ကတူးတိုင်းရင်းသား ကျောင်းဆရာမ (၅)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို PDF ဖမ်းဆီးသောကြောင့် မိသားစုဝင်များ စိုးရိမ်နေ

 10123

သုတကျော် (NP News) - ဇန်နဝါရီ ၉

ကတူးတိုင်းရင်းသား ကျောင်းဆရာမ (၅) ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို PDF ဖမ်းဆီးသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း ကတူးလူငယ်များအဖွဲ့ချုပ်က ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၇ ရက်၊ သောကြာနေ့ ည ၇ နာရီအချိန်တွင် ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာရှိ ကတူးလူမျိုးကျောင်းဆရာမ (၅)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို PDF အဖွဲ့တစ်ခုက စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များသည်လည်း စိုးရိမ်ပူပန်၍ များစွာ စိတ်သောကရောက်နေကြရသည်ဟု စာတွင်ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများသည် နိုင်ငံရေးဖြစ်စဉ် မတိုင်မီကပင် ကတူးလူမျိုးတိုးတက်ရေးအတွက် စာပေ၊ ယဉ်ကျေးမှုအစရှိသော အမျိုးသားရေးကိစ္စရပ်များတွင် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများဖြစ်သည့်အပြင် ကျေးရွာရှိ ကလေးလူငယ်တို့၏ ပညာရေးတွင်လည်း တစ်နည်းနည်းဖြင့် ကျေးဇူးပြုခဲ့ဖူးကြသူများဖြစ်သည်ဟု ရေးသားထားသည်။

ထို့ကြောင့် ဖမ်းဆီးခံရသူတို့၏ ယခင်က ဆောင်ရွက်ခဲ့ဖူးသော လူမှုအကျိုးပြုလုပ်ငန်းများကို ငဲ့ညှာထောက်ထား၍လည်းကောင်း၊ ကတူးလူမျိုးတို့၏ ဖြစ်တည်မှုကို အပြန်အလှန် လေးစားသည့် အနေဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားသည့်အနေဖြင့်လည်းကောင်း အဖမ်းဆီးခံ ကတူးလူမျိုးများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ကတူးလူငယ်များအဖွဲ့ချုပ်က မေတ္တာရပ်ခံထားသည်။

zawgyi version
ကတူးတိုင္းရင္းသား ေက်ာင္းဆရာမ (၅)ဦးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတို႔ကို PDF ဖမ္းဆီးေသာေၾကာင့္ မိသားစုဝင္မ်ား စိုးရိမ္ေန
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၉

ကတူးတိုင္းရင္းသား ေက်ာင္းဆရာမ (၅) ဦးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတို႔ကို PDF ဖမ္းဆီးေသာေၾကာင့္ မိသားစုဝင္မ်ား စိုးရိမ္ေနေၾကာင္း ကတူးလူငယ္မ်ားအဖြဲ႕ခ်ဳပ္က ယေန႔ (ေဖေဖာ္ဝါရီ ၉ ရက္) တြင္ ထုတ္ျပန္ထားသည္။

ေဖေဖာ္ဝါရီလ ၇ ရက္၊ ေသာၾကာေန႔ ည ၇ နာရီအခ်ိန္တြင္ ဗန္းေမာက္ၿမိဳ႕နယ္၊ စက္ေတာေက်း႐ြာရွိ ကတူးလူမ်ိဳးေက်ာင္းဆရာမ (၅)ဦးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတို႔ကို PDF အဖြဲ႕တစ္ခုက စစ္ေဆးေမးျမန္းစရာရွိသည္ဟုဆိုကာ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ဖမ္းဆီးခံရသူမ်ား၏ မိသားစုဝင္မ်ားသည္လည္း စိုးရိမ္ပူပန္၍ မ်ားစြာ စိတ္ေသာကေရာက္ေနၾကရသည္ဟု စာတြင္ေဖာ္ျပထားသည္။

ဖမ္းဆီးခံရသူမ်ားသည္ ႏိုင္ငံေရးျဖစ္စဥ္ မတိုင္မီကပင္ ကတူးလူမ်ိဳးတိုးတက္ေရးအတြက္ စာေပ၊ ယဥ္ေက်းမႈအစရွိေသာ အမ်ိဳးသားေရးကိစၥရပ္မ်ားတြင္ တစ္ေထာင့္တစ္ေနရာမွ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကသူမ်ားျဖစ္သည့္အျပင္ ေက်း႐ြာရွိ ကေလးလူငယ္တို႔၏ ပညာေရးတြင္လည္း တစ္နည္းနည္းျဖင့္ ေက်းဇူးျပဳခဲ့ဖူးၾကသူမ်ားျဖစ္သည္ဟု ေရးသားထားသည္။

ထို႔ေၾကာင့္ ဖမ္းဆီးခံရသူတို႔၏ ယခင္က ေဆာင္႐ြက္ခဲ့ဖူးေသာ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားကို ငဲ့ညႇာေထာက္ထား၍လည္းေကာင္း၊ ကတူးလူမ်ိဳးတို႔၏ ျဖစ္တည္မႈကို အျပန္အလွန္ ေလးစားသည့္ အေနျဖင့္လည္းေကာင္း၊ လူသားခ်င္းစာနာေထာက္ထားသည့္အေနျဖင့္လည္းေကာင္း အဖမ္းဆီးခံ ကတူးလူမ်ိဳးမ်ားကို အျမန္ဆုံး ျပန္လႊတ္ေပးရန္ ကတူးလူငယ္မ်ားအဖြဲ႕ခ်ဳပ္က ေမတၱာရပ္ခံထားသည္။

Related news

© 2021. All rights reserved.