"ယွန်းဝတီလွင်မိုး နဲ့ မိဘမေတ္တာ"
![](/img/icon_eye.svg)
5767
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a86c7ab7c7246631429345/banner-67a86c7ab7c7246631429345-x800.jpg)
အိဖြူ (NP News) - ဖေဖော်ဝါရီ ၉
The Statesman Journal ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကိုဖော်ပြပေးပါမယ်။ ဒီတစ်ပတ်အတွက် "ယွန်းဝတီလွင်မိုးရဲ့အိမ် ထောင်ရေးဖြစ်စဉ်မှ တွေ့မြင်လိုက်ရသော မိဘ မေတ္တာ၊ အချစ်သစ်တွေ့နေပြီဆိုတဲ့ ဝိုင်းစုခိုင်သိန်း" အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။
ယွန်းဝတီလွင်မိုးရဲ့ အိမ်ထောင်ရေးဖြစ်စဉ်မှ တွေ့မြင်လိုက်ရတဲ့ မိဘမေတ္တာ
လတ်တလော ဆိုရှယ်လူမှုကွန်ရက်တစ်ခွင်မှာ ယွန်းဝတီလွင်မိုးရဲ့အိမ်ထောင်ရေးသတင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများပြားလျက်ရှိပါတယ်။ မြန်မာ နိုင်ငံရဲ့ နာမည်ကျော် ထပ်ဆင့်အကယ်ဒမီ မင်သားကြီး လွင်မိုးရဲ့သမီးအကြီးလည်းဖြစ်သလို သရုပ်ဆောင် Beauty Influencer တစ်ဦးအဖြစ် လုပ် ကိုင်လျက်ရှိတဲ့ ယွန်းဝတီလွင်မိုးက ဖခင်ရဲ့အောင်မြင်ကျော်ကြားမှုကြောင့်သော်လည်းကောင်း၊ သူရဲ့ ရုပ်ဆင်းအင်္ဂါချောမောလှပမှုကြောင့်သော်လည်းကောင်း ငယ်စဉ်ကတည်းက ပရိသတ် အင်အားအခိုင် အမာရရှိထားသူဖြစ်တာကြောင့် စာနယ်ဇင်းမီဒီယာတွေအပါအဝင် ပရိသတ်တွေကိုယ်တိုင်က လွင်မိုးတို့ မိသားစုရဲ့ နေ့စဉ်လှုပ်ရှားမှုအကြောင်းတွေကို အမြဲလိုလို စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိကြပါတယ်။
ဒါကြောင့်လည်း ယွန်းဝတီလွင်မိုးရဲ့အိမ်ထောင်ရေးသတင်းအပေါ် လူအများက နားစွင့်လျက်ရှိ နေချိန်မှာပဲ ယွန်းဝတီလွင်မိုးကိုယ်တိုင်က (၂၀၂၅) ခုနှစ် နှစ်ဆန်းပိုင်းမှာ “သူ့ဘဝရဲ့အပြောင်းအလဲ တစ်ခုကို ပရိသတ်တွေထံ အသိပေးဖို့ရှိကြောင်းနဲ့ အဆင်သင့်ဖြစ်ပါက အသိပေးသွားမှာဖြစ်ကြောင်း” အိမ်ထောင်ရေး ကောလာဟလသတင်းနဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ ရက်ပိုင်း အကြာ မှာတော့ သူရဲ့ကိုယ်ပိုင်တစ်တော့အကောင့်ကနေ “After 9 years or debt payments” ဆိုတဲ့စာသားနဲ့ တကွ အိမ်ပြောင်းဖို့ပြင်ဆင်နေတဲ့မြင်ကွင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။
လွန်ခဲ့တဲ့(၈)နှစ်ကလည်း ယွန်းဝတီလွင်မိုးရဲ့ ရုတ်တရက်ထွက်ပေါ်လာတဲ့မင်္ဂလာသတင်းကြောင့် အနုပညာအသိုင်းအဝိုင်းအပါအဝင် သူရဲ့ပရိသတ်တွေက အံ့အားသင့်ခဲ့ရပြီး၊ နှမြောတသဖြစ်ခဲ့ကြရပါ တယ်။ သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့ ထက်ဦးလှိုင်တို့ရဲ့မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၂၀၁၈) ခုနှစ် ဇန်နဝါရီလ(၄)ရက်က ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပခဲ့ခြင်းဖြစ်ပါ တယ်။ အဲဒီအချိန်တုန်းကလည်း မင်းသားကြီး ဦးလွင်မိုးတို့ဇနီးမောင်နှံက သမီးအကြီးဖြစ်သူ ယွန်းဝတီ လွင်မိုး အပေါ် လူအများကဲ့ရဲ့ရှုတ်ချတဲ့အဖြစ်မျိုးအရောက်မခံခဲ့ဘဲ နှစ်ဖက်လူကြီးစုံရာရှေ့မှောက်မှာ မင်္ဂလာပွဲအခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ကျင်းပပေးခဲ့ကြပြီး သမီးဖြစ်သူဘက်မှ အပြည့်အဝ ကာ ကွယ်ပေးခဲ့ကြတာကို သတိပြုအမှတ်ရလျက်ရှိပါတယ်။
