အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် မြန်မာ့ပထမဆုံး EV SKD အရောင်းပြပွဲကို လူစိတ်ဝင်စားမှုများပြား
![](/img/icon_eye.svg)
1580
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a861594b7d3112bb781bf5/banner-67a861594b7d3112bb781bf5-x800.jpg)
NP News -ဖေဖော်ဝါရီ ၉
အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် မြန်မာ့ပထမဆုံး EV SKD အရောင်းပြပွဲကို လူစိတ်ဝင်စားမှုများပြားလျက်ရှိသည်။
အဆိုပါအရောင်းပြပွဲကို မြန်မာပလာဇာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၇)ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံး EV Innovation အဖြစ် Leapmotor Myanmar မှ SKD (Semi-Knocked Down) စနစ်ဖြင့် Leapmotor T03 SKD EV ကားကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ EV SKD ကားကို ငွေကျပ်(၁၇၈)သိန်းကို အရင်ပေးချေပြီး အမြင့်ဆုံး(၄)နှစ်အထိအရစ်ကျပေးသွင်းနိုင်ကာ A Bankနှင့် ချိတ်ဆက်ပြီး ဝယ်ယူနိုင်ကြောင်း သိရသည်။
"မူရင်းဈေးက(၈၈၈) ကို ပွဲထဲမှာဆိုရင်တော့ (၈၆၀) ဝန်းကျင်နဲ့ရမှာပေါ့။ EV SKD ကတော့ ရန်ကုန်လိုင်စင်နဲ့ရမှာပါ။ ကျန်တဲ့ကားတွေကကျတော့ တခြားနိုင်ငံကနေ CBU အနေနဲ့ပို့တာ။ သူကကျတော့ နယ်လိုင်စင်နဲ့ရတယ်။ EV SKD ထက် ဈေးက(၃၀)လောက်တော့ ပိုများတယ်" ဟု Leapmotor Myanmar မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအရောင်းပြပွဲကို စိတ်ဝင်စားသူများပြားပြီး ဖေဖော်ဝါရီ (၇)၊(၈)၊ (၉) သုံးရက်တိုင် ကျင်းပနေခြင်းဖြစ်သည်။
လက်ရှိတွင် ကားဈေးကွက်အတွင်း၌ EV ကားများအပြင် ဆီကားများပါစုပြုံရောက်ရှိလာသည့်အတွက် ကားဈေးကွက်အရောင်းအဝယ်အေးနေပြီး Brand New ကားတစ်စီးတိုင်းတွင် အနည်းဆုံး ငွေကျပ်သိန်း(၂၀၀)မှ (၅၀၀)အထိ ဈေးချရောင်းနေရသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a861594b7d3112bb781bf5/body-image-67a861594b7d3112bb781bf5-0.jpg)
zawgyi version:
အရစ္က်ျဖင့္ဝယ္ယူႏိုင္မည့္ ျမန္မာ့ပထမဆုံး EV SKD အေရာင္းျပပြဲကို လူစိတ္ဝင္စားမႈမ်ားျပား
NP News -ေဖေဖာ္ဝါရီ ၉
အရစ္က်ျဖင့္ဝယ္ယူႏိုင္မည့္ ျမန္မာ့ပထမဆုံး EV SKD အေရာင္းျပပြဲကို လူစိတ္ဝင္စားမႈမ်ားျပားလ်က္ရွိသည္။
အဆိုပါအေရာင္းျပပြဲကို ျမန္မာပလာဇာတြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၇)ရက္တြင္ စတင္က်င္းပခဲ့ျခင္းျဖစ္ၿပီး ပထမဦးဆုံး EV Innovation အျဖစ္ Leapmotor Myanmar မွ SKD (Semi-Knocked Down) စနစ္ျဖင့္ Leapmotor T03 SKD EV ကားကို စတင္မိတ္ဆက္ခဲ့ျခင္းျဖစ္သည္။
အဆိုပါ EV SKD ကားကို ေငြက်ပ္(၁၇၈)သိန္းကို အရင္ေပးေခ်ၿပီး အျမင့္ဆုံး(၄)ႏွစ္အထိအရစ္က်ေပးသြင္းႏိုင္ကာ A Bankႏွင့္ ခ်ိတ္ဆက္ၿပီး ဝယ္ယူႏိုင္ေၾကာင္း သိရသည္။
"မူရင္းေဈးက(၈၈၈) ကို ပြဲထဲမွာဆိုရင္ေတာ့ (၈၆၀) ဝန္းက်င္နဲ႔ရမွာေပါ့။ EV SKD ကေတာ့ ရန္ကုန္လိုင္စင္နဲ႔ရမွာပါ။ က်န္တဲ့ကားေတြကက်ေတာ့ တျခားႏိုင္ငံကေန CBU အေနနဲ႔ပို႔တာ။ သူကက်ေတာ့ နယ္လိုင္စင္နဲ႔ရတယ္။ EV SKD ထက္ ေဈးက(၃၀)ေလာက္ေတာ့ ပိုမ်ားတယ္" ဟု Leapmotor Myanmar မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအေရာင္းျပပြဲကို စိတ္ဝင္စားသူမ်ားျပားၿပီး ေဖေဖာ္ဝါရီ (၇)၊(၈)၊ (၉) သုံးရက္တိုင္ က်င္းပေနျခင္းျဖစ္သည္။
လက္ရွိတြင္ ကားေဈးကြက္အတြင္း၌ EV ကားမ်ားအျပင္ ဆီကားမ်ားပါစုၿပဳံေရာက္ရွိလာသည့္အတြက္ ကားေဈးကြက္အေရာင္းအဝယ္ေအးေနၿပီး Brand New ကားတစ္စီးတိုင္းတြင္ အနည္းဆုံး ေငြက်ပ္သိန္း(၂၀၀)မွ (၅၀၀)အထိ ေဈးခ်ေရာင္းေနရသည္။