ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်မိုးပျံပူပေါင်း(၆)လုံးနှင့် စစ်သင်္ဘောများ ခြေရာခံမိ

915

Pika (NP News) - ဖေဖော်ဝါရီ ၈
ထိုင်ဝမ်ကျွန်းကမ်းလွန်တွင် တရုတ်၏မိုးပျံပူဖောင်း(၆)လုံးကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ လ(၇)ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးအရဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ(၇)ရက် နံနက်(၆)နာရီအချိန်အထိ ပြီးခဲ့သည့်(၂၄)နာရီအတွင်း တရုတ်၏မိုးပျံပူဖောင်း (၆)လုံးကို ခြေရာခံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါမိုးပျံပူဖောင်းများနှင့်အတူ တရုတ်စစ်လေယာဉ်(၉)စင်း၊ စစ်သင်္ဘော(၉)စင်းနှင့် အခြား သင်္ဘောနှစ်စင်းတို့ကိုလည်း ထိုင်ဝမ်ကျွန်းအနီးတွင် ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန် ကြီးဌာနက ပြောကြားခဲ့သည်။ တရုတ်၏မိုးပျံပူဖောင်းများကို အမြင့်ပေ(၁၆၀ဝဝ)မှ ပေ(၂၀ဝဝဝ)ကြားတွင် ခြေရာခံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိုးပျံပူဖောင်းတစ်လုံးမှာ ထိုင်ဝမ်ကျွန်းအပေါ်မှဖြတ်ကာ ပျံသန်းသွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရန်အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်အစိုးရသည် ထိုင်ဝမ် ကျွန်းအနီးတစ်ဝိုက်တွင် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့ပြီး နိုင်ငံရေးနှင့်စစ်ရေးအရ ဖိအားပေးမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Zawgyi Version:
ထိုင္ဝမ္ကြၽန္းအနီးတြင္ တ႐ုတ္မိုးပ်ံပူေပါင္း(၆)လုံးႏွင့္ စစ္သေဘၤာမ်ား ေျခရာခံမိ
Pika (NP News) - ေဖေဖာ္ဝါရီ ၈
ထိုင္ဝမ္ကြၽန္းကမ္းလြန္တြင္ တ႐ုတ္၏မိုးပ်ံပူေဖာင္း(၆)လုံးကို ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ လ(၇)ရက္တြင္ ထုတ္ျပန္ခဲ့သည္။
တ႐ုတ္အစိုးရက ထိုင္ဝမ္ကြၽန္းအေပၚ စစ္ေရးအရဖိအားေပးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနမႈႏွင့္အတူ အဆိုပါအစီရင္ခံစာ ထြက္ေပၚလာျခင္းျဖစ္သည္။ ေဖေဖာ္ဝါရီလ(၇)ရက္ နံနက္(၆)နာရီအခ်ိန္အထိ ၿပီးခဲ့သည့္(၂၄)နာရီအတြင္း တ႐ုတ္၏မိုးပ်ံပူေဖာင္း (၆)လုံးကို ေျခရာခံေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာခဲ့သည္။
အဆိုပါမိုးပ်ံပူေဖာင္းမ်ားႏွင့္အတူ တ႐ုတ္စစ္ေလယာဥ္(၉)စင္း၊ စစ္သေဘၤာ(၉)စင္းႏွင့္ အျခား သေဘၤာႏွစ္စင္းတို႔ကိုလည္း ထိုင္ဝမ္ကြၽန္းအနီးတြင္ ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ ႀကီးဌာနက ေျပာၾကားခဲ့သည္။ တ႐ုတ္၏မိုးပ်ံပူေဖာင္းမ်ားကို အျမင့္ေပ(၁၆၀ဝဝ)မွ ေပ(၂၀ဝဝဝ)ၾကားတြင္ ေျခရာခံေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး မိုးပ်ံပူေဖာင္းတစ္လုံးမွာ ထိုင္ဝမ္ကြၽန္းအေပၚမွျဖတ္ကာ ပ်ံသန္းသြားခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာအရ သိရသည္။
တ႐ုတ္အစိုးရသည္ ထိုင္ဝမ္ကြၽန္းကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းရန္အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ၿပီးခဲ့သည့္ႏွစ္က ေျပာဆိုခဲ့ဖူးသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း တ႐ုတ္အစိုးရသည္ ထိုင္ဝမ္ ကြၽန္းအနီးတစ္ဝိုက္တြင္ တိုက္ေလယာဥ္မ်ားႏွင့္ စစ္သေဘၤာမ်ားကို ျဖန႔္ၾကက္ခ်ထားခဲ့ၿပီး ႏိုင္ငံေရးႏွင့္စစ္ေရးအရ ဖိအားေပးမႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။