ကျားဖျန့်နာမည်ကြီး ရွှေကုက္ကို မြို့သစ်ပဲ့ကိုင်ရှင် ရှီကျိကျန်းကို တရုတ်ထံလွှဲပေးမည်ဟု ထိုင်း အတည်ပြု

 3896

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉

ထိုင်းနှင့်မြန်မာနယ်စပ် ဒေသမြို့ဖြစ်သော မြဝတီမြို့အခြေစိုက် အွန်လိုင်းမှ တစ်ဆင့်လိမ်လည် နေသောဂိုဏ်းများကို ဖြိုခွင်းမှုအစိတ်အပိုင်းအဖြစ် အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသော ဂိုဏ်းများ အဓိကအခြေပြုသော ရွှေကုက္ကိုမြို့စီမံကိန်းကိုတည် ဆောက်ခဲ့သည့် Yatai International Holding Group (Yatai IHG) ကုမ္ပဏီပိုင်ရှင်ဖြစ်သူ She Zhijiang (ရှီကျိကျန်း) ကို တရုတ်နိုင်ငံသို့ ပြန်ပို့ သွား မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောသည်။ အဆိုပါ တရုတ်နိုင်ငံသားသည် မြဝတီမြို့အနီးရှိ ရွှေကုက္ကို မြို့သစ်စီမံကိန်းကို အမေရိကန်ဒေါ်လာ (၁၅)ဘီလျံအကုန်ကျခံကာ တည်ဆောက်ခဲ့ပြီး (Yatai IHG) ပိုင်ရှင်ဖြစ်သူသည် လက်ရှိအချိန်တွင် ဘန်ကောက်မြို့အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း သိရသည်။ ရွှေကုက္ကိုမြို့သည် တရားမဝင်အွန်လိုင်းလိမ်လည်မှုများ၊ ငွေကြေးခဝါချမှုများ၊ လူကုန်ကူးမှု များနှင့် အခြားရာဇဝတ်မှုများအဓိကထား အခြေပြုသောမြို့ဖြစ်နေကြောင်း သိရသည်။ (Yatai IHG) သည် ရွှေကုက္ကိုမြို့အထူးစီးပွားရေးဇုန်ကို (၂၀၁၈)ခု နှစ်တွင် အမေရိကန်ဒေါ်လာ (၁၅) ဘီ လျံ အကုန်ကျခံပြီးတည်ဆောက်ခဲ့ကြောင်း သိရသည်။

ရှီကျိကျန်းသည် ရွှေကုက္ကိုမြို့တွင် အခြေစိုက်ထားသည့် အွန်လိုင်းမှလိမ်လည်နေသော ဂိုဏ်းများ၏နောက်ကွယ်မှ လက်မည်းကြီးတစ်ဦးအဖြစ်လည်း ဝေဖန်ပြစ်တင်ခံထားရသည်။ ၎င်းကို (၁၉၈၂)ခုနှစ်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှာဒေါင်မြို့တွင် မွေး ဖွားခဲ့ပြီး လောင်းကစား စီးပွားရေးလုပ်ငန်းကိုတည်ထောင်ရန် အသက် (၂၀)အရွယ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

တရုတ်တရားရုံးက (၂၀၁၄)ခုနှစ်တွင် ရှီကျိကျန်းကို ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို တရားမဝင်လုပ်ကိုင်နေသူ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ရှီကျိကျန်း သည် တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားကာ လိမ်လည်မှုများ လုပ်ဆောင်ခဲ့ရာ အမေရိကန်ဒေါ်လာ (၂၉၈) သန်းအကျိုးအမြတ်ရရှိခဲ့ပြီး တရုတ်အစိုးရက ဖမ်းဆီးရန်အလိုရှိသော တရားခံအဖြစ်သတ်မှတ်ခံ ခဲ့ရကြောင်း သိရသည်။ ၎င်းသည် (၂၀၁၅) ခုနှစ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အွန်လိုင်းမှတစ် ဆင့်လိမ်လည်နေသော ဂိုဏ်းများ၊ လောင်းကစားလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ရှီကျိကျန်းသည် (၂၀၁၇)ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် အသိမှတ်ပြုခံခဲ့ရပြီး နာမည်ကို လည်း She Krieng Khai ဟုအမည် ပြောင်းလဲခဲ့ပြီး ( Yatai IHG ) ကုမ္မဏီကို ဟောင်ကောင်တွင်မှတ်ပုံ တင်ခဲ့ကာ ရုံးချုပ်ကို ဘန်ကောက်မြို့တွင် အခြေစိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကုမ္ပဏီသည် ဗိုလ်မှူး ကြီး စောချစ်သူဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့ထိန်းချုပ်ထားသော မြဝတီမြို့နားတွင် ရွှေကုက္ကိုစီမံကိန်းကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် (၂၀၁၉)ခုနှစ်တွင် အွန်လိုင်းလိမ်လည်မှုများ၊ ကာစီနိုများကို အရှိန်မြှင့်ဖြိုခွင်းခဲ့ရာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့ လုပ်ငန်း များကို မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။ ၎င်းသည် ရွှေကုက္ကိုမြို့နှင့် နယ်စပ်ချင်းထိစပ်နေ သော ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဩဇာလွှမ်းမိုးသူများနှင့် ဆက်နွှယ်မှုရှိခဲ့ကြောင်း သိရသည်။