စင်ကာပူနိုင်ငံမှသူဌေးကြီးတစ်ဦးက သမီးဖြစ်သူရဲ့မင်္ဂလာဆောင်အခမ်းအနားမှာ သားမက်ဖြစ် သူကို “သား.. မင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဖေ့သမီးလေးကို မကြိုက်နှစ်သက်တော့တဲ့အခါ စိတ် အခန့်မသင့်တော့တဲ့အခါ၊ သဘောမတွေ့တော့တဲ့အခါ အဖေ့ဆီကိုပြန်အပ်ပါ။ သမီးလေးကို နာကျင် အောင်မလုပ်ပါနဲ့။ မင်းကိုလည်း စိတ်မဆိုးပါဘူး။ သူ့ကို နာကျင်အောင်တော့မလုပ်ပါနဲ့။ သူ့ကို အဖေပြန် တာဝန်ယူပါ့မယ်” လို့ ဖခင်ဖြစ်သူ ကမှာကြားချိန် ပွဲအခမ်းအနားတက်ရောက်သူဧည့်ပရိသတ်တွေကို မျက်ရည်ဝဲစေခဲ့ပါတယ်။
အလားတူ တရုတ်သူဌေးကြီးတစ်ဦးက သမီးဖြစ်သူရဲ့မင်္ဂလာပွဲမှာ သမီးဖြစ်သူကို “တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခင်ပွန်းကိစ္စတွေ၊ သားသမီးကိစ္စတွေ၊ အိမ်ရဲ့ဝေယျာဝစ္စကိစ္စ၊ အိမ်ထောင်ရှင်မ တစ် ယောက်ရဲ့တာဝန်ဝတ္တရားတွေပိပြီး ပင်ပန်းလာတဲ့အခါမှာ ဖေဖေ့အိမ်ကို တစ်ခေါက်ပြန်လာပြီး ကလေး လေးပြန်လာလုပ်ပါ။ ဖေဖေတို့က အမြဲစောင့်နေပါမယ်” လို့ မှာကြားခဲ့မှုမြင်ကွင်းတွေက သမီးတွေ အပေါ်မှာထားရှိတဲ့ ဖခင်ရဲ့ မေတ္တာတရားကြီးမားပုံကို ထင်ဟပ်စေခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီလွင်မိုးတို့ရဲ့သမီးအကြီး ယွန်းဝတီလွင်မိုးကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်ရေး ဖြစ်စဉ်ကို ပြန်လည်ကြည့်ရှုရာမှာလည်း ၎င်းတို့ရဲ့သမီးအကြီးဖြစ်သူ ပညာသင်ယူစဉ် အသက် (၁၉)နှစ် အရွယ်မှာ ကိုယ်ဝန်လွယ်ခဲ့ရမှုအခြေအနေကိုလည်း ရှေ့ဆုံးကရပ်တည်ကာကွယ်ရုံမက မွေးဖွားလာတဲ့ မြေးလေးအပေါ်မှာလည်း အဘိုး၊ အဘွားအဖြစ်သာမက မြေးလေးရဲ့မိဘနေရာကရပ်တည်ကာ သမီး ဖြစ်သူကို အကောင်းဆုံးထောက် ပံ့မှုပြုခဲ့ကြတာပါ။
အခုတစ်ခေါက်မှာလည်း သမီးဖြစ်သူရဲ့အိမ်ထောင်ရေးအခြေအနေနဲ့ပတ်သက်ပြီး (၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်)အထိ မည်သို့သောသတင်းစကားမှ ထုတ်ဖော်အသိပေးခြင်းမရှိဘဲ သမီးအပေါ် ကျရောက်လာတဲ့ လောကဓံအပြောင်းအလဲရိုက်ခတ်မှုကို မိဘနှစ်ပါးရဲ့ကာကွယ်ပေးမှုပုံစံက လေးစား ထိုက်ဖွယ်ကောင်းရုံမက မိဘမေတ္တာက သားသမီးအပေါ်မှာ ဘယ်လောက်အထိလွှမ်းခြုံပေးထားသလဲ ဆိုတာကို ထုတ်ဖော်ပြသခဲ့ပါတယ်။ တေးသံရှင်ထူးအိမ်သင်ရဲ့ “တုနှိုင်းမဲ့ ရတနာ” သီချင်းဆိုရင်လည်း ဖခင်တစ်ဦးရဲ့မေတ္တာကို ဖော်ကျူးထားခြင်းမျိုးဖြစ်ပြီး၊ ဖခင်မေတ္တာဖြစ်စေ၊ မိခင်မေတ္တာဖြစ်ပါစေ မိဘ မေတ္တာက သားသမီးအပေါ်မှာ ဘယ်လောက်ထိကြီးမားနက်ရှိုင်းပြီး ရပ်တည်ကာကွယ်ပေးသလဲဆို တာကို အကယ်ဒမီလွင်မိုးတို့မိသားစုဖြစ်စဉ်မှာလည်း တွေ့မြင်ခဲ့ရသလို ၎င်းတို့ဟာ အနုပညာ မိသားစု တွေဖြစ်တာကြောင့် မင်းသားကြီးလွင်မိုးရဲ့တုံ့ပြန်မှုပြယုဂ်က မြန်မာနိုင်ငံသားတွေအတွက် ကြည်နူးစရာ အဖြစ် ခံစားရှုမြင်နိုင်ပါတယ်။
