အွန်လိုင်းလောင်းကစား နှင့် တယ်လီကွန်းလိမ်လည်မှုများ တိုက်ဖျက်ရေး မြန်မာ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း တရုတ်ပြော

526

သုတကျော် (NP News) - ဖေဖော်ဝါရီလ ၈
အွန်လိုင်းလောင်းကစား နှင့် တယ်လီကွန်း လိမ်လည်မှုများ တိုက်ဖျက်ရေး မြန်မာ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Lin Jian က ဖေဖော်ဝါရီလ ၇ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မှ အွန်လိုင်း လိမ်လည်သော ကုမ္ပဏီများ ကိစ္စနှင့်ပတ်သက်၍ မေးမြန်းသည့် အပေါ် ပြောရေးဆိုခွင့်ရှိသူက အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ သမ္မတ Xi Jinping၊ ဝန်ကြီးချုပ် Li Qiang နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဌ Zhao Leji တို့သည် ဖေဖော်ဝါရီလ ၆ ရက်က တရုတ်နိုင်ငံသို့ လာရောက်သော ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ဆွေးနွေးခဲ့သည့်ခေါင်းစဉ်များထဲမှ တစ်ခုမှာ အွန်လိုင်းလောင်းကစား နှင့် တယ်လီကွန်း လိမ်လည်မှု ကို တိုက်ဖျက်ရန်ဖြစ်ပြီး နှစ်ဖက် အမြင်ချင်းဖလှယ်ခဲ့ကာ အရေးကြီးသော ဘုံသဘောတူညီမှုကိုလည်း ရခဲ့ကြောင်း ၎င်းက ဆိုသည်။
မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အွန်လိုင်းလောင်းကစား၊ တယ်လီကွန်း လိမ်လည်မှုနှင့် အခြားသော ဆိုးရွားသောကိစ္စရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းသည် တရုတ်နှင့် ထိုင်း အပါအဝင် သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ခဲ့ပြီး ဒေသတွင်းနိုင်ငံများအကြား ပုံမှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အနှောက်အယှက်ဖြစ်ခဲ့ကြောင်း Lin Jian က ဆိုသည်။
အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်း လိမ်လည်မှုကို တိုက်ဖျက်ခြင်းသည် ဒေသတွင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန် မဖြစ်မနေ ရွေးချယ်မှုတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူများအားလုံးလိုလားသောအရာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံသည် ထိုင်း၊ မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကိုတက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး မူဝါဒများကို ကျင့်သုံးကာ အထက်ပါ ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ဥပဒေချိုးဖောက်သူများ ၊ နယ်စပ်ဖြတ်ကျော်၍ ရာဇ၀တ်မှုများ ကျူးလွန်ခြင်းကို ကာကွယ်ခြင်း၊ အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်း လိမ်လည်မှု ဘေးဆိုးကို အဆုံးသတ်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ပြောသည်။
Zawgyi Version:
အြန္လိုင္းေလာင္းကစား ႏွင့္ တယ္လီကြန္းလိမ္လည္မႈမ်ား တိုက္ဖ်က္ေရး ျမန္မာ၊ ထိုင္းႏိုင္ငံတို႔ႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း တ႐ုတ္ေျပာ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီလ ၈
အြန္လိုင္းေလာင္းကစား ႏွင့္ တယ္လီကြန္း လိမ္လည္မႈမ်ား တိုက္ဖ်က္ေရး ျမန္မာ၊ ထိုင္းႏိုင္ငံတို႔ႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ Lin Jian က ေဖေဖာ္ဝါရီလ ၇ ရက္ကျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။
ထိုင္း-ျမန္မာနယ္စပ္မွ အြန္လိုင္း လိမ္လည္ေသာ ကုမၸဏီမ်ား ကိစၥႏွင့္ပတ္သက္၍ ေမးျမန္းသည့္ အေပၚ ေျပာေရးဆိုခြင့္ရွိသူက အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံ၏ သမၼတ Xi Jinping၊ ဝန္ႀကီးခ်ဳပ္ Li Qiang ႏွင့္ အမ်ိဳးသားျပည္သူ႔ကြန္ဂရက္ အၿမဲတမ္းေကာ္မတီဥကၠဌ Zhao Leji တို႔သည္ ေဖေဖာ္ဝါရီလ ၆ ရက္က တ႐ုတ္ႏိုင္ငံသို႔ လာေရာက္ေသာ ထိုင္းဝန္ႀကီးခ်ဳပ္ Paetongtarn Shinawatra နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း ၎က ဆိုသည္။
ေဆြးေႏြးခဲ့သည့္ေခါင္းစဥ္မ်ားထဲမွ တစ္ခုမွာ အြန္လိုင္းေလာင္းကစား ႏွင့္ တယ္လီကြန္း လိမ္လည္မႈ ကို တိုက္ဖ်က္ရန္ျဖစ္ၿပီး ႏွစ္ဖက္ အျမင္ခ်င္းဖလွယ္ခဲ့ကာ အေရးႀကီးေသာ ဘုံသေဘာတူညီမႈကိုလည္း ရခဲ့ေၾကာင္း ၎က ဆိုသည္။
မၾကာေသးမီက ထိုင္း-ျမန္မာနယ္စပ္တစ္ေလွ်ာက္ အြန္လိုင္းေလာင္းကစား၊ တယ္လီကြန္း လိမ္လည္မႈႏွင့္ အျခားေသာ ဆိုး႐ြားေသာကိစၥရပ္မ်ား ဆက္တိုက္ျဖစ္ပြားခဲ့ျခင္းသည္ တ႐ုတ္ႏွင့္ ထိုင္း အပါအဝင္ သက္ဆိုင္ရာႏိုင္ငံမ်ားမွ ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ကို ၿခိမ္းေျခာက္ခဲ့ၿပီး ေဒသတြင္းႏိုင္ငံမ်ားအၾကား ပုံမွန္ဖလွယ္မႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို အေႏွာက္အယွက္ျဖစ္ခဲ့ေၾကာင္း Lin Jian က ဆိုသည္။
အြန္လိုင္းေလာင္းကစားႏွင့္ တယ္လီကြန္း လိမ္လည္မႈကို တိုက္ဖ်က္ျခင္းသည္ ေဒသတြင္းႏိုင္ငံမ်ား၏ ဘုံအက်ိဳးစီးပြားကို ကာကြယ္ရန္ မျဖစ္မေန ေ႐ြးခ်ယ္မႈတစ္ခုျဖစ္ၿပီး ကမာၻတစ္ဝွမ္းရွိ လူမ်ားအားလုံးလိုလားေသာအရာျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။
တ႐ုတ္ႏိုင္ငံသည္ ထိုင္း၊ ျမန္မာႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္အတူ ဘက္ေပါင္းစုံ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုတက္ႂကြစြာ ေဆာင္႐ြက္လ်က္ရွိၿပီး မူဝါဒမ်ားကို က်င့္သုံးကာ အထက္ပါ ျပႆနာကို ကိုင္တြယ္ေျဖရွင္းျခင္း၊ ဥပေဒခ်ိဳးေဖာက္သူမ်ား ၊ နယ္စပ္ျဖတ္ေက်ာ္၍ ရာဇ၀တ္မႈမ်ား က်ဴးလြန္ျခင္းကို ကာကြယ္ျခင္း၊ အြန္လိုင္းေလာင္းကစားႏွင့္ တယ္လီကြန္း လိမ္လည္မႈ ေဘးဆိုးကို အဆုံးသတ္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္းလည္း ေျပာသည္။