zawgyi version
က်ားဖ်န႔္နာမည္ႀကီး ေ႐ႊကုကၠိဳ ၿမိဳ႕သစ္ပဲ့ကိုင္ရွင္ ရွီက်ိက်န္းကို တ႐ုတ္ထံလႊဲေပးမည္ဟု ထိုင္း အတည္ျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၉

ထိုင္းႏွင့္ျမန္မာနယ္စပ္ ေဒသၿမိဳ႕ျဖစ္ေသာ ျမဝတီၿမိဳ႕အေျခစိုက္ အြန္လိုင္းမွ တစ္ဆင့္လိမ္လည္ ေနေသာဂိုဏ္းမ်ားကို ၿဖိဳခြင္းမႈအစိတ္အပိုင္းအျဖစ္ အြန္လိုင္းမွတစ္ဆင့္လိမ္လည္ေနေသာ ဂိုဏ္းမ်ား အဓိကအေျချပဳေသာ ေ႐ႊကုကၠိဳၿမိဳ႕စီမံကိန္းကိုတည္ ေဆာက္ခဲ့သည့္ Yatai International Holding Group (Yatai IHG) ကုမၸဏီပိုင္ရွင္ျဖစ္သူ She Zhijiang (ရွီက်ိက်န္း) ကို တ႐ုတ္ႏိုင္ငံသို႔ ျပန္ပို႔ သြား မည္ျဖစ္ေၾကာင္း ထိုင္းအစိုးရက ေျပာသည္။ အဆိုပါ တ႐ုတ္ႏိုင္ငံသားသည္ ျမဝတီၿမိဳ႕အနီးရွိ ေ႐ႊကုကၠိဳ ၿမိဳ႕သစ္စီမံကိန္းကို အေမရိကန္ေဒၚလာ (၁၅)ဘီလ်ံအကုန္က်ခံကာ တည္ေဆာက္ခဲ့ၿပီး (Yatai IHG) ပိုင္ရွင္ျဖစ္သူသည္ လက္ရွိအခ်ိန္တြင္ ဘန္ေကာက္ၿမိဳ႕အက်ဥ္းေထာင္အတြင္း အက်ဥ္းက်ခံေနရဆဲ ျဖစ္ေၾကာင္း သိရသည္။ ေ႐ႊကုကၠိဳၿမိဳ႕သည္ တရားမဝင္အြန္လိုင္းလိမ္လည္မႈမ်ား၊ ေငြေၾကးခဝါခ်မႈမ်ား၊ လူကုန္ကူးမႈ မ်ားႏွင့္ အျခားရာဇဝတ္မႈမ်ားအဓိကထား အေျချပဳေသာၿမိဳ႕ျဖစ္ေနေၾကာင္း သိရသည္။ (Yatai IHG) သည္ ေ႐ႊကုကၠိဳၿမိဳ႕အထူးစီးပြားေရးဇုန္ကို (၂၀၁၈)ခု ႏွစ္တြင္ အေမရိကန္ေဒၚလာ (၁၅) ဘီ လ်ံ အကုန္က်ခံၿပီးတည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

