၂ဝ၂၄ ခုနှစ်အတွက် နေတိုး နှင့် ဝတ်မှုံရွှေရည်တို့က အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ကြ

 9290

အိဖြူ (NP News) - ဖေဖော်ဝါရီ ၉

၂ဝ၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ညနေ ၅ နာရီမှစ၍ နေပြည်တော်ရှိ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန(၁) ရှိ MICC-1 တွင် ကျင်းပခဲ့ကြသည်။
၂ဝ၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ကိုယ်တိုင် ဂုဏ်ပြုတက်ရောက်ခဲ့ကြကာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်တကွ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရုပ်ရှင်၊ သဘင် နှင့် ဂီတအစည်းအရုံးများမှ အသိပညာရှင် အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အကယ်ဒမီရွှေစင်ရုပ်ထုအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် မိန့်ခွန်းအမှာစကားပြော ကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် စည်သူ ကြည်စိုးထွန်းကလည်း နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂ဝ၂၄ ခုနှစ် အတွက် ရွေးချယ်ထားသည့် အကယ်ဒမီရွှေကြိုမောင်မယ်များအား မိတ်ဆက်ခဲ့ကြပြီး၊ ကြွရောက်လာသော အကြီးအကဲများ၊ အနုပညာရှင်၊ အတတ်ပညာရှင်များအား မြန်မာ့အကအလှများ၊ တေးသီချင်းများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်တသက်တာဆုရရှိသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖွင့်ဖောက်ကြေညာခဲ့ရာ ၂ဝ၂၄ ခုနှစ်အတွက် ရုပ်ရှင်တသက်တာဆုကို မြန်မာနိုင်ငံရုပ်ရှင် မောင်မယ်သင်တန်း၏ ပထမဆုံးသင်တန်းသားဖြစ်သူ မင်းသားကြီး ဦးကြည်စိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ဒါရိုက်တာ ဦးနှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု တို့က ရရှိခဲ့သည်။
ရုပ်ရှင်တစ်သက်တာ ဆုရရှိသူ အနုပညာရှင်ကြီး(၄) ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဆုတံဆိပ်များ ကိုယ်တိုင်ချီးမြှင့်ခဲ့ ကြသည်။

“အကယ်ဒမီရွှေစင်ရုပ်ထု ၃ ဆု ရှိခဲ့ပါတယ်။ ရုပ်ရှင်တစ်သက်တာဆုကတော့ တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာကို အသက်ထက်မနည်း ချစ်မြတ်နိုးသူဖြစ်တာကြောင့် အသက်ရှိသရွေ့ရုပ်ရှင်အနုပညာကို ချစ်မြတ်နိုးသွားမှာဖြစ်ကြောင်း” ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေက ကြည်နူးပြုံးပျော်စွာ ပြောကြားခဲ့သည်။
“ပျော်သွားပါပြီရှင်။ ဒီဆုကြီးကို ကိုင်ထားမှာ။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု ကလည်း မာန်လျော့မနေခဲ့ဘဲ ဝမ်းသာပျော်ရွှင်စွာပြောကြားခဲ့သည်။

၂ဝ၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “နှောင်” ဇာတ်ကားဖြင့် နေတိုး၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို “တိမ်ပန်းချီ” ဇာတ်ကားဖြင့် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို "မီး" ဇာတ်ကားဖြင့် အေးချမ်းမောင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို "ဘိုးတော် ကင်း" ဇာတ်ကားဖြင့် ခြူးလေး၊ အကောင်းဆုံးဒါရိုက်တာဆုကို " အိပ်မက်ကာရန်" ဇာတ်ကားဖြင့် ဒါရိုက်တာ ဝင်းလွင်ထက်၊ အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆုကို “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ဇာတ်ကားဖြင့် ကောင်းဇံ၊ အကောင်းဆုံးရုပ်ရှင် တေးဂီတဆုကို “အိပ်မက်ကာရန်” ဇာတ်ကားဖြင့် ဓီရာမိုရ်၊ အကောင်းဆုံးဇာတ်ညွှန်းဆုကို "တိမ်ပန်းချီ" ဇာတ်ကားဖြင့် အေးသီရိကို၊ ရုပ်ရှင်မိတ်ကပ် အထူးဆု ကို "နှောင်" ဇာတ်ကားဖြင့်လုံလုံ(လင်္ကာဒီပ)၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို "နှောင်" ဇာတ်ကားဖြင့် အာကာကျော်၊ အကောင်းဆုံးရုပ်ရှင်အသံဆုကို မီး" ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့် ရဲဝင်း၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ လျှင်" ဇာတ်ကားတို့က ထိုက်တန်စွာရရှိခဲ့ကြသည်။

