ္ရင္ ကြၽန္ေတာ္တို႔လည္း ဒီလိုလုပ္ရမယ္ဆိုတဲ့ ဒါအမ်ိဳးသားေရးစိတ္ထားနဲ႔လုပ္ျခင္းျဖစ္ပါတယ္ခင္ဗ်” ဟု ၎က ဆိုသည္။
ဆႏၵထုတ္ေဖာ္ျခင္းကို တာဝန္ရွိသူမ်ားက ေဆာင္႐ြက္မေပးပါက ထပ္မံ ဆႏၵထုတ္ေဖာ္မည္ ျဖစ္ေၾကာင္းလည္း သိရသည္။
“ကြၽန္ေတာ္တို႔ ဒီဆႏၵထုတ္ေဖာ္ဖို႔ ေတာင္းဆိုထားတဲ့အခ်က္ကို သက္ဆိုင္ရာတာဝန္ရွိ လူႀကီးမင္းေတြက ေဖာ္ေဆာင္ေပးမယ္။ လုပ္ေပးမယ္ဆိုရင္ေတာ့ လွည့္လည္ဆႏၵထုတ္ေဖာ္ဖို႔ မရွိပါဘူး။ အကယ္၍ လုပ္ေဆာင္ေပးမႈမရွိဘူး။ တစ္စုံတစ္ခု ထူးျခားမႈမရွိဘူးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ထပ္မံဆႏၵထုတ္ေဖာ္ဖို႔ အစီစဥ္ရွိပါတယ္ခင္ဗ်။ လက္ရွိအထိေတာ့ သက္ဆိုင္ရာဘက္ကေန လုပ္ေဆာင္ေပးမႈေတြေတာ့ မရွိေသးပါဘူးခင္ဗ်” ဟု ဦးသူရိန္မင္းထြန္းက ေျပာသည္။

Related news

© 2021. All rights reserved.