ဘုရားသုံးဆူမြို့အတွင်း၌ လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသော တရုတ်လူမျိုးများ အမြန်ဆုံးထွက်ခွာရန် နှင့် တရားမဝင် ထပ်မံဝင်ရောက်မှုမရှိစေရန် တားမြစ်သွားမည်ဟု DKBA ပြော
![](/img/icon_eye.svg)
610
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a88e527655c4783037f68a/banner-67a88e527655c4783037f68a-x800.jpg)
Pearl (NP News) - ဖေဖော်ဝါရီ ၉
ဘုရားသုံးဆူမြို့အတွင်း၌ လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသော တရုတ်လူမျိုးများအနေဖြင့် မြို့မှ အမြန်ဆုံးထွက်ခွာရန်နှင့် တရားမဝင်ထပ်မံဝင်ရောက်မှု မရှိစေရန် ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာက ယနေ့ (ဖေဖော်ဝါရီ ၉ ရက်)တွင် ထုတ်ပြန်ထားသည်။
ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်မြို့များ သို့ လျှပ်စစ်မီးနှင့်လောင်စာဆီ တင်ပို့ခြင်းတို့ကို ၂၀၂၅ ခု နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ဖြတ်တောက်ခဲ့သဖြင့် ဘုရားသုံးဆူမြို့နေ ပြည်သူများက လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဆက်နွယ်သော လူမှုစီးပွား ထိခိုက်နစ်နာမှုများကို ခံစားနေရကြောင်း DKBA က ပြောသည်။
ထို့ကြောင့် ဘုရားသုံးဆူမြို့အတွင်း၌ တရားမဝင် သွန်းလိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများနှင့် အွန် လိုင်း လောင်းကစားလုပ်ငန်းများ လာရောက်အခြေချ လုပ်ဆောင်နိုင်ခြင်းမရှိစေရန်နှင့် မြို့နေပြည်သူများ လူမှုစီးပွါး ထိခိုက်နစ်နာမှုများ လျော့ပါးသက်သာစေရန် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း DKBA က ဆက်လက် ပြောသည်။
ထို့ပြင် ဘုရားသုံးဆူမြို့အတွင်း၌ တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန် ရောင်းချခြင်းလုပ်ငန်းများ၊ ကာစီနို လောင်းကစားလုပ်ငန်းများနှင့် ဂိမ်းရုံများ လုပ်ကိုင်နေကြသော တရုတ်လူမျိုးများအနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်မီ ဘုရားသုံးဆူ မြို့မှအမြန်ဆုံးထွက်ခွာရန်နှင့် လိုက်နာမှု မရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ဘုရားသုံးဆူမြို့အတွင်းသို့ တရုတ်လူမျိုးများ တရားမဝင်ထပ်မံဝင်ရောက်မှု မရှိစေရန် ထိရောက်စွာ ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်းလည်း DKBA က ပြောသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a88e527655c4783037f68a/body-image-67a88e527655c4783037f68a-0.jpg)
Zawgyi Version:
ဘုရားသုံးဆူၿမိဳ႕အတြင္း၌ ေလာင္းကစားလုပ္ငန္း လုပ္ကိုင္ေနေသာ တ႐ုတ္လူမ်ိဳးမ်ား အျမန္ဆုံးထြက္ခြာရန္ ႏွင့္ တရားမဝင္ ထပ္မံဝင္ေရာက္မႈမရွိေစရန္ တားျမစ္သြားမည္ဟု DKBA ေျပာ
Pearl (NP News) - ေဖေဖာ္ဝါရီ ၉
ဘုရားသုံးဆူၿမိဳ႕အတြင္း၌ ေလာင္းကစားလုပ္ငန္း လုပ္ကိုင္ေနေသာ တ႐ုတ္လူမ်ိဳးမ်ားအေနျဖင့္ ၿမိဳ႕မွ အျမန္ဆုံးထြက္ခြာရန္ႏွင့္ တရားမဝင္ထပ္မံဝင္ေရာက္မႈ မရွိေစရန္ ပိတ္ပင္တားျမစ္သြားမည္ျဖစ္ေၾကာင္း ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ (DKBA) အမွတ္ (၂) နည္းဗ်ဴဟာက ယေန႔ (ေဖေဖာ္ဝါရီ ၉ ရက္)တြင္ ထုတ္ျပန္ထားသည္။
ထိုင္း-ျမန္မာနယ္စပ္တြင္ တရားမဝင္ အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစား လုပ္ငန္းမ်ားကို တိုက္ဖ်က္ရန္အတြက္ ထိုင္းႏိုင္ငံအစိုးရက ဘုရားသုံးဆူၿမိဳ႕အပါအဝင္ နယ္စပ္ၿမိဳ႕မ်ား သို႔ လွ်ပ္စစ္မီးႏွင့္ေလာင္စာဆီ တင္ပို႔ျခင္းတို႔ကို ၂၀၂၅ ခု ႏွစ္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွ စတင္ျဖတ္ေတာက္ခဲ့သျဖင့္ ဘုရားသုံးဆူၿမိဳ႕ေန ျပည္သူမ်ားက လွ်ပ္စစ္မီးျပတ္ေတာက္မႈႏွင့္ ဆက္ႏြယ္ေသာ လူမႈစီးပြား ထိခိုက္နစ္နာမႈမ်ားကို ခံစားေနရေၾကာင္း DKBA က ေျပာသည္။
ထို႔ေၾကာင့္ ဘုရားသုံးဆူၿမိဳ႕အတြင္း၌ တရားမဝင္ သြန္းလိုင္းေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ားႏွင့္ အြန္ လိုင္း ေလာင္းကစားလုပ္ငန္းမ်ား လာေရာက္အေျခခ် လုပ္ေဆာင္ႏိုင္ျခင္းမရွိေစရန္ႏွင့္ ၿမိဳ႕ေနျပည္သူမ်ား လူမႈစီးပြါး ထိခိုက္နစ္နာမႈမ်ား ေလ်ာ့ပါးသက္သာေစရန္ အစြမ္းကုန္ ႀကိဳးပမ္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း DKBA က ဆက္လက္ ေျပာသည္။
ထို႔ျပင္ ဘုရားသုံးဆူၿမိဳ႕အတြင္း၌ တရားမဝင္ ဝင္ေရာက္ကာ စားေသာက္ကုန္ ေရာင္းခ်ျခင္းလုပ္ငန္းမ်ား၊ ကာစီႏို ေလာင္းကစားလုပ္ငန္းမ်ားႏွင့္ ဂိမ္း႐ုံမ်ား လုပ္ကိုင္ေနၾကေသာ တ႐ုတ္လူမ်ိဳးမ်ားအေနျဖင့္ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ မတိုင္မီ ဘုရားသုံးဆူ ၿမိဳ႕မွအျမန္ဆုံးထြက္ခြာရန္ႏွင့္ လိုက္နာမႈ မရွိပါက ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အလားတူ ဘုရားသုံးဆူၿမိဳ႕အတြင္းသို႔ တ႐ုတ္လူမ်ိဳးမ်ား တရားမဝင္ထပ္မံဝင္ေရာက္မႈ မရွိေစရန္ ထိေရာက္စြာ ပိတ္ပင္တားျမစ္သြားမည္ျဖစ္ေၾကာင္းလည္း DKBA က ေျပာသည္။