ရွီက်ိက်န္းသည္ ေ႐ႊကုကၠိဳၿမိဳ႕တြင္ အေျခစိုက္ထားသည့္ အြန္လိုင္းမွလိမ္လည္ေနေသာ ဂိုဏ္းမ်ား၏ေနာက္ကြယ္မွ လက္မည္းႀကီးတစ္ဦးအျဖစ္လည္း ေဝဖန္ျပစ္တင္ခံထားရသည္။ ၎ကို (၁၉၈၂)ခုႏွစ္က တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္ ရွာေဒါင္ၿမိဳ႕တြင္ ေမြး ဖြားခဲ့ၿပီး ေလာင္းကစား စီးပြားေရးလုပ္ငန္းကိုတည္ေထာင္ရန္ အသက္ (၂၀)အ႐ြယ္တြင္ ဖိလစ္ပိုင္ႏိုင္ငံသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

တ႐ုတ္တရား႐ုံးက (၂၀၁၄)ခုႏွစ္တြင္ ရွီက်ိက်န္းကို ဖိလစ္ပိုင္ႏိုင္ငံတြင္ အြန္လိုင္းေလာင္းကစား လုပ္ငန္းမ်ားကို တရားမဝင္လုပ္ကိုင္ေနသူ အျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။ ရွီက်ိက်န္း သည္ တ႐ုတ္ႏိုင္ငံသားမ်ားကို အဓိကပစ္မွတ္ထားကာ လိမ္လည္မႈမ်ား လုပ္ေဆာင္ခဲ့ရာ အေမရိကန္ေဒၚလာ (၂၉၈) သန္းအက်ိဳးအျမတ္ရရွိခဲ့ၿပီး တ႐ုတ္အစိုးရက ဖမ္းဆီးရန္အလိုရွိေသာ တရားခံအျဖစ္သတ္မွတ္ခံ ခဲ့ရေၾကာင္း သိရသည္။ ၎သည္ (၂၀၁၅) ခုႏွစ္တြင္ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔တြင္ အြန္လိုင္းမွတစ္ ဆင့္လိမ္လည္ေနေသာ ဂိုဏ္းမ်ား၊ ေလာင္းကစားလုပ္ငန္းမ်ားကို တိုးခ်ဲ႕လုပ္ကိုင္ခဲ့ေၾကာင္း သိရသည္။

ရွီက်ိက်န္းသည္ (၂၀၁၇)ခုႏွစ္တြင္ ကေမာၻဒီးယားႏိုင္ငံသားအျဖစ္ အသိမွတ္ျပဳခံခဲ့ရၿပီး နာမည္ကို လည္း She Krieng Khai ဟုအမည္ ေျပာင္းလဲခဲ့ၿပီး ( Yatai IHG ) ကုမၼဏီကို ေဟာင္ေကာင္တြင္မွတ္ပုံ တင္ခဲ့ကာ ႐ုံးခ်ဳပ္ကို ဘန္ေကာက္ၿမိဳ႕တြင္ အေျခစိုက္ခဲ့ေၾကာင္းသိရသည္။ အဆိုပါ ကုမၸဏီသည္ ဗိုလ္မႉး ႀကီး ေစာခ်စ္သူဦးေဆာင္ေသာ နယ္ျခားေစာင့္တပ္ဖြဲ႕ထိန္းခ်ဳပ္ထားေသာ ျမဝတီၿမိဳ႕နားတြင္ ေ႐ႊကုကၠိဳစီမံကိန္းကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ကေမာၻဒီးယားႏိုင္ငံသည္ (၂၀၁၉)ခုႏွစ္တြင္ အြန္လိုင္းလိမ္လည္မႈမ်ား၊ ကာစီႏိုမ်ားကို အရွိန္ျမႇင့္ၿဖိဳခြင္းခဲ့ရာ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားသည္ ၎တို႔ လုပ္ငန္း မ်ားကို ျမန္မာႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕ခဲ့ေၾကာင္းသိရသည္။ ၎သည္ ေ႐ႊကုကၠိဳၿမိဳ႕ႏွင့္ နယ္စပ္ခ်င္းထိစပ္ေန ေသာ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ရွိ ဩဇာလႊမ္းမိုးသူမ်ားႏွင့္ ဆက္ႏႊယ္မႈရွိခဲ့ေၾကာင္း သိရသည္။

Picture

Zawoo Than

10/02/2025 00:53

ကမ်​ဘောဒီးယား​လောက်​တောင် မပါးနပ်တဲ့ နိုင်ငံဖြစ်သွားရတာဟာ...... ဗိုလ်ချူပ်ခင်ညွန့်ကိုနှိပ်ကွပ်လိုက်တဲ့ အကျိုး​ကျေးဇူး​တွေပဲ...ဒီ့ထက်မက နယ်ပယ်အသီးသီးမှာ ခံစားရဦးမယ်

Related news

© 2021. All rights reserved.