မိဘတွေက သားသမီးတွေအပေါ် မေတ္တာတရား၊ ပေးဆပ်မှုနဲ့ အခြေတည်ခဲ့ကြခြင်းဖြစ်ပြီး၊ မိမိ ခင်ပွန်း၊ ဇနီးမယား၊ အိမ်ထောင်ဖက်အပေါ် ချစ်ခြင်းတရား၊ တပ်မက်မှုစတဲ့အချက်တွေနဲ့ စတင်ခဲ့ကြခြင်း ဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ မတူညီကွဲပြားလာချိန်မှာ ပြိုကွဲတတ်ကြတာ သဘာဝ ပင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပျက်ပြယ်သွားနိုင်တဲ့ချစ်ခြင်းတရားကို မိဘမေတ္တာတရားက လွှမ်းခြုံ အနိုင်ယူလေ့ရှိစမြဲပင် ဖြစ်ပါတယ်။
အချစ်သစ်မှာပျော်ရွှင်နေပြီဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်း တရားဝင်ဖော်ပြလာ
ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းက အချစ်သစ်မှာပျော်ရွှင်နေပြီဖြစ်ကြောင်း သူရဲ့ Facebook Myday ကနေတစ်ဆင့် လက်ရှိချစ်သူနဲ့ဓာတ်ပုံကို ထုတ်ဖော်အသိပေးခဲ့ပါတယ်။ ဝိုင်းစုခိုင် သိန်းက “(၂၀၂၅)ခုနှစ်အတွက် နှစ်ယောက်လုံးရဲ့ကြိုးစားမှုပဲ၊ “New Condo in Rama9” ဆိုပြီး နှစ်ဦး သား ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ ကွန်ဒိုဝယ်ယူခဲ့မှုမြင်ကွင်းကို တရားဝင်အသိပေးခဲ့တာပါ။ အချစ်ရေး ကံ ဘယ်လောက်ပင် ဆိုးရွားလှပါစေ အချစ်သစ်မှာ အချစ်ခံနေရကြောင်းနဲ့ ချစ်သူအသစ်နဲ့ နှစ်ဦးသား ဘဝတည်ဆောက်ဖို့အတွက်လည်း ကွန်ဒိုတိုက်ခန်းတစ်ခန်းကို စတင်ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သူ့ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ခြင်းမျိုးဖြစ်ကာ ၎င်းတို့နှစ်ဦးရဲ့ ဘုရားသွား အလှူအတန်းပြုလုပ်ပုံ မြင်ကွင်းတွေကိုလည်း ဖော်ပြလျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ တေးစီရီးဘယ်နှခွေထုတ်ထုတ်၊ သီချင်းအသစ်ဘယ်အချိန်ထွက်ထွက် လူကြိုက် များအောင်မြင်လေ့ရှိတာ “ဝိုင်းစုခိုင်သိန်း” ဖြစ်တယ်လို့ ဂီတအသိုင်းအဝိုင်း၊ ဂီတညီအစ်ကိုမောင်နှမတွေ ကိုယ်တိုင်က မှတ်ချက်ပြုကြပြီး သူရဲ့ဂီတအနုပညာစန်းကို လိုက်မမီဘူးလို့လည်း ဆိုကြပြန်ပါတယ်။ သူ့ပရိသတ်တွေကလည်း ဝိုင်းစုခိုင်သိန်းရဲ့အတိတ်ပုံရိပ်ဟောင်းတွေတင်မက လက်ရှိမှာလည်း သူရဲ့ နေထိုင်မှု ပုံစံနဲ့ပတ်သက်ပြီး ဝေဖန်အပုပ်ချပြောဆိုလေ့မရှိကြဘဲ ပရိသတ်ချစ်ခြင်းမေတ္တာကို အခိုင်အ မာရရှိထားသူလို့လည်း ဆိုနိုင်ပါတယ်။ ဒီတစ်ခေါက် သူရွေးချယ်လိုက်တဲ့အချစ်ရေးမှာလည်း သူ့အတွက် ပျော်ရွှင်စိတ်ချမ်းမြေ့မှုတွေသာရရှိပါစေလို့ ဆုတောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ်။ ဝိုင်းစု ခိုင်သိန်း လက်ရှိချစ်သူက (၂၀၂၄) ခုနှစ်အတွင်းက လူမှုကွန်ရက်ပလက်ဖောင်းပေါ်အထိပျံ့နှံ့ခဲ့ဖူးတဲ့ KTV အခန်းထဲ ရန်ဖြစ်ပွားမှုရုပ်သံဖိုင်ထဲက အမျိုးသားဖြစ်ကြောင်း မှတ်ချက်ပြုထားပါတယ်။
အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်နဲ့ သရုပ်ဆောင် သီရိစိုးတို့ကြားက ပြဿနာ
