ကန်ဒေါ်လာကို အစားထိုးနိုင်မည့်ငွေကြေးမရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ပြော
![](/img/icon_eye.svg)
395
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a8405a2e850310454a3033/banner-67a8405a2e850310454a3033-x800.jpg)
Pika (NP News) - ဖေဖော်ဝါရီ ၉
BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြိုးစားမှုများလုပ်ဆောင်ခဲ့မည်ဆိုလျှင်ပင် အမေရိကန်ဒေါ်လာအတွက် အစားထိုးစရာငွေကြေးတစ်ခုကို ရှာဖွေနိုင်လိမ့်မည်မဟုတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်စ်စန့်က ပြောကြားခဲ့သည်။
ရုရှား၊ တရုတ် နှင့် အိန္ဒိယတို့ အပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ နိုင်ငံသုံး ငွေကြေးများဖြင့် အပြန်အလှန် ကုန်သွယ်မှုအခြေချ နေထိုင်မှုများကို တိုးမြှင့်နေမှုနှင့်အတူ စကော့ ဘတ်စ်စန့်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်း ဖြစ်သည်။ BRICS အဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့ သည့်နှစ်များအတွင်း အပြန်အလှန်ကုန်သွယ်မှုများတွင် အနောက်အုပ်စုငွေကြေးများအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
(၂၀၂၂)ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ရုရှား၏အရန် ငွေကြေး များကို အနောက်အုပ်စုနိုင်ငံများက သိမ်းဆည်းမှုများလုပ်ဆောင်ခဲ့ပြီးနောက် BRICS အဖွဲ့ဝင်နိုင်ငံများ ကြား တွင် အနောက်အုပ်စုငွေကြေးများ အပေါ် မှီခိုအားထားမှုကိုလျှော့ချရန် ကြိုးပမ်းမှုများ ထွက်ပေါ် လာခြင်းဖြစ်သည်။ စကော့ဘတ်စ်စန့်သည် Fox Business သတင်းဌာနနှင့်တွေ့ဆုံမေးမြန်း ခန်းတစ်ခု အတွင်း အမေရိကန်ဒေါ်လာကို မည်သည့်ငွေကြေးကမှ အစားထိုးနိုင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
စကော့ဘတ်စ်စန့်က “ကျွန်တော်ငွေကြေး ဈေးကွက်အကြောင်းကို နှစ်ပေါင်း(၃၀)၊ (၃၅)နှစ်လောက် နားလည်ခဲ့ပြီးပါပြီ။ ကျွန်တော်ပြောနိုင်တာကတော့ အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မယ့် ငွေကြေးမရှိဘူးဆိုတာပါပဲ။ BRICS အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကြိုးစားမှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် တောင် အမေရိကန်ဒေါ်လာအတွက် အစားထိုးမယ့်ငွေကြေးတစ်ခုကို ရှာဖွေနိုင်လိမ့်မှာ မဟုတ်ပါဘူး” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
zawgyi version
ကန္ေဒၚလာကို အစားထိုးႏိုင္မည့္ေငြေၾကးမရွိေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၉
BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ႀကိဳးစားမႈမ်ားလုပ္ေဆာင္ခဲ့မည္ဆိုလွ်င္ပင္ အေမရိကန္ေဒၚလာအတြက္ အစားထိုးစရာေငြေၾကးတစ္ခုကို ရွာေဖြႏိုင္လိမ့္မည္မဟုတ္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ဘတ္စ္စန႔္က ေျပာၾကားခဲ့သည္။
႐ုရွား၊ တ႐ုတ္ ႏွင့္ အိႏၵိယတို႔ အပါအဝင္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ၎တို႔၏ ႏိုင္ငံသုံး ေငြေၾကးမ်ားျဖင့္ အျပန္အလွန္ ကုန္သြယ္မႈအေျခခ် ေနထိုင္မႈမ်ားကို တိုးျမႇင့္ေနမႈႏွင့္အတူ စေကာ့ ဘတ္စ္စန႔္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္း ျဖစ္သည္။ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ၿပီးခဲ့ သည့္ႏွစ္မ်ားအတြင္း အျပန္အလွန္ကုန္သြယ္မႈမ်ားတြင္ အေနာက္အုပ္စုေငြေၾကးမ်ားအေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္ ႀကိဳးပမ္းမႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။
(၂၀၂၂)ခုႏွစ္တြင္ စတင္ျဖစ္ပြားခဲ့ေသာ ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး ႐ုရွား၏အရန္ ေငြေၾကး မ်ားကို အေနာက္အုပ္စုႏိုင္ငံမ်ားက သိမ္းဆည္းမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား ၾကား တြင္ အေနာက္အုပ္စုေငြေၾကးမ်ား အေပၚ မွီခိုအားထားမႈကိုေလွ်ာ့ခ်ရန္ ႀကိဳးပမ္းမႈမ်ား ထြက္ေပၚ လာျခင္းျဖစ္သည္။ စေကာ့ဘတ္စ္စန႔္သည္ Fox Business သတင္းဌာနႏွင့္ေတြ႕ဆုံေမးျမန္း ခန္းတစ္ခု အတြင္း အေမရိကန္ေဒၚလာကို မည္သည့္ေငြေၾကးကမွ အစားထိုးႏိုင္မည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
စေကာ့ဘတ္စ္စန႔္က “ကြၽန္ေတာ္ေငြေၾကး ေဈးကြက္အေၾကာင္းကို ႏွစ္ေပါင္း(၃၀)၊ (၃၅)ႏွစ္ေလာက္ နားလည္ခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ အေမရိကန္ေဒၚလာကို အစားထိုးႏိုင္မယ့္ ေငြေၾကးမရွိဘူးဆိုတာပါပဲ။ BRICS အဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ ႀကိဳးစားမႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ေတာင္ အေမရိကန္ေဒၚလာအတြက္ အစားထိုးမယ့္ေငြေၾကးတစ္ခုကို ရွာေဖြႏိုင္လိမ့္မွာ မဟုတ္ပါဘူး” ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။