ငွေကျပ် (၇ ဒသမ ၃)ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ပြားများနှင့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိသော်လည်း ဝမ်ဟိုင်းနေ ခေါင်းဆောင်အား ဖမ်းမမိသေး

832

စော(NP News)-ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် (၇ ဒသမ ၃)ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ပြားများနှင့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိသော်လည်း ဝမ်ဟိုင်းနေ ခေါင်းဆောင်အား ဖမ်းမမိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့မှ တပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ရက်၊ ညနေ (၅)နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (၅၃)လမ်း၊ ၁၄၂ x ၁၄၃လမ်းကြားတွင် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မည်ဟု သတင်းအရ စောင့်ဆိုင်းနေခဲ့စဉ် ရောက်ရှိလာသူ ဇော်မင်းနိုင်နှင့် ဇင်ကိုကိုလွင်တို့ (၂)ဦးကို Light Truckယာဥ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ (၁၁)ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများ အရောင်းအဝယ်ပြုလုပ်ရာတွင် (၁၀)ရာခိုင်နှုန်း အကျိုးဆောင်ခဖြင့် ပွဲစားပြုလုပ်ပေးသူ မကျော့ကေခိုင် (ခ)နန်းမွေလျန်းအား ပြည်ကြီးတံခွန်မြို့နယ်၊ (၇၈)လမ်းနှင့် (၁၁၅)လမ်းထောင့်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပူးပေါင်းပါဝင်သူများဖြစ်သည့် အိုက်စိုင်းကို ၇၂(A)လမ်း ၁၁၇ x၁၁၈လမ်းကြားတွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားနှင့်လည်းကောင်း၊ ခွန်မြတ် (ခ)နောနော်နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေးတို့ကို ၁၅၁လမ်း၊ ၇၁(A)လမ်းထောင့်တွင် PRADOမော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ ဘိန်းဖြူများရောင်းချခိုင်းသူ စိုင်းအိုက်ယုံကို ၁၁၂(B)၊ ၅၀ x၅၁လမ်းကြားရှိ နေအိမ်၌ ဘိန်းဆီခဲ ၂၅ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ၆၁လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား (၄၆ဒသမ ၉၄)သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ အိုက်ပေါင်း၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁လမ်း၊ ၁၂၄ x၁၂၅ လမ်ကြားရှိ ဂိုဒေါင်ကို ငှားရမ်း၍ ကိုအောင်ကို မူးယစ်ဆေးဝါးများ ထိန်းသိမ်းထားစေကြောင်း သိရသည်။
ထို့ပြင် စိုင်းမွန် (ခ)စိုင်းမွန်လောဝ်နှင့် စိုင်းအိုက်ယုံတို့မှ မကျော့ကေခိုင်(ခ)နန်းမွေလျန်းအား ပွဲစားခ (၁၀)ရာခိုင်နှုန်းပေး၍ မူးယစ်ဆေးဝါးများ အရောင်အဝယ်ပြုလုပ်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။
အိုက်စိုင်း၊ ခွန်မြတ်(ခ)နောနော်နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေးတို့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းရငွေများအား အဆင့်ဆင့် လွှဲပြောင်းလက်ခံယူသူများဖြစ်ပြီး သိရှိရပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနှင့် ဘိန်းဆီခဲ ၂၅ ဂရမ်တို့ကို မူးယစ်ဆေးဝါးအရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ဥပဒေအရ အရေးယူထားရှိပြီး မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဝမ်ဟိုင်းနေ အိုက်ပေါင်းနှင့် ဆက်စပ်ကျူးလွန်များကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။a

Zawgyi Version:
ေငြက်ပ္ (၇ ဒသမ ၃)ဘီလ်ံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ျပားမ်ားႏွင့္ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕ကို ဖမ္းဆီးရမိေသာ္လည္း ဝမ္ဟိုင္းေန ေခါင္းေဆာင္အား ဖမ္းမမိေသး
ေစာ(NP News)-ေဖေဖာ္ဝါရီ ၉
မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၇ ဒသမ ၃)ဘီလ်ံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ျပားမ်ားႏွင့္ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕ကို ဖမ္းဆီးရမိေသာ္လည္း ဝမ္ဟိုင္းေန ေခါင္းေဆာင္အား ဖမ္းမမိေသးေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲ႕တပ္ဖြဲ႕မွ တပ္ဖြဲ႕မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေဖေဖာ္ဝါရီလ ၁ရက္၊ ညေန (၅)နာရီခြဲအခ်ိန္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၅၃)လမ္း၊ ၁၄၂ x ၁၄၃လမ္းၾကားတြင္ မူးယစ္ေဆးဝါးအေရာင္းအဝယ္ျပဳလုပ္မည္ဟု သတင္းအရ ေစာင့္ဆိုင္းေနခဲ့စဥ္ ေရာက္ရွိလာသူ ေဇာ္မင္းႏိုင္ႏွင့္ ဇင္ကိုကိုလြင္တို႔ (၂)ဦးကို Light Truckယာဥ္တစ္စီး၊ ေမာ္ေတာ္ဆိုင္ကယ္တစ္စီး၊ ဘိန္းျဖဴ (၁၁)ကီလိုႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဘိန္းျဖဴမ်ား အေရာင္းအဝယ္ျပဳလုပ္ရာတြင္ (၁၀)ရာခိုင္ႏႈန္း အက်ိဳးေဆာင္ချဖင့္ ပြဲစားျပဳလုပ္ေပးသူ မေက်ာ့ေကခိုင္ (ခ)နန္းေမြလ်န္းအား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၇၈)လမ္းႏွင့္ (၁၁၅)လမ္းေထာင့္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ပူးေပါင္းပါဝင္သူမ်ားျဖစ္သည့္ အိုက္စိုင္းကို ၇၂(A)လမ္း ၁၁၇ x၁၁၈လမ္းၾကားတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၀၀)ျပားႏွင့္လည္းေကာင္း၊ ခြန္ျမတ္ (ခ)ေနာေနာ္ႏွင့္ စိုင္းသိန္းျမတ္(ခ)စိုင္းေလးတို႔ကို ၁၅၁လမ္း၊ ၇၁(A)လမ္းေထာင့္တြင္ PRADOေမာ္ေတာ္ယာဥ္တစ္စီးႏွင့္လည္းေကာင္း အသီးသီးဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ား၏ ေဖာ္ထုတ္ခ်က္အရ ဘိန္းျဖဴမ်ားေရာင္းခ်ခိုင္းသူ စိုင္းအိုက္ယုံကို ၁၁၂(B)၊ ၅၀ x၅၁လမ္းၾကားရွိ ေနအိမ္၌ ဘိန္းဆီခဲ ၂၅ဂရမ္ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ၿပီး ၎၏ေဖာ္ထုတ္ခ်က္အရ ၆၁လမ္း၊ ၁၂၄ x ၁၂၅ လမ္းၾကားရွိ ဂိုေဒါင္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၆ဒသမ ၉၄)သိန္း ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေက်းသီးၿမိဳ႕နယ္၊ ဝမ္ဟိုင္းေန အိုက္ေပါင္း၏ အစီအမံျဖင့္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၁လမ္း၊ ၁၂၄ x၁၂၅ လမ္ၾကားရွိ ဂိုေဒါင္ကို ငွားရမ္း၍ ကိုေအာင္ကို မူးယစ္ေဆးဝါးမ်ား ထိန္းသိမ္းထားေစေၾကာင္း သိရသည္။
ထို႔ျပင္ စိုင္းမြန္ (ခ)စိုင္းမြန္ေလာဝ္ႏွင့္ စိုင္းအိုက္ယုံတို႔မွ မေက်ာ့ေကခိုင္(ခ)နန္းေမြလ်န္းအား ပြဲစားခ (၁၀)ရာခိုင္ႏႈန္းေပး၍ မူးယစ္ေဆးဝါးမ်ား အေရာင္အဝယ္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိရသည္။
အိုက္စိုင္း၊ ခြန္ျမတ္(ခ)ေနာေနာ္ႏွင့္ စိုင္းသိန္းျမတ္(ခ)စိုင္းေလးတို႔သည္ မူးယစ္ေဆးဝါးမ်ား သယ္ယူပို႔ေဆာင္ျခင္းႏွင့္ ေရာင္းရေငြမ်ားအား အဆင့္ဆင့္ လႊဲေျပာင္းလက္ခံယူသူမ်ားျဖစ္ၿပီး သိရွိရၿပီး စုစုေပါင္းေဒသကာလတန္ဖိုးေငြက်ပ္ ၇ ဒသမ ၃ ဘီလီယံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴ ၁၁ ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၆ ဒသမ ၉၄၂ သိန္းႏွင့္ ဘိန္းဆီခဲ ၂၅ ဂရမ္တို႔ကို မူးယစ္ေဆးဝါးအေရာင္းအဝယ္ ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ေမာ္ေတာ္ယာဥ္ ၃ စီး၊ ဆိုင္ကယ္ ၁ စီးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕ဝင္မ်ားအား ဥပေဒအရ အေရးယူထားရွိၿပီး မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သူ ဝမ္ဟိုင္းေန အိုက္ေပါင္းႏွင့္ ဆက္စပ္က်ဴးလြန္မ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။a