အစီအစဉ်တင်ဆက်သူကောင်းထက်ဇော်ရဲ့မေးမြန်းတင်ဆက်မှုအစီအစဉ်တစ်ခုကနေစတင် လိုက်တဲ့ပြဿနာက အနုပညာရှင်နဲ့ တင်ဆက်သူကြား နားလည်မှုလွဲမှားစေတဲ့ ဖြစ်စဉ်အဖြစ်ကြုံတွေ့ ခဲ့ရပြီး ကြည့်ရှုသူလူအများက တင်ဆက်သူ ကောင်းထက်ဇော်ကို အပြစ်ဖို့ခဲ့ကြတာပါ။ အဆိုပါ ကိစ္စက လွန်ခဲ့တဲ့ (၂၀၂၄) ခုနှစ် ဇူလိုင်လပိုင်းက ကိစ္စဖြစ်ပေမယ့် အဲဒီအချိန်ကလည်း ဖေ့စ်ဘွတ်ခ်၊ တစ်တော့ လူမှုကွန်ရက်တစ်ခွင်မှာ ကောင်းထက်ဇော်က များစွာပြောဆိုဝေဖန်ခံခဲ့ရပါတယ်။ အခုတစ်ဖန် အနုပညာ မီဒီယာတွေရဲ့နှိုးဆွမှုကြောင့် ပြဿနာတစ်ရပ်အဖြစ် အစပြန်ပေါ်စေခဲ့ပါတယ်။
ကောင်းထက်ဇော် ဦးစီဆောင်ရွက်တဲ့အစီအစဉ်မှာ ဖြိုးငွေစိုး၊ ရဲငွေစိုး၊ သီရိစိုးတို့မောင်နှမသုံးဦး ကို အင်တာဗျူးချိန်ကဖြစ်ပျက်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး အနုပညာ မီဒီယာတွေက ပြန်လည် မေးမြန်းခဲ့ရာ တင်ဆက်သူ ကောင်းထက်ဇော်က “ကိုဖြိုးငွေစိုးတို့မိသားစုကို ခေါ်မယ်လို့တောင် ကျွန် တော်မသိဘူး။ ဖြိုးငွေစိုးနဲ့အင်တာဗျူးဖို့လို့ စဉ်းစားထားတာ။ ပရိုဂျူဆာက မိသားစုနဲ့အတူခေါ်လိုက် တာတဲ့။ အိုင်ဒီယာတစ်မျိုးလေးကောင်းသွားလိမ့်မယ်ဆိုပြီးတော့ပြောတယ်။ အဲဒီတော့မှ မိသားစုအနေ နဲ့ပဲ စကားပြောတာမျိုးပါ။ ကျွန်တော်ကလည်း မသိရင် မသိဘူးပြောတာပါ။ အစကတည်းက စိတ်မဝင် စားတဲ့အကြောင်းအရာဆိုရင် တကယ်လည်းမလေ့လာဘူး” လို့ တုံ့ပြန်ဖြေကြားခဲ့ခြင်းမျိုးဖြစ်ပါတယ်။ ၎င်းရဲ့ဖြေကြားမှု မီဒီယာစာမျက်နှာထက်ဖော်ပြခံရပြီးနောက် ရုပ်ရှင် သရုပ်ဆောင်သီရိစိုးက ၎င်းတို့ အပေါ် စော်ကားပြောဆိုချက်တစ်ခုအဖြစ်ရှုမြင်ခဲ့ပြီး စီစဉ်ဆောင်ရွက်သူတွေရဲ့ညံ့ဖျင်းမှု တာဝန်ယူမှု တာဝန်ခံမှု ပေါ့လျော့မှုတွေကို ထောက်ပြခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဖြိုးငွေစိုးရဲ့ပုံရိပ်ကို ၎င်းတို့မောင်နှမ နှစ်ဦးက အမှီပြုကာ လူစိတ်ဝင်စားခြင်းခံရအောင် လုပ်ဆောင်ခြင်းမျိုးမရှိတဲ့အပြင် ကိုယ့်ကို မဖိတ်ကြား ထားတဲ့ အစီအစဉ်ကို ကပ်ပါးအဖြစ် လိုက်တက်ခြင်းမျိုးမရှိခဲ့ကြောင်း အတိအလင်းပြောဆိုခဲ့တာပါ။ ပွဲစီစဉ်သူ အမျိုးသမီးကိုယ်တိုင်က သူ့ထံဆက်သွယ်ခဲ့ခြင်းဖြစ်ကာ အစ်ကိုဖြစ်သူတွေနဲ့ တွဲဖက် အင်တာ ဗျူး ဖြေပေးစေလိုကြောင်းကမ်းလှမ်းခဲ့တာကြောင့် ပါဝင်ခဲ့ခြင်းမျိုးဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့တာပါ။ သီရိစိုးက “ကိုဖြိုးငွေစိုးနောက်လိုက်လာပြီး attention ယူရအောင်လည်း ကလေးလည်းမဟုတ်။ ကိုယ့် စကား ဘယ်အကျယ်ထိရောက်လည်းပဲ စဉ်းစားစေချင်တယ်။ program တစ်ခုကို တင်ဆက်နေတယ် ဆိုရင် ကိုယ့် အောက်ကလူတွေ ဘာစီစဉ်ထားတယ်ဆိုတာ ကိုယ့်အချင်းချင်းပြန်ပြီး meeting ထိုင်ကြ ပါဦး။ ပါလာမှန်းမသိဘူးဆိုတော့ ကျွန်မတို့က party crusher တွေလား” ဆိုပြီး မေးခွန်းထုတ်ထား တာပါ။ ကောင်းထက်ဇော် Host အဖြစ်စီစဉ်ဆောင်ရွက်တဲ့ Good Night Show အစီအစဉ်မှာ ရုပ်ရှင် သရုပ်ဆောင် ဖြိုးငွေစိုး၊ အဆိုတော် ရဲငွေစိုးနဲ့ သရုပ်ဆောင် သီရိစိုးတို့မောင်နှမသုံးဦးပါဝင်ပေးခဲ့ခြင်းဖြစ် ပြီး၊ (၂၀၂၄) ခုနှစ် ဇူလိုင်လက ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a86c7ab7c7246631429345/body-image-67a86c7ab7c7246631429345-1.jpg)