ထို့ပြင် အကယ်ဒမီပွဲအခမ်းအနားသို့တက်ရောက်လာသည့် အနုပညာရှင်များထဲမှ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု (အကြီးတန်း) ဆုကို အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှု (အကြီးတန်း) ဆုကို စိုးမိုးကြည်၊ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု (အငယ်တန်း) ဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုဆု (အငယ်တန်း) ဆုကို နန်းဆုရတီစိုးတို့က ရရှိခဲ့ကြသည်။ ပွဲတက်ဖက်ရှင်ဆုရရှိသူများကို အမှတ်တရ ဆုတံဆိပ်အပြင် ကျပ်သိန်း(၃၀) အပါအဝင်
စိန်နန်းတော်မှ စိန်လက်စွပ် တစ်ကွင်းစီ ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာတွင် ရုပ်ရှင်တစ်သက်တာဆု (၄) ဆု၊ အကယ်ဒမီ ရွှေစင်ရုပ်ထု စုစုပေါင်း ( ၁၂) ဆု၊ ပွဲတက်ဖက်ရှင်ဆု (၄) ဆု၊ စုစုပေါင်း (၂ဝ) ဆု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရ သည်။
၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားစုစုပေါင်း (၄၉) ကား ရှိသည့်အနက် နောက်ဆုံး ဆန်ခါတင်စာရင်းဝင် (၁၈) ကားထဲမှ အကဲဖြတ် ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုများကို ၁၉၅၂ ခုနှစ်မှ စတင်ကာ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
၂ဝ၂၄ ခုႏွစ္အတြက္ ေနတိုး ႏွင့္ ဝတ္မႈံေ႐ႊရည္တို႔က အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု ႏွင့္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုတို႔ကို ရရွိခဲ့ၾက
အိျဖဴ (NP News) - ေဖေဖာ္ဝါရီ ၉

၂ဝ၂၄ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ယေန႔ ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၉ ရက္ ညေန ၅ နာရီမွစ၍ ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံအျပည္ျပည္ဆိုင္ရာကြန္ဗန္းရွင္းဗဟိုဌာန(၁) ရွိ MICC-1 တြင္ က်င္းပခဲ့ၾကသည္။
၂ဝ၂၄ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ကိုယ္တိုင္ ဂုဏ္ျပဳတက္ေရာက္ခဲ့ၾကကာ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီး ခ်ဳပ္ ဦးစိုးသိန္းႏွင့္တကြ သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား၊ ႐ုပ္ရွင္၊ သဘင္ ႏွင့္ ဂီတအစည္းအ႐ုံးမ်ားမွ အသိပညာရွင္ အတတ္ပညာရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။
ပြဲအခမ္းအနားကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ အကယ္ဒမီေ႐ႊစင္႐ုပ္ထုအား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးခဲ့ၿပီးေနာက္ မိန႔္ခြန္းအမွာစကားေျပာ ၾကားခဲ့သည္။
ဆက္လက္၍ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ အကယ္ဒမီမ်ားရွင္ စည္သူ ၾကည္စိုးထြန္းကလည္း ႏႈတ္ခြန္း ဆက္စကားေျပာၾကားခဲ့သည္။
ဆက္လက္၍ ၂ဝ၂၄ ခုႏွစ္ အတြက္ ေ႐ြးခ်ယ္ထားသည့္ အကယ္ဒမီေ႐ႊႀကိဳေမာင္မယ္မ်ားအား မိတ္ဆက္ခဲ့ၾကၿပီး၊ ႂကြေရာက္လာေသာ အႀကီးအကဲမ်ား၊ အႏုပညာရွင္၊ အတတ္ပညာရွင္မ်ားအား ျမန္မာ့အကအလွမ်ား၊ ေတးသီခ်င္းမ်ားႏွင့္ ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကသည္။

ထို႔ေနာက္ ၂၀၂၄ ခုႏွစ္အတြက္ ႐ုပ္ရွင္တသက္တာဆုရရွိသူမ်ားကို ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ဖြင့္ေဖာက္ေၾကညာခဲ့ရာ ၂ဝ၂၄ ခုႏွစ္အတြက္ ႐ုပ္ရွင္တသက္တာဆုကို ျမန္မာႏိုင္ငံ႐ုပ္ရွင္ ေမာင္မယ္သင္တန္း၏ ပထမဆုံးသင္တန္းသားျဖစ္သူ မင္းသားႀကီး ဦးၾကည္စိုး၊ ထပ္ဆင့္အကယ္ဒမီ ဝါဝါဝင္းေ႐ႊ၊ ဒါ႐ိုက္တာ ဦးႏွင္းမိုး၊ ထပ္ဆင့္အကယ္ဒမီ ခင္သန္းႏု တို႔က ရရွိခဲ့သည္။
႐ုပ္ရွင္တစ္သက္တာ ဆုရရွိသူ အႏုပညာရွင္ႀကီး(၄) ဦးအား ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔က ဆုတံဆိပ္မ်ား ကိုယ္တိုင္ခ်ီးျမႇင့္ခဲ့ ၾကသည္။

“အကယ္ဒမီေ႐ႊစင္႐ုပ္ထု ၃ ဆု ရွိခဲ့ပါတယ္။ ႐ုပ္ရွင္တစ္သက္တာဆုကေတာ့ တန္ဖိုးအႀကီးဆုံးျဖစ္ပါတယ္။ ႐ုပ္ရွင္အႏုပညာကို အသက္ထက္မနည္း ခ်စ္ျမတ္ႏိုးသူျဖစ္တာေၾကာင့္ အသက္ရွိသေ႐ြ႕႐ုပ္ရွင္အႏုပညာကို ခ်စ္ျမတ္ႏိုးသြားမွာျဖစ္ေၾကာင္း” ထပ္ဆင့္အကယ္ဒမီ ဝါဝါဝင္းေ႐ႊက ၾကည္ႏူးၿပဳံးေပ်ာ္စြာ ေျပာၾကားခဲ့သည္။
“ေပ်ာ္သြားပါၿပီရွင္။ ဒီဆုႀကီးကို ကိုင္ထားမွာ။ အားလုံးကို ေက်းဇူးတင္ပါတယ္” လို႔ ထပ္ဆင့္အကယ္ဒမီ ခင္သန္းႏု ကလည္း မာန္ေလ်ာ့မေနခဲ့ဘဲ ဝမ္းသာေပ်ာ္႐ႊင္စြာေျပာၾကားခဲ့သည္။

၂ဝ၂၄ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို “ေႏွာင္” ဇာတ္ကားျဖင့္ ေနတိုး၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို “တိမ္ပန္းခ်ီ” ဇာတ္ကားျဖင့္ ထပ္ဆင့္အကယ္ဒမီ ဝတ္မႈံေ႐ႊရည္၊ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို "မီး" ဇာတ္ကားျဖင့္ ေအးခ်မ္းေမာင္၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို "ဘိုးေတာ္ ကင္း" ဇာတ္ကားျဖင့္ ျခဴးေလး၊ အေကာင္းဆုံးဒါ႐ိုက္တာဆုကို " အိပ္မက္ကာရန္" ဇာတ္ကားျဖင့္ ဒါ႐ိုက္တာ ဝင္းလြင္ထက္၊ အေကာင္းဆုံး႐ုပ္ရွင္ဓါတ္ပုံဆုကို “ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္” ဇာတ္ကားျဖင့္ ေကာင္းဇံ၊ အေကာင္းဆုံး႐ုပ္ရွင္ ေတးဂီတဆုကို “အိပ္မက္ကာရန္” ဇာတ္ကားျဖင့္ ဓီရာမိုရ္၊ အေကာင္းဆုံးဇာတ္ၫႊန္းဆုကို "တိမ္ပန္းခ်ီ" ဇာတ္ကားျဖင့္ ေအးသီရိကို၊ ႐ုပ္ရွင္မိတ္ကပ္ အထူးဆု ကို "ေႏွာင္" ဇာတ္ကားျဖင့္လုံလုံ(လကၤာဒီပ)၊ အေကာင္းဆုံး႐ုပ္ရွင္တည္းျဖတ္ဆုကို "ေႏွာင္" ဇာတ္ကားျဖင့္ အာကာေက်ာ္၊ အေကာင္းဆုံး႐ုပ္ရွင္အသံဆုကို မီး" ဇာတ္ကားျဖင့္ ေအာင္မ်ိဳးျမတ္ႏွင့္ ရဲဝင္း၊ အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ကားဆုကို "ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့ လွ်င္" ဇာတ္ကားတို႔က ထိုက္တန္စြာရရွိခဲ့ၾကသည္။

ထို႔ျပင္ အကယ္ဒမီပြဲအခမ္းအနားသို႔တက္ေရာက္လာသည့္ အႏုပညာရွင္မ်ားထဲမွ အေကာင္းဆုံးအမ်ိဳးသား ဝတ္စားဆင္ယင္မႈ (အႀကီးတန္း) ဆုကို အကယ္ဒမီမ်ားရွင္ ရန္ေအာင္၊ အေကာင္းဆုံးအမ်ိဳးသမီး ဝတ္စားဆင္ယင္မႈ (အႀကီးတန္း) ဆုကို စိုးမိုးၾကည္၊ အေကာင္းဆုံးအမ်ိဳးသား ဝတ္စားဆင္ယင္မႈ (အငယ္တန္း) ဆုကို ထက္ေအာင္ရႈိင္း၊ အေကာင္းဆုံးအမ်ိဳးသမီးဝတ္စားဆင္ယင္မႈဆု (အငယ္တန္း) ဆုကို နန္းဆုရတီစိုးတို႔က ရရွိခဲ့ၾကသည္။ ပြဲတက္ဖက္ရွင္ဆုရရွိသူမ်ားကို အမွတ္တရ ဆုတံဆိပ္အျပင္ က်ပ္သိန္း(၃၀) အပါအဝင္
စိန္နန္းေတာ္မွ စိန္လက္စြပ္ တစ္ကြင္းစီ ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

၂၀၂၄ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္ရာတြင္ ႐ုပ္ရွင္တစ္သက္တာဆု (၄) ဆု၊ အကယ္ဒမီ ေ႐ႊစင္႐ုပ္ထု စုစုေပါင္း ( ၁၂) ဆု၊ ပြဲတက္ဖက္ရွင္ဆု (၄) ဆု၊ စုစုေပါင္း (၂ဝ) ဆု ခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရ သည္။
၂၀၂၄ ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့သည့္ ျမန္မာ့႐ုပ္ရွင္ဇာတ္ကားစုစုေပါင္း (၄၉) ကား ရွိသည့္အနက္ ေနာက္ဆုံး ဆန္ခါတင္စာရင္းဝင္ (၁၈) ကားထဲမွ အကဲျဖတ္ ေ႐ြးခ်ယ္ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုမ်ားကို ၁၉၅၂ ခုႏွစ္မွ စတင္ကာ ေပးအပ္ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.