zawgyi version
"ယြန္းဝတီလြင္မိုး နဲ႔ မိဘေမတၱာ"
အိျဖဴ (NP News) - ေဖေဖာ္ဝါရီ ၉
The Statesman Journal ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကိုေဖာ္ျပေပးပါမယ္။ ဒီတစ္ပတ္အတြက္ "ယြန္းဝတီလြင္မိုးရဲ႕အိမ္ ေထာင္ေရးျဖစ္စဥ္မွ ေတြ႕ျမင္လိုက္ရေသာ မိဘ ေမတၱာ၊ အခ်စ္သစ္ေတြ႕ေနၿပီဆိုတဲ့ ဝိုင္းစုခိုင္သိန္း" အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။
ယြန္းဝတီလြင္မိုးရဲ႕ အိမ္ေထာင္ေရးျဖစ္စဥ္မွ ေတြ႕ျမင္လိုက္ရတဲ့ မိဘေမတၱာ
လတ္တေလာ ဆိုရွယ္လူမႈကြန္ရက္တစ္ခြင္မွာ ယြန္းဝတီလြင္မိုးရဲ႕အိမ္ေထာင္ေရးသတင္းနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားသူမ်ားျပားလ်က္ရွိပါတယ္။ ျမန္မာ ႏိုင္ငံရဲ႕ နာမည္ေက်ာ္ ထပ္ဆင့္အကယ္ဒမီ မင္သားႀကီး လြင္မိုးရဲ႕သမီးအႀကီးလည္းျဖစ္သလို သ႐ုပ္ေဆာင္ Beauty Influencer တစ္ဦးအျဖစ္ လုပ္ ကိုင္လ်က္ရွိတဲ့ ယြန္းဝတီလြင္မိုးက ဖခင္ရဲ႕ေအာင္ျမင္ေက်ာ္ၾကားမႈေၾကာင့္ေသာ္လည္းေကာင္း၊ သူရဲ႕ ႐ုပ္ဆင္းအဂၤါေခ်ာေမာလွပမႈေၾကာင့္ေသာ္လည္းေကာင္း ငယ္စဥ္ကတည္းက ပရိသတ္ အင္အားအခိုင္ အမာရရွိထားသူျဖစ္တာေၾကာင့္ စာနယ္ဇင္းမီဒီယာေတြအပါအဝင္ ပရိသတ္ေတြကိုယ္တိုင္က လြင္မိုးတို႔ မိသားစုရဲ႕ ေန႔စဥ္လႈပ္ရွားမႈအေၾကာင္းေတြကို အၿမဲလိုလို စိတ္ဝင္တစားေစာင့္ၾကည့္လ်က္ရွိၾကပါတယ္။
ဒါေၾကာင့္လည္း ယြန္းဝတီလြင္မိုးရဲ႕အိမ္ေထာင္ေရးသတင္းအေပၚ လူအမ်ားက နားစြင့္လ်က္ရွိ ေနခ်ိန္မွာပဲ ယြန္းဝတီလြင္မိုးကိုယ္တိုင္က (၂၀၂၅) ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ “သူ႔ဘဝရဲ႕အေျပာင္းအလဲ တစ္ခုကို ပရိသတ္ေတြထံ အသိေပးဖို႔ရွိေၾကာင္းနဲ႔ အဆင္သင့္ျဖစ္ပါက အသိေပးသြားမွာျဖစ္ေၾကာင္း” အိမ္ေထာင္ေရး ေကာလာဟလသတင္းနဲ႔ပတ္သက္ၿပီး အရိပ္အႁမြက္ေျပာျပခဲ့ပါတယ္။ ရက္ပိုင္း အၾကာ မွာေတာ့ သူရဲ႕ကိုယ္ပိုင္တစ္ေတာ့အေကာင့္ကေန “After 9 years or debt payments” ဆိုတဲ့စာသားနဲ႔ တကြ အိမ္ေျပာင္းဖို႔ျပင္ဆင္ေနတဲ့ျမင္ကြင္းကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။
လြန္ခဲ့တဲ့(၈)ႏွစ္ကလည္း ယြန္းဝတီလြင္မိုးရဲ႕ ႐ုတ္တရက္ထြက္ေပၚလာတဲ့မဂၤလာသတင္းေၾကာင့္ အႏုပညာအသိုင္းအဝိုင္းအပါအဝင္ သူရဲ႕ပရိသတ္ေတြက အံ့အားသင့္ခဲ့ရၿပီး၊ ႏွေျမာတသျဖစ္ခဲ့ၾကရပါ တယ္။ သ႐ုပ္ေဆာင္ ယြန္းဝတီလြင္မိုးနဲ႔ ထက္ဦးလႈိင္တို႔ရဲ႕မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို (၂၀၁၈) ခုႏွစ္ ဇန္နဝါရီလ(၄)ရက္က ရန္ကုန္ၿမိဳ႕ရွိ Melia Hotel မွာ က်င္းပခဲ့ျခင္းျဖစ္ပါ တယ္။ အဲဒီအခ်ိန္တုန္းကလည္း မင္းသားႀကီး ဦးလြင္မိုးတို႔ဇနီးေမာင္ႏွံက သမီးအႀကီးျဖစ္သူ ယြန္းဝတီ လြင္မိုး အေပၚ လူအမ်ားကဲ့ရဲ႕ရႈတ္ခ်တဲ့အျဖစ္မ်ိဳးအေရာက္မခံခဲ့ဘဲ ႏွစ္ဖက္လူႀကီးစုံရာေရွ႕ေမွာက္မွာ မဂၤလာပြဲအခမ္းအနားကို ခမ္းနားႀကီးက်ယ္စြာ က်င္းပေပးခဲ့ၾကၿပီး သမီးျဖစ္သူဘက္မွ အျပည့္အဝ ကာ ကြယ္ေပးခဲ့ၾကတာကို သတိျပဳအမွတ္ရလ်က္ရွိပါတယ္။
စင္ကာပူႏိုင္ငံမွသူေဌးႀကီးတစ္ဦးက သမီးျဖစ္သူရဲ႕မဂၤလာေဆာင္အခမ္းအနားမွာ သားမက္ျဖစ္ သူကို “သား.. မင္း တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ အေဖ့သမီးေလးကို မႀကိဳက္ႏွစ္သက္ေတာ့တဲ့အခါ စိတ္ အခန႔္မသင့္ေတာ့တဲ့အခါ၊ သေဘာမေတြ႕ေတာ့တဲ့အခါ အေဖ့ဆီကိုျပန္အပ္ပါ။ သမီးေလးကို နာက်င္ ေအာင္မလုပ္ပါနဲ႔။ မင္းကိုလည္း စိတ္မဆိုးပါဘူး။ သူ႔ကို နာက်င္ေအာင္ေတာ့မလုပ္ပါနဲ႔။ သူ႔ကို အေဖျပန္ တာဝန္ယူပါ့မယ္” လို႔ ဖခင္ျဖစ္သူ ကမွာၾကားခ်ိန္ ပြဲအခမ္းအနားတက္ေရာက္သူဧည့္ပရိသတ္ေတြကို မ်က္ရည္ဝဲေစခဲ့ပါတယ္။
အလားတူ တ႐ုတ္သူေဌးႀကီးတစ္ဦးက သမီးျဖစ္သူရဲ႕မဂၤလာပြဲမွာ သမီးျဖစ္သူကို “တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ခင္ပြန္းကိစၥေတြ၊ သားသမီးကိစၥေတြ၊ အိမ္ရဲ႕ေဝယ်ာဝစၥကိစၥ၊ အိမ္ေထာင္ရွင္မ တစ္ ေယာက္ရဲ႕တာဝန္ဝတၱရားေတြပိၿပီး ပင္ပန္းလာတဲ့အခါမွာ ေဖေဖ့အိမ္ကို တစ္ေခါက္ျပန္လာၿပီး ကေလး ေလးျပန္လာလုပ္ပါ။ ေဖေဖတို႔က အၿမဲေစာင့္ေနပါမယ္” လို႔ မွာၾကားခဲ့မႈျမင္ကြင္းေတြက သမီးေတြ အေပၚမွာထားရွိတဲ့ ဖခင္ရဲ႕ ေမတၱာတရားႀကီးမားပုံကို ထင္ဟပ္ေစခဲ့ပါတယ္။
ထပ္ဆင့္အကယ္ဒမီလြင္မိုးတို႔ရဲ႕သမီးအႀကီး ယြန္းဝတီလြင္မိုးႀကဳံေတြ႕ခဲ့ရတဲ့ အိမ္ေထာင္ေရး ျဖစ္စဥ္ကို ျပန္လည္ၾကည့္ရႈရာမွာလည္း ၎တို႔ရဲ႕သမီးအႀကီးျဖစ္သူ ပညာသင္ယူစဥ္ အသက္ (၁၉)ႏွစ္ အ႐ြယ္မွာ ကိုယ္ဝန္လြယ္ခဲ့ရမႈအေျခအေနကိုလည္း ေရွ႕ဆုံးကရပ္တည္ကာကြယ္႐ုံမက ေမြးဖြားလာတဲ့ ေျမးေလးအေပၚမွာလည္း အဘိုး၊ အဘြားအျဖစ္သာမက ေျမးေလးရဲ႕မိဘေနရာကရပ္တည္ကာ သမီး ျဖစ္သူကို အေကာင္းဆုံးေထာက္ ပံ့မႈျပဳခဲ့ၾကတာပါ။
အခုတစ္ေခါက္မွာလည္း သမီးျဖစ္သူရဲ႕အိမ္ေထာင္ေရးအေျခအေနနဲ႔ပတ္သက္ၿပီး (၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၅ ရက္)အထိ မည္သို႔ေသာသတင္းစကားမွ ထုတ္ေဖာ္အသိေပးျခင္းမရွိဘဲ သမီးအေပၚ က်ေရာက္လာတဲ့ ေလာကဓံအေျပာင္းအလဲ႐ိုက္ခတ္မႈကို မိဘႏွစ္ပါးရဲ႕ကာကြယ္ေပးမႈပုံစံက ေလးစား ထိုက္ဖြယ္ေကာင္း႐ုံမက မိဘေမတၱာက သားသမီးအေပၚမွာ ဘယ္ေလာက္အထိလႊမ္းၿခဳံေပးထားသလဲ ဆိုတာကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ေတးသံရွင္ထူးအိမ္သင္ရဲ႕ “တုႏႈိင္းမဲ့ ရတနာ” သီခ်င္းဆိုရင္လည္း ဖခင္တစ္ဦးရဲ႕ေမတၱာကို ေဖာ္က်ဴးထားျခင္းမ်ိဳးျဖစ္ၿပီး၊ ဖခင္ေမတၱာျဖစ္ေစ၊ မိခင္ေမတၱာျဖစ္ပါေစ မိဘ ေမတၱာက သားသမီးအေပၚမွာ ဘယ္ေလာက္ထိႀကီးမားနက္ရႈိင္းၿပီး ရပ္တည္ကာကြယ္ေပးသလဲဆို တာကို အကယ္ဒမီလြင္မိုးတို႔မိသားစုျဖစ္စဥ္မွာလည္း ေတြ႕ျမင္ခဲ့ရသလို ၎တို႔ဟာ အႏုပညာ မိသားစု ေတြျဖစ္တာေၾကာင့္ မင္းသားႀကီးလြင္မိုးရဲ႕တုံ႔ျပန္မႈျပယုဂ္က ျမန္မာႏိုင္ငံသားေတြအတြက္ ၾကည္ႏူးစရာ အျဖစ္ ခံစားရႈျမင္ႏိုင္ပါတယ္။
မိဘေတြက သားသမီးေတြအေပၚ ေမတၱာတရား၊ ေပးဆပ္မႈနဲ႔ အေျခတည္ခဲ့ၾကျခင္းျဖစ္ၿပီး၊ မိမိ ခင္ပြန္း၊ ဇနီးမယား၊ အိမ္ေထာင္ဖက္အေပၚ ခ်စ္ျခင္းတရား၊ တပ္မက္မႈစတဲ့အခ်က္ေတြနဲ႔ စတင္ခဲ့ၾကျခင္း ျဖစ္တာေၾကာင့္ တစ္ဦးနဲ႔တစ္ဦး နားလည္မႈေတြ မတူညီကြဲျပားလာခ်ိန္မွာ ၿပိဳကြဲတတ္ၾကတာ သဘာဝ ပင္ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပ်က္ျပယ္သြားႏိုင္တဲ့ခ်စ္ျခင္းတရားကို မိဘေမတၱာတရားက လႊမ္းၿခဳံ အႏိုင္ယူေလ့ရွိစၿမဲပင္ ျဖစ္ပါတယ္။
အခ်စ္သစ္မွာေပ်ာ္႐ႊင္ေနၿပီျဖစ္ေၾကာင္း ဝိုင္းစုခိုင္သိန္း တရားဝင္ေဖာ္ျပလာ
႐ုပ္ရွင္သ႐ုပ္ေဆာင္ အဆိုေတာ္ ဝိုင္းစုခိုင္သိန္းက အခ်စ္သစ္မွာေပ်ာ္႐ႊင္ေနၿပီျဖစ္ေၾကာင္း သူရဲ႕ Facebook Myday ကေနတစ္ဆင့္ လက္ရွိခ်စ္သူနဲ႔ဓာတ္ပုံကို ထုတ္ေဖာ္အသိေပးခဲ့ပါတယ္။ ဝိုင္းစုခိုင္ သိန္းက “(၂၀၂၅)ခုႏွစ္အတြက္ ႏွစ္ေယာက္လုံးရဲ႕ႀကိဳးစားမႈပဲ၊ “New Condo in Rama9” ဆိုၿပီး ႏွစ္ဦး သား ထိုင္းႏိုင္ငံ ဘန္ေကာက္ ၿမိဳ႕မွာ ကြန္ဒိုဝယ္ယူခဲ့မႈျမင္ကြင္းကို တရားဝင္အသိေပးခဲ့တာပါ။ အခ်စ္ေရး ကံ ဘယ္ေလာက္ပင္ ဆိုး႐ြားလွပါေစ အခ်စ္သစ္မွာ အခ်စ္ခံေနရေၾကာင္းနဲ႔ ခ်စ္သူအသစ္နဲ႔ ႏွစ္ဦးသား ဘဝတည္ေဆာက္ဖို႔အတြက္လည္း ကြန္ဒိုတိုက္ခန္းတစ္ခန္းကို စတင္ဝယ္ယူလိုက္ၿပီျဖစ္ေၾကာင္း သူ႔ ပရိသတ္ေတြကို တရားဝင္အသိေပးခဲ့ျခင္းမ်ိဳးျဖစ္ကာ ၎တို႔ႏွစ္ဦးရဲ႕ ဘုရားသြား အလႉအတန္းျပဳလုပ္ပုံ ျမင္ကြင္းေတြကိုလည္း ေဖာ္ျပလ်က္ရွိပါတယ္။
ျမန္မာႏိုင္ငံမွာ ေတးစီရီးဘယ္ႏွေခြထုတ္ထုတ္၊ သီခ်င္းအသစ္ဘယ္အခ်ိန္ထြက္ထြက္ လူႀကိဳက္ မ်ားေအာင္ျမင္ေလ့ရွိတာ “ဝိုင္းစုခိုင္သိန္း” ျဖစ္တယ္လို႔ ဂီတအသိုင္းအဝိုင္း၊ ဂီတညီအစ္ကိုေမာင္ႏွမေတြ ကိုယ္တိုင္က မွတ္ခ်က္ျပဳၾကၿပီး သူရဲ႕ဂီတအႏုပညာစန္းကို လိုက္မမီဘူးလို႔လည္း ဆိုၾကျပန္ပါတယ္။ သူ႔ပရိသတ္ေတြကလည္း ဝိုင္းစုခိုင္သိန္းရဲ႕အတိတ္ပုံရိပ္ေဟာင္းေတြတင္မက လက္ရွိမွာလည္း သူရဲ႕ ေနထိုင္မႈ ပုံစံနဲ႔ပတ္သက္ၿပီး ေဝဖန္အပုပ္ခ်ေျပာဆိုေလ့မရွိၾကဘဲ ပရိသတ္ခ်စ္ျခင္းေမတၱာကို အခိုင္အ မာရရွိထားသူလို႔လည္း ဆိုႏိုင္ပါတယ္။ ဒီတစ္ေခါက္ သူေ႐ြးခ်ယ္လိုက္တဲ့အခ်စ္ေရးမွာလည္း သူ႔အတြက္ ေပ်ာ္႐ႊင္စိတ္ခ်မ္းေျမ့မႈေတြသာရရွိပါေစလို႔ ဆုေတာင္းေပးထားၾကတာကိုလည္း ေတြ႕ရပါတယ္။ ဝိုင္းစု ခိုင္သိန္း လက္ရွိခ်စ္သူက (၂၀၂၄) ခုႏွစ္အတြင္းက လူမႈကြန္ရက္ပလက္ေဖာင္းေပၚအထိပ်ံ႕ႏွံ႔ခဲ့ဖူးတဲ့ KTV အခန္းထဲ ရန္ျဖစ္ပြားမႈ႐ုပ္သံဖိုင္ထဲက အမ်ိဳးသားျဖစ္ေၾကာင္း မွတ္ခ်က္ျပဳထားပါတယ္။
အစီအစဥ္တင္ဆက္သူ ေကာင္းထက္ေဇာ္နဲ႔ သ႐ုပ္ေဆာင္ သီရိစိုးတို႔ၾကားက ျပႆနာ
အစီအစဥ္တင္ဆက္သူေကာင္းထက္ေဇာ္ရဲ႕ေမးျမန္းတင္ဆက္မႈအစီအစဥ္တစ္ခုကေနစတင္ လိုက္တဲ့ျပႆနာက အႏုပညာရွင္နဲ႔ တင္ဆက္သူၾကား နားလည္မႈလြဲမွားေစတဲ့ ျဖစ္စဥ္အျဖစ္ႀကဳံေတြ႕ ခဲ့ရၿပီး ၾကည့္ရႈသူလူအမ်ားက တင္ဆက္သူ ေကာင္းထက္ေဇာ္ကို အျပစ္ဖို႔ခဲ့ၾကတာပါ။ အဆိုပါ ကိစၥက လြန္ခဲ့တဲ့ (၂၀၂၄) ခုႏွစ္ ဇူလိုင္လပိုင္းက ကိစၥျဖစ္ေပမယ့္ အဲဒီအခ်ိန္ကလည္း ေဖ့စ္ဘြတ္ခ္၊ တစ္ေတာ့ လူမႈကြန္ရက္တစ္ခြင္မွာ ေကာင္းထက္ေဇာ္က မ်ားစြာေျပာဆိုေဝဖန္ခံခဲ့ရပါတယ္။ အခုတစ္ဖန္ အႏုပညာ မီဒီယာေတြရဲ႕ႏႈိးဆြမႈေၾကာင့္ ျပႆနာတစ္ရပ္အျဖစ္ အစျပန္ေပၚေစခဲ့ပါတယ္။
ေကာင္းထက္ေဇာ္ ဦးစီေဆာင္႐ြက္တဲ့အစီအစဥ္မွာ ၿဖိဳးေငြစိုး၊ ရဲေငြစိုး၊ သီရိစိုးတို႔ေမာင္ႏွမသုံးဦး ကို အင္တာဗ်ဴးခ်ိန္ကျဖစ္ပ်က္ခဲ့တဲ့အေျခအေနနဲ႔ပတ္သက္ၿပီး အႏုပညာ မီဒီယာေတြက ျပန္လည္ ေမးျမန္းခဲ့ရာ တင္ဆက္သူ ေကာင္းထက္ေဇာ္က “ကိုၿဖိဳးေငြစိုးတို႔မိသားစုကို ေခၚမယ္လို႔ေတာင္ ကြၽန္ ေတာ္မသိဘူး။ ၿဖိဳးေငြစိုးနဲ႔အင္တာဗ်ဴးဖို႔လို႔ စဥ္းစားထားတာ။ ပ႐ိုဂ်ဴဆာက မိသားစုနဲ႔အတူေခၚလိုက္ တာတဲ့။ အိုင္ဒီယာတစ္မ်ိဳးေလးေကာင္းသြားလိမ့္မယ္ဆိုၿပီးေတာ့ေျပာတယ္။ အဲဒီေတာ့မွ မိသားစုအေန နဲ႔ပဲ စကားေျပာတာမ်ိဳးပါ။ ကြၽန္ေတာ္ကလည္း မသိရင္ မသိဘူးေျပာတာပါ။ အစကတည္းက စိတ္မဝင္ စားတဲ့အေၾကာင္းအရာဆိုရင္ တကယ္လည္းမေလ့လာဘူး” လို႔ တုံ႔ျပန္ေျဖၾကားခဲ့ျခင္းမ်ိဳးျဖစ္ပါတယ္။ ၎ရဲ႕ေျဖၾကားမႈ မီဒီယာစာမ်က္ႏွာထက္ေဖာ္ျပခံရၿပီးေနာက္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္သီရိစိုးက ၎တို႔ အေပၚ ေစာ္ကားေျပာဆိုခ်က္တစ္ခုအျဖစ္ရႈျမင္ခဲ့ၿပီး စီစဥ္ေဆာင္႐ြက္သူေတြရဲ႕ညံ့ဖ်င္းမႈ တာဝန္ယူမႈ တာဝန္ခံမႈ ေပါ့ေလ်ာ့မႈေတြကို ေထာက္ျပခဲ့ပါတယ္။ အစ္ကိုျဖစ္သူ ၿဖိဳးေငြစိုးရဲ႕ပုံရိပ္ကို ၎တို႔ေမာင္ႏွမ ႏွစ္ဦးက အမွီျပဳကာ လူစိတ္ဝင္စားျခင္းခံရေအာင္ လုပ္ေဆာင္ျခင္းမ်ိဳးမရွိတဲ့အျပင္ ကိုယ့္ကို မဖိတ္ၾကား ထားတဲ့ အစီအစဥ္ကို ကပ္ပါးအျဖစ္ လိုက္တက္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း အတိအလင္းေျပာဆိုခဲ့တာပါ။ ပြဲစီစဥ္သူ အမ်ိဳးသမီးကိုယ္တိုင္က သူ႔ထံဆက္သြယ္ခဲ့ျခင္းျဖစ္ကာ အစ္ကိုျဖစ္သူေတြနဲ႔ တြဲဖက္ အင္တာ ဗ်ဴး ေျဖေပးေစလိုေၾကာင္းကမ္းလွမ္းခဲ့တာေၾကာင့္ ပါဝင္ခဲ့ျခင္းမ်ိဳးျဖစ္တယ္လို႔ တုံ႔ျပန္ေျပာဆိုခဲ့တာပါ။ သီရိစိုးက “ကိုၿဖိဳးေငြစိုးေနာက္လိုက္လာၿပီး attention ယူရေအာင္လည္း ကေလးလည္းမဟုတ္။ ကိုယ့္ စကား ဘယ္အက်ယ္ထိေရာက္လည္းပဲ စဥ္းစားေစခ်င္တယ္။ program တစ္ခုကို တင္ဆက္ေနတယ္ ဆိုရင္ ကိုယ့္ ေအာက္ကလူေတြ ဘာစီစဥ္ထားတယ္ဆိုတာ ကိုယ့္အခ်င္းခ်င္းျပန္ၿပီး meeting ထိုင္ၾက ပါဦး။ ပါလာမွန္းမသိဘူးဆိုေတာ့ ကြၽန္မတို႔က party crusher ေတြလား” ဆိုၿပီး ေမးခြန္းထုတ္ထား တာပါ။ ေကာင္းထက္ေဇာ္ Host အျဖစ္စီစဥ္ေဆာင္႐ြက္တဲ့ Good Night Show အစီအစဥ္မွာ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ၿဖိဳးေငြစိုး၊ အဆိုေတာ္ ရဲေငြစိုးနဲ႔ သ႐ုပ္ေဆာင္ သီရိစိုးတို႔ေမာင္ႏွမသုံးဦးပါဝင္ေပးခဲ့ျခင္းျဖစ္ ၿပီး၊ (၂၀၂၄) ခုႏွစ္ ဇူလိုင္လက ထုတ္လႊင့္ျပသခဲ့ျခင